မြန်မာပြည်သူနဲ့အတူ ကမ္ဘာကြီးအတွက် အောင်ပွဲကိုပါ အရယူဖို့ US ကတော့ ဒီပွဲမှာ ရှိသမျ လူပေါင်းစုံ G7 QUAD EU အပါ အာဆန်ပါ အသေချာ စည်းရုံး မိတ်ဖွဲ့နေပြီ

မြန်မာပြည်သူနဲ့အတူ ကမ္ဘာကြီးအတွက် အောင်ပွဲကို ပါ အရယူ ဖို့ US ကတော့ဒီပွဲမှာ ရှိသမျ လူပေါင်းစုံ G7 QUAD EU အပါ အာဆန်ပါ အသေချာ စည်းရုံး မိတ်ဖွဲ့နေပြီ

W3 နဲ့ ဆင့်ကဲ Revolution

ဒီတော့ အကျိုးဆက်ကဘာလဲဆိုတော့ ဆင့်ကဲ ရီ‌ဗော်လူးရှင်းသက်ရောက်မှုအားက W3 ကို ဦးတည်စေတယ်

သို့ဆို ယခုပွဲ မြန်မာ့အ‌ရေးဆိုတာထက် မအလကို ဖြုတ်မချနိုင်ရင် ဒေသတွင်းမှာ

– ရုရှား ချိ့န အားသာလာမယ်

– အာဏာရှင်နဲ့ လက်တံနိုင်ငံတွေ ပို ပေါ်ထွန်းလာမယ် ထိုအတွက် ချိ့န ရုရှဟာ တပါတီအာဏာစနစ်နဲ့ ကိုယ့်ပြည်တွင်းရေး ၀င်မစွတ်ဖက်ရေးဆိုတဲ့ အကြောင်းပြချက် မူဝါဒကို လက်ကိုင်စွဲထားပြီး စစ်အာရှင်တွေကို

မြေတောင်မြောက် အားကျစေအောင် ထိုဝါဒ စနစ်ကို အသက်သွင်းပြီး ပုံဖော်ကာ သူတို့အကျိုးစီးပွားအတွက် ချုပ်ကိုင်နိုင်ဖို့ ဖန်တီးရင်း ဒီမိုကရေစီ စနစ်မျိုးစေ့ကို အလုံးစုံ ဖျက်သုန်းဖို့ ခြေလှမ်း လုပ်လာနေတယ်

သို့ဆို ထိုစနစ်ကိုအားကျ ပိုမိုထွန်းကား ကျယ်ပြန့်လာပြီဆိုရင် အလိုလို အာဏာရှင်နိုင်ငံတွေဖြစ်လာမယ် မိမိပြည်တွင်းရေး ၀င်မစွတ်ဖက်ရဟု ကြွေးကြော်ပြီး အာဏာရှင်တွေဟာ

– လူ့အခွင့်အရေး ချိုးဖောက်ကြမယ်

– အကြမ်းဖက် ကျုးလွန်မှုတွေ လုပ်ကြမယ်

ထိုမှ အရေးယူပိတ်ခံထိကြရင် ပြည်တွင်း တရားမ၀င်နဲ့ မူးယစ် သံယံ ဇာတတွေ ထုတ်ယူရောင်းစား ငွေရှာကြမယ် သံယံဇာတမရှိသူက ချိ့နကို လူကူန်ကူး ကျွန်ပြု လုပ်သားရင်းမြစ်နဲ့ ကိုယ်ခန္ဓာအစိတ်ပိုင်းကို ရောင်းစားကြမယ်

ထိုအခါ နိုင်ငံတိုင်းဟာ ချိ့န ကြွေးမှီအောက်မှာ အလုံးစုံနစ်မြုတ်ရင်း ယခုလို ကြွေးမှီနဲ့သိမ်းပိုက်ခံရတဲ့ နေရာ ဒေသ နယ်မြေတွေ ပေးဆပ်ရပြီး ချိ့နဟာ သွေးမထွက် လက်နက်အသုံးမပြုရပဲ နယ်မြေသိမ်းပိုက် အင်အားကြီးထွား ခြေကုတ်ယူလာမယ် ( နအဖခေတ်နဲ့ ယခု ကြွေးမှီသိမ်းခံ နိုင်ငံအဖြစ် အခြေနေတွေကို ကြည့်ပါ )

ထိုအခါ နိုင်ငံတွင်း ပြည်တွင်း ဆူပူ အုံကြွမှုတွေ ပေါ်ပေါက်လာမယ် ထိုမှ ယခု နွေဦးတော်လှန်ရေးနဲ့ စစ်မက်တွေ ပေ့ါ်ပေါက်လာမယ် သို့ဆို ဒေသတွင်းမှာ ထိုသို့ဖြစ်ရပ်မျိုးနဲ့ ပြသနာမျိုးစုံ ဖြစ်ပေါ််လာရင် နောက်ဆက်တွဲအနေနဲ့ US UN ဟာ အလုပ်ရှုပ်ပြီး အာဏာရှင်နိုင်ငံတွေကို ထိန်းမနိုင်ပဲ ဖြစ်လာမယ်

ဒါ့အပြင် ဆိုးကျိုးအနေနဲ့ တရားမှုမဲ့စွာ သံယံဇာတရင်းမြစ်တွေ တူးယူရောင်းစားသောကြောင့် သဘာ၀ပတ်၀န်းကျင် ဆိုးရွား ရိုက်ခတ်လာမှုအရှိန်က ကမ္ဘာ့ရာသီဥတုဆိုးရွားမှုနဲ့ ဆက်ဆက်နေတဲ့ နိုင်ငံတွေအပေါ် ရိုက်ခတ်လာမယ်

ထိုအခါ ကမ္ဘာကြီး ပူနွေမှုနဲ့ ပြန်လည်ရင်ဆိုင် ဖြေရှင်းရမယ် ထိုထက် ချိ့နနဲ့ပေါင်း မြေရှား ယူရေနီယမ်ဖော်ထုတ်ပြီး နူကလီးယား ထုတ်လုပ်လာရင် တွေးသာကြည့်တော့

သို့ကြောင့် US ဟာ ယခုအ‌ရေးကို အသည်းသန် အောင်မြင်အောင် အ‌စွမ်းကုန်လုပ်ဆောင်နေသလို မအလကို အသေချာ အပြီပြင်ကို ဖြုတ်ချဖို့ ခြေလှမ်းလုပ်ဆောင်လာနေသည်ဆိုတာမဟုတ် ကမ္ဘာ့ဒိမိုကရေစီဟာ

ချိ့န ရုရှားအောက်မှာ ကျရှုံးပြီး ချိ့နဟာ ကမ္ဘာတခြမ်း စိုးမိုး နယ်ချဲ့လာနိုင်သည်ဆိုတာနဲ့ ရုရှားရဲ့ ကိုယ့်ကျိုးကြည့်မူဝါဒကြောင့် ဒေသတွင်းရော နိုင်ငံတိုင်းရော ထိုအခါ စစ်မက်များစွာ ပေါ်ပေါက်လာမည်ဆိုတာ ထွေထူးပြောစရာမလိုပါဟု

ဒီတော့ US ကျရှုံးတာနဲ့ ရုရှားက ခလောက်ပြီး လက်နက်ရောင်းစားဖို့ စစ်ပွဲတွေ ဖန်တီးမှာ ဖြစ်သလို ချိ့နက ကြွေးမှီနဲ့ နယ်မြေတွေ သိမ်းပိုက် အင်အားကြီးထွားအောင် လုပ်လာကြမည်ဆိုတာ ကြိုသိ ရိပ်မိတဲ့ US ကတော့

ဒီပွဲမှာ မကျရှုံးအောင် ရှိသမျ လူပေါင်းစုံ G7 QUAD EU အပါ အာဆန်ပါ အသေချာ စည်းရုံး မိတ်ဖွဲ့နေပြီး မြန်မာပြည်သူနဲ့အတူ သူတို့ပါ ကမ္ဘာကြီးအတွက် အောင်ပွဲကို အရယူနေကြသည်ဆိုတာ

မဟုတ် ကမ္ဘာမှာ ရှရှား ချိ့န လက်အောက်ခံ အာဏာရှင်နိုင်ငံများနဲ့ US အနောက် ဥရောပနိုင်ငံများ အစုနှစ်စု ဖြစ်ပေါ်လာပြီး W3 အသွင် ပြောင်းလဲ ရောက်ရှိ နိုင်သည်ဆိုတာ

မှတ်ချက်။ သန်းရွေခေတ်က ယခုလို ဘာလို့မဖြစ်သလဲဆို ချိ့နရဲ့ ကမ္ဘာသိမ်း စီမံကိန်း made in china နဲ့ US ကို အာခံနိုင်စွမ်း မရှိသေးလို့ဟုပဲ ပြောရပါမည်။

#မင်းကြည်ညိုနေ 🕊️

Be the first to comment on "မြန်မာပြည်သူနဲ့အတူ ကမ္ဘာကြီးအတွက် အောင်ပွဲကိုပါ အရယူဖို့ US ကတော့ ဒီပွဲမှာ ရှိသမျ လူပေါင်းစုံ G7 QUAD EU အပါ အာဆန်ပါ အသေချာ စည်းရုံး မိတ်ဖွဲ့နေပြီ"

Leave a comment

Your email address will not be published.


*