အာဆီယံ ၃ နိုင်ငံကို သွားရောက် လည်ပတ်မယ့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ခရီးစဉ်မှာ မြန်မာ့အရေး ဦးစားပေးမည်

အာဆီယံ ၃ နိုင်ငံကို သွားရောက် လည်ပတ်မယ့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ခရီးစဉ်မှာ မြန်မာ့အရေး ဦးစားပေးမည်

ဒီဇင်ဘာ ၁၃၊ ၂၀၂၁

အာဆီယံနိုင်ငံတွေ ဖြစ်တဲ့ အင်ဒိုနီးရှား၊ မလေးရှားနဲ့ ထိုင်းနိုင်ငံတို့ကို ဒီနေ့ဒီဇင်ဘာလ ၁၃ ရက်နေ့ကနေ ၁၆ရက်နေ့အထိ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်က သွားရောက်မှာဖြစ်ပြီး ဒီခရီးစဉ်အတွင်းမှာ မြန်မာ့အရေးကို အဓိထားဆွေးနွေးမယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက သိရပါတယ်။

တရုတ်နိုင်ငံရဲ့ ဒေသတွင်း ဩဇာချဲ့ထွင်မှုကိုတန်ပြန်ဖို့အတွက် ဝါရှင်တန် ကြိုးပမ်းမှုအနေနဲ့ နိုင်ငံခြားရေး ဝန်ကြီးဘလင်ကန်က သွားရောက်လည်ပတ်တာဖြစ်ပါတယ်။

မြန်မာနိုင်ငံကို ဒီမိုကရေစီစနစ်ဆီပြန်သွားဖို့အတွက် အမေရိကန်က တိုက်တွန်းထားတာအပြင် အာဆီယံရဲ့ မြန်မာ့အရေးဖြေရှင်းမှုကို ထောက်ခံထားပြီး အခု အာဆီယံ ၃နိုင်ငံစလုံးမှာ မြန်မာနိုင်ငံ ပဋိပက္ခကို ရှင်းလင်းပြောကြားမှာဖြစ်တယ်လို့ သိရပါတယ်။

မြန်မာ့အရေးက အခု ခရီးစဉ်မှာ အရေးကြီးတဲ့ အကြောင်းအရာဖြစ်ပြီး နိုင်ငံခြားရေးဝန်ကြီးဘလင်ကန်ရဲ့ နိုင်ငံခြားရေးဝန်ကြီး သက်တမ်းမှာ ပထမဆုံးခရီးစဉ်ဖြစ်ပါတယ်။

တဖက်မှာလဲ အမေရိကန်က အာဏာသိမ်းမှုနဲ့ပတ်သက်ပြီး မြန်မာစစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်အပါအဝင် လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းတွေကို ပစ်မှတ်ထားဒဏ်ခတ်အရေးယူတာတွေ လုပ်ဆောင်ထားပါတယ်။

#PVTVNews

———- 

အာဆီယံ ၃ ႏိုင္ငံကို သြားေရာက္ လည္ပတ္မယ့္ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး ခရီးစဥ္မွာ ျမန္မာ့အေရး ဦးစားေပးမည္

ဒီဇင္ဘာ ၁၃၊ ၂၀၂၁

အာဆီယံႏိုင္ငံေတြ ျဖစ္တဲ့ အင္ဒိုနီးရွား၊ မေလးရွားနဲ႔ ထိုင္းႏိုင္ငံတို႔ကို ဒီေန႔ဒီဇင္ဘာလ ၁၃ ရက္ေန႔ကေန ၁၆ရက္ေန႔အထိ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး ဘလင္ကန္က သြားေရာက္မွာျဖစ္ၿပီး ဒီခရီးစဥ္အတြင္းမွာ ျမန္မာ့အေရးကို အဓိထားေဆြးေႏြးမယ္လို႔ ႏိုင္ငံျခားေရးဝန္ႀကီးဌာနက သိရပါတယ္။

တ႐ုတ္ႏိုင္ငံရဲ႕ ေဒသတြင္း ဩဇာခ်ဲ႕ထြင္မႈကိုတန္ျပန္ဖို႔အတြက္ ဝါရွင္တန္ ႀကိဳးပမ္းမႈအေနနဲ႔ ႏိုင္ငံျခားေရး ဝန္ႀကီးဘလင္ကန္က သြားေရာက္လည္ပတ္တာျဖစ္ပါတယ္။

ျမန္မာႏိုင္ငံကို ဒီမိုကေရစီစနစ္ဆီျပန္သြားဖို႔အတြက္ အေမရိကန္က တိုက္တြန္းထားတာအျပင္ အာဆီယံရဲ႕ ျမန္မာ့အေရးေျဖရွင္းမႈကို ေထာက္ခံထားၿပီး အခု အာဆီယံ ၃ႏိုင္ငံစလုံးမွာ ျမန္မာႏိုင္ငံ ပဋိပကၡကို ရွင္းလင္းေျပာၾကားမွာျဖစ္တယ္လို႔ သိရပါတယ္။

ျမန္မာ့အေရးက အခု ခရီးစဥ္မွာ အေရးႀကီးတဲ့ အေၾကာင္းအရာျဖစ္ၿပီး ႏိုင္ငံျခားေရးဝန္ႀကီးဘလင္ကန္ရဲ႕ ႏိုင္ငံျခားေရးဝန္ႀကီး သက္တမ္းမွာ ပထမဆုံးခရီးစဥ္ျဖစ္ပါတယ္။

တဖက္မွာလဲ အေမရိကန္က အာဏာသိမ္းမႈနဲ႔ပတ္သက္ၿပီး ျမန္မာစစ္ေကာင္စီေခါင္းေဆာင္ မင္းေအာင္လႈိင္အပါအဝင္ လူပုဂၢိဳလ္နဲ႔ အဖြဲ႕အစည္းေတြကို ပစ္မွတ္ထားဒဏ္ခတ္အေရးယူတာေတြ လုပ္ေဆာင္ထားပါတယ္။

#PVTVNews

Be the first to comment on "အာဆီယံ ၃ နိုင်ငံကို သွားရောက် လည်ပတ်မယ့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ခရီးစဉ်မှာ မြန်မာ့အရေး ဦးစားပေးမည်"

Leave a comment

Your email address will not be published.


*