မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်၊ ၆၂ လမ်း ကုတင် ၃၀၀ သင်ကြားရေးဆေးရုံရှေ့တွင် ဆိုင်ကယ်စီးလာသော သူနာပြုဆရာမ မချမ်းမြငြိမ်းနှင့်ခင်ပွန်းဖြစ်သူတို့ကို ဆိုင်ကယ်ရပ်မပေး၍ စစ်တပ်က ယမန်နေ့ နံနက် ၇ နာရီတွင် ပစ်လိုက်သောကြောင့် သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရှိရသည်။
” မနက် ၇နာရီလောက်မှာ မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ၆၂ လမ်းပေါ်က ကုတင်၃၀၀ဆေးရုံရှေ့မှာ စစ်ခွေးတွေက ဆိုင်ကယ်တစ်စီးကို ပ စ် သ တ်လိုက်ကြပါတယ်။
ဆိုင်ကယ်က မြို့တော်ဆေးရုံကို Duty ဆင်းသွားတဲ့ သူနာပြုဆရာမ မချမ်းမြငြိမ်းနဲ့ သူ့အမျိုးသား စီးလာတဲ့ ဆိုင်ကယ်ပါ။ သူနာပြုဆရာမကို သူ့ယောကျာ်းကလိုက်ပို့တာပါ။
ဆရာမရော သူ့ယောကျာ်းရော နှစ်ယောက်စလုံးသေပါပြီ။ သူနာပြုဆရာမက ကိုယ်ဝန် ၄ လနဲ့ပါ” ဟု သူနာပြုဆရာမနှင့်ရင်းနှီးသူ မိတ်ဆွေကပြောဆိုကြောင်း ရန်ကုန်ခေတ်သစ်မှာ ဖော်ပြထားပါတယ်။
အခင်းဖြစ်ပွားမှုကို မြင်တွေ့လိုက်ရသူ မျက်မြင်တစ်ဦးကလည်း သူနာပြုဆရာမ မချမ်းမြငြိမ်း သည် စစ်တပ်၏ ပစ်ခတ်ခံရပြီးနောက် ဆေးရုံတွင် သေဆုံးကာ အမျိုးသားဖြစ်သူမှာ ပွဲချင်းပြီး သေဆုံးသွားသည်ဟုဆိုသည်။
သူနာပြုလင်မယား ပစ်ခံရတဲ့ကိစ္စကို စစ်ကောင်စီက လျော်ကြေးပေးတောင်းပန်တယ်လို့ သိရပါတယ်။
ပစ်တုန်းက ပစ်ပြီးမှ သူတို့ဘက်သားဖြစ်နေတယ်ဆိုမှ လျော်ကြေးလေး သွားပေးတာဖြစ်ကြောင်း ဝေဖန်ပြောဆိုနေကြပါတယ်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး မန္တလေး အခြေစိုက် UG မြို့ပြပျောက်ကျားနှင့် PDF များနှင့် သက်ဆိုင်ခြင်းမရှိဘဲ လုပ်ဆောင်ခြင်းမရှိကြောင်း Rangers of Mandalay အဖွဲ့က တရားဝင် သတင်းထုတ်ပြန်ထားသည်။
” ဒီနေ့ဖြစ်ပွားခဲ့သော သူနာပြုဇနီးမောင်နှံပစ်ခတ်ခံရမှုတွင် UG မြို့ပြပျောက်ကျားနှင့် Local PDF တွေအနေဖြင့် ပြည်သူများရှင်းလင်းအောင် ထုတ်ပြန်ရန်လ်ိုအပ်ပါတယ် ။
သို့ဖြစ်ပါ၍ ကျနော်တို့ ROMမြို့ပြပြောက်ကျားနှင့် မဟာမိတ်ညီကိုတွေအနေနဲ့ လုပ်ဆောင်မှုမရှိပါ၍ ကျွန်ုပ်တို့နှင့် သက်ဆိုင်မှုမရှိပါကြောင်း အသိပေးထုတ်ပြန်လိုက်ပါတယ် ” ဟု Rangers of Mandalay အဖွဲ့က ဒီဇင်ဘာလ ၁၂ ရက်နေ့ ညပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။
မန္တလေးအခြေစိုက် မျက်မြင်များက သူနာပြု လင်မယား သတ်ဖြတ်ခံရမှုသည် စစ်တပ်နှင့် သက်ဆိုင်ကြောင်း ပြောဆိုခဲ့ကြသော်လည်း စစ်တပ်က ၎င်းတို့လ က်ချက် မဟုတ်ဘဲ သူနာပြု လင်မယားကို ဆိုင်ကယ်သမား ၂ ဦးက လုပ်ကြံခြင်းဖြစ်ကြောင်း၊ အမေရိကန်ထုတ် ကျည်ဆန်များတွေ့ရှိရကြောင်း၊ PDF များ လုပ်ဆောင်သည်ဟု လည်းကောင်း CCTV မှတ်တမ်းများ ထုတ်ပြန်၍ စွပ်စွဲ ထုတ်ပြန်ထားသည်။
Be the first to comment on "မန္တလေး သူနာပြု လင်မယားအတွက် စစ်ကောင်စီ လျော်ကြေးပေးတောင်းပန်"