ကိုဗစ်ကာကွယ်ဆေး ဝယ်ယူဖို့ နှစ်ဖက်သဘောတူစာချုပ်မှာ အိန္ဒိယနဲ့ မြန်မာတို့ လက်မှတ်ထိုးပြီ

ကိုဗစ္ကာကြယ္ေဆး ဝယ္ယူဖို႔ ႏွစ္ဖက္သေဘာတူစာခ်ဳပ္မွာ အိႏၵိယနဲ႔ ျမန္မာတို႔ လက္မွတ္ထိုးၿပီ

က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနမွ ကိုယ္စားလွယ္အဖြဲ႕ႏွင့္ Serum Institute တို႔အၾကား ကိုဗစ္ ကာကြယ္ေဆး ဝယ္ယူေရး နားလည္မွုစာခၽြန္လႊာအား Virtual ျဖင့္ ယေန႔တြင္ လက္မွတ္ေရးထိုးလိုက္ၿပီျဖစ္ေၾကာင္း အိႏၵိယနိုင္ငံဆိုင္ရာ ျမန္မာသံ႐ုံးက ေၾကညာလိုက္ပါတယ္။

ကိုဗစ္ကာကြယ္ ေဆးရရွိနိုင္ရန္အတြက္ အိႏၵိယနိုင္ငံသို႔ ေရာက္ရွိေနသည့္ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန၊ ေဆးသုေတသနဦးစီးဌာနမွ ညႊန္ၾကားေရးမွူးခ်ဳပ္ ပါေမာကၡေဒါက္တာေဇာ္သန္းထြန္း ဦးေဆာင္သည့္ နည္းပညာကိုယ္စားလွယ္အဖြဲ႕ႏွင့္အတူ အိႏၵိယနိုင္ငံဆိုင္ရာ ျမန္မာသံအမတ္ႀကီး ဦးမိုးေက်ာ္ေအာင္တို႔သည္ ဒီဇင္ဘာလ ၂၁ ရက္ေန႔တြင္ အိႏၵိယ ေဆးသုေတသနေကာင္စီ (ICMR) ေခတၱညႊန္ၾကားေရးမွူးခ်ဳပ္ Dr. Samiran Panda ႏွင့္ က်န္းမာေရး ႏွင့္ လူမွုဖူလုံေရးဝန္ႀကီးဌာန၊ က်န္းမာေရးသုေတသနဌာန၊ Joint Secretary Mrs. Anu Nagar တို႔ အားလည္းေကာင္း၊

ဒီဇင္ဘာလ ၂၂ ရက္ေန႔တြင္ က်န္းမာေရးႏွင့္ လူမွုဖူလုံေရး ဝန္ႀကီးဌာန၊ ဇီဝနည္းပညာဌာန၊ Joint Secretary Dr. Renu Swarup၊ အိႏၵိယ ျပည္ပေရးရာ ဝန္ႀကီးဌာန၊ Additional Secretary (International Organization) H.E. Shri Vinay Kumar ၊ Joint Secretary (Bangladesh-Myanmar Division) H.E. Smt. Smita Pant၊ National Institution for Transforming India (NITI Ayog) အဖြဲ႕ဝင္ Professor, Dr. V.K. Paul ႏွင့္ အိႏၵိယ ေဆးဝါးထိန္းခ်ဳပ္မွုဗဟို (DCGI) Drugs Controller General Dr. V. G. Somani တို႔ထံ သြားေရာက္ ေတြ႕ဆုံေဆြးေႏြးခဲ့ျခင္းမ်ားျပဳလုပ္ၿပီးေနာက္

ယေန႔တြင္ သံအမတ္ႀကီး၏ ေနအိမ္၊ ျမန္မာေဂဟာရွိ အစည္းအေဝးခန္းမ တြင္ က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနမွ ကိုယ္စားလွယ္အဖြဲ႕ႏွင့္ Serum Institute တို႔အၾကား ကိုဗစ္ကာကြယ္ေဆး ဝယ္ယူေရး နားလည္မွုစာခၽြန္လႊာအား Virtual ျဖင့္ လဲလွယ္၍ လက္မွတ္ေရးထိုးခဲ့ျခင္းျဖစ္သည္။ အဆိုပါ နားလည္မွုစာခၽြန္လႊာတြင္ ျမန္မာသံ႐ုံးမွ သံမွူးႀကီး ဦးေအာင္ေအာင္မ်ိဳးသိမ္းမွ သက္ေသအျဖစ္ ပါဝင္လက္မွတ္ေရးထိုးခဲ့ေၾကာင္း သံ႐ုံးကဆိုပါတယ္။

အိႏၵိယအစိုးရတာဝန္ရွိသူမ်ားႏွင့္ေတြ႕ဆုံရာ၌ ၂၀၂၁ ခုႏွစ္ အေစာပိုင္းတြင္ပင္ အိႏၵိယအစိုးရထံမွ G-to-G အစီအစဥ္ျဖင့္ ကိုဗစ္ကာကြယ္ေဆး ရရွိနိုင္မွုႏွင့္ အိႏၵိယ ေဆးကုမၸဏီ Serum Institute မွ ေဆးဝယ္ယူနိုင္မွုတို႔ႏွင့္စပ္လ်ဥ္း၍ ေဆြးေႏြးခဲ့ေၾကာင္းလည္း သံ႐ုံးက ေျပာပါတယ္။

ကိုဗစ္ကာကြယ္ေဆးရရွိေရးအတြက္ ျမန္မာအစိုးရက ဆက္တိုက္ႀကိဳးပမ္းေနရာတြင္ အိႏၵိယသံအမတ္ႀကီးႏွင့္ ေတြ႕ဆုံေဆြးေႏြးျခင္း၊ အိႏၵိယသို႔ အစိုးရကိုယ္စားလွယ္ေစလႊတ္ကာ အိႏၵိယအစိုးရတာဝန္ရွိသူမ်ားႏွင့္ ေတြ႕ဆုံေဆြးေႏြးျခင္းမ်ား ျပဳလုပ္ခဲ့သည္ကို ေတြ႕ရပါတယ္။

———-

ကိုဗစ်ကာကွယ်ဆေး ဝယ်ယူဖို့ နှစ်ဖက်သဘောတူစာချုပ်မှာ အိန္ဒိယနဲ့ မြန်မာတို့ လက်မှတ်ထိုးပြီ

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ကိုယ်စားလှယ်အဖွဲ့နှင့် Serum Institute တို့အကြား ကိုဗစ် ကာကွယ်ဆေး ဝယ်ယူရေး နားလည်မှုစာချွန်လွှာအား Virtual ဖြင့် ယနေ့တွင် လက်မှတ်ရေးထိုးလိုက်ပြီဖြစ်ကြောင်း အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ကြေညာလိုက်ပါတယ်။

ကိုဗစ်ကာကွယ် ဆေးရရှိနိုင်ရန်အတွက် အိန္ဒိယနိုင်ငံသို့ ရောက်ရှိနေသည့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဆေးသုတေသနဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာဇော်သန်းထွန်း ဦးဆောင်သည့် နည်းပညာကိုယ်စားလှယ်အဖွဲ့နှင့်အတူ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင်တို့သည် ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် အိန္ဒိယ ဆေးသုတေသနကောင်စီ (ICMR) ခေတ္တညွှန်ကြားရေးမှူးချုပ် Dr. Samiran Panda နှင့် ကျန်းမာရေး နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန၊ ကျန်းမာရေးသုတေသနဌာန၊ Joint Secretary Mrs. Anu Nagar တို့ အားလည်းကောင်း၊

ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ကျန်းမာရေးနှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန၊ ဇီဝနည်းပညာဌာန၊ Joint Secretary Dr. Renu Swarup၊ အိန္ဒိယ ပြည်ပရေးရာ ဝန်ကြီးဌာန၊ Additional Secretary (International Organization) H.E. Shri Vinay Kumar ၊ Joint Secretary (Bangladesh-Myanmar Division) H.E. Smt. Smita Pant၊ National Institution for Transforming India (NITI Ayog) အဖွဲ့ဝင် Professor, Dr. V.K. Paul နှင့် အိန္ဒိယ ဆေးဝါးထိန်းချုပ်မှုဗဟို (DCGI) Drugs Controller General Dr. V. G. Somani တို့ထံ သွားရောက် တွေ့ဆုံဆွေးနွေးခဲ့ခြင်းများပြုလုပ်ပြီးနောက်

ယနေ့တွင် သံအမတ်ကြီး၏ နေအိမ်၊ မြန်မာဂေဟာရှိ အစည်းအဝေးခန်းမ တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ကိုယ်စားလှယ်အဖွဲ့နှင့် Serum Institute တို့အကြား ကိုဗစ်ကာကွယ်ဆေး ဝယ်ယူရေး နားလည်မှုစာချွန်လွှာအား Virtual ဖြင့် လဲလှယ်၍ လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။ အဆိုပါ နားလည်မှုစာချွန်လွှာတွင် မြန်မာသံရုံးမှ သံမှူးကြီး ဦးအောင်အောင်မျိုးသိမ်းမှ သက်သေအဖြစ် ပါဝင်လက်မှတ်ရေးထိုးခဲ့ကြောင်း သံရုံးကဆိုပါတယ်။

အိန္ဒိယအစိုးရတာဝန်ရှိသူများနှင့်တွေ့ဆုံရာ၌ ၂၀၂၁ ခုနှစ် အစောပိုင်းတွင်ပင် အိန္ဒိယအစိုးရထံမှ G-to-G အစီအစဉ်ဖြင့် ကိုဗစ်ကာကွယ်ဆေး ရရှိနိုင်မှုနှင့် အိန္ဒိယ ဆေးကုမ္ပဏီ Serum Institute မှ ဆေးဝယ်ယူနိုင်မှုတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြောင်းလည်း သံရုံးက ပြောပါတယ်။

ကိုဗစ်ကာကွယ်ဆေးရရှိရေးအတွက် မြန်မာအစိုးရက ဆက်တိုက်ကြိုးပမ်းနေရာတွင် အိန္ဒိယသံအမတ်ကြီးနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ အိန္ဒိယသို့ အစိုးရကိုယ်စားလှယ်စေလွှတ်ကာ အိန္ဒိယအစိုးရတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခြင်းများ ပြုလုပ်ခဲ့သည်ကို တွေ့ရပါတယ်။

Be the first to comment on "ကိုဗစ်ကာကွယ်ဆေး ဝယ်ယူဖို့ နှစ်ဖက်သဘောတူစာချုပ်မှာ အိန္ဒိယနဲ့ မြန်မာတို့ လက်မှတ်ထိုးပြီ"

Leave a comment

Your email address will not be published.


*