စစ်ကောင်စီကို လူရာမသွင်းဖို့ ကမ္ဘောဒီးယားကို အမေရိကန် သတိပေး

ကမ္ဘောဒီးယားနိုင်ငံက အာဆီယံ ဥက္ကဋ္ဌ အလှည့်ကျတာဝန်ယူချိန်မှာ မြန်မာစစ်ကောင်စီကို ဘာမှလိုက်လျောတာမလုပ်ဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံ Derek Chollet က သူ့ရဲ့ ကမ္ဘောဒီးယားခရီးစဉ်အတွင်း မနေ့က သတိပေးပြောဆိုလိုက်ပါတယ်။

အာဆီယံညီလာခံကို မြန်မာစစ်ခေါင်းဆောင်တွေလည်း တက်ခွင့်ရှိတယ်လို့ ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်ရဲ့ ပြောဆိုချက်တွေနဲ့ ပတ်သက်လို့ Derek Chollet က တုံ့ပြန်ပြောဆိုခဲ့တာလို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။

အမေရိကန်အနေနဲ့ စေ့စပ်ညှိနှိုင်းရေးကို မကန့်ကွက်ပေမယ့် ဒီလိုစေ့စပ်ညှိနှိုင်းတဲ့ အခါမှာ တကယ်အဖြေထွက်မယ့် ညှိနှိုင်းမှုမျိုးကို လိုလားကြောင်း၊ အဲဒီလိုမဟုတ်ဘဲ မြန်မာစစ်ကောင်စီကို အလျှော့ပေး လိုက်လျောတာမျိုးဘဲ မဖြစ်သင့်ကြောင်း Derek Chollet က ပြောပါတယ်။

အာဆီယံက ချမှတ်ထားတဲ့ မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ပတ်သက်တဲ့ အချက်တွေကို ဆက်လက်ဆောင်ရွက်ဖို့ သူက တိုက်တွန်းခဲ့ပါတယ်။

ဒါ့အပြင် အမေရိကန်-အာဆီယံ ထိပ်သီးညီလာခံမှာ မြန်မာအာဏာသိမ်းစစ်တပ်ကို အမေရိကန်က တက်ရောက်ခွင့်ပေးမှာ မဟုတ်ဘူးလို့လဲ ဆိုပါတယ်။

လတ်တလောမှာတော့ မြန်မာစစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက ကမ္ဘောဒီးယားကို သွားရောက်ခဲ့ပြီး ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ကလည်း မြန်မာနိုင်ငံကို လာရောက်ဖို့ရှိနေပါတယ်။

ကမ္ဘောဒီးယားဟာ လာမယ့် ၂၀၂၂ ခုနှစ်မှာ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ကို လွှဲပြောင်းရယူမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဘရူနိုင်းနိုင်ငံက ဥက္ကဋ္ဌအဖြစ် ကျင်းပတဲ့ အာဆီယံ ထိပ်သီးဆွေးနွေးပွဲတွေမှာတော့ မြန်မာစစ်ခေါင်းဆောင်တွေကို ဖိတ်ကြားခဲ့တာ မရှိပါဘူး။

ဒါ့အပြင် ကမ္ဘောဒီးယားနိုင်ငံအတွင်း တရုတ်စစ်တပ်ရဲ့ဩဇာလွှမ်းမိုးမှုတိုးပွားလာခြင်း၊ လူ့အခွင့်အရေးဖိနှိပ်ခြင်းနဲ့ အဂတိလိုက်စားခြင်းတို့‌ကြောင့် လက်နက်တင်ပို့မှုပိတ်ပင်မယ့် နိုင်ငံစာရင်းထဲထည့်သွင်းလိုက်ပြီး ပို့ကုန်ကန်သတ်ချက်တွေကို တင်းကြပ်လိုက်ပါတယ်။

ကမ္ဘောဒီးယားနိုင်ငံက ထိုင်းပင်လယ်ကွေ့မှာ တရုတ်စစ်တပ်ကို တိုးချဲ့နေရာပေးထားပြီး အဆောက်အဦတွေ ဆက်လက်ဆောက်လုပ်လျက်ရှိပါတယ်။ အဆိုပါ ရေတပ်စခန်းက ကမ္ဘောဒီးယားအရာရှိနှစ်ဦးကို အကျင့်ပျက်ခြစားမှုဖြင့် အမေရိကန်က ပြီးခဲ့တဲ့လက အရေးယူပိတ်ဆို့မှုများ ပြုလုပ်ခဲ့ပါတယ်။

—————-

ကေမာၻဒီးယားႏိုင္ငံက အာဆီယံ ဥကၠ႒ အလွည့္က်တာဝန္ယူခ်ိန္မွာ ျမန္မာစစ္ေကာင္စီကို ဘာမွလိုက္ေလ်ာတာမလုပ္ဖို႔ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာန အတိုင္ပင္ခံ Derek Chollet က သူ႔ရဲ႕ ကေမာၻဒီးယားခရီးစဥ္အတြင္း မေန႔က သတိေပးေျပာဆိုလိုက္ပါတယ္။

အာဆီယံညီလာခံကို ျမန္မာစစ္ေခါင္းေဆာင္ေတြလည္း တက္ခြင့္ရွိတယ္လို႔ ကေမာၻဒီးယား ဝန္ႀကီးခ်ဳပ္ ဟြန္ဆန္ရဲ႕ ေျပာဆိုခ်က္ေတြနဲ႔ ပတ္သက္လို႔ Derek Chollet က တုံ႔ျပန္ေျပာဆိုခဲ့တာလို႔ ႐ိုက္တာသတင္းမွာ ေဖာ္ျပပါတယ္။

အေမရိကန္အေနနဲ႔ ေစ့စပ္ညႇိႏႈိင္းေရးကို မကန႔္ကြက္ေပမယ့္ ဒီလိုေစ့စပ္ညႇိႏႈိင္းတဲ့ အခါမွာ တကယ္အေျဖထြက္မယ့္ ညႇိႏႈိင္းမႈမ်ိဳးကို လိုလားေၾကာင္း၊ အဲဒီလိုမဟုတ္ဘဲ ျမန္မာစစ္ေကာင္စီကို အေလွ်ာ့ေပး လိုက္ေလ်ာတာမ်ိဳးဘဲ မျဖစ္သင့္ေၾကာင္း Derek Chollet က ေျပာပါတယ္။

အာဆီယံက ခ်မွတ္ထားတဲ့ ျမန္မာ့ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္နဲ႔ ပတ္သက္တဲ့ အခ်က္ေတြကို ဆက္လက္ေဆာင္႐ြက္ဖို႔ သူက တိုက္တြန္းခဲ့ပါတယ္။

ဒါ့အျပင္ အေမရိကန္-အာဆီယံ ထိပ္သီးညီလာခံမွာ ျမန္မာအာဏာသိမ္းစစ္တပ္ကို အေမရိကန္က တက္ေရာက္ခြင့္ေပးမွာ မဟုတ္ဘူးလို႔လဲ ဆိုပါတယ္။

လတ္တေလာမွာေတာ့ ျမန္မာစစ္ေကာင္စီ ႏိုင္ငံျခားေရးဝန္ႀကီး ဦးဝဏၰေမာင္လြင္ဟာ ၿပီးခဲ့တဲ့ ရက္ပိုင္းက ကေမာၻဒီးယားကို သြားေရာက္ခဲ့ၿပီး ကေမာၻဒီးယားဝန္ႀကီးခ်ဳပ္ ဟြန္ဆန္ကလည္း ျမန္မာႏိုင္ငံကို လာေရာက္ဖို႔ရွိေနပါတယ္။

ကေမာၻဒီးယားဟာ လာမယ့္ ၂၀၂၂ ခုႏွစ္မွာ အာဆီယံ အလွည့္က် ဥကၠ႒ တာဝန္ကို လႊဲေျပာင္းရယူမွာ ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ဘ႐ူႏိုင္းႏိုင္ငံက ဥကၠ႒အျဖစ္ က်င္းပတဲ့ အာဆီယံ ထိပ္သီးေဆြးေႏြးပြဲေတြမွာေတာ့ ျမန္မာစစ္ေခါင္းေဆာင္ေတြကို ဖိတ္ၾကားခဲ့တာ မရွိပါဘူး။

ဒါ့အျပင္ ကေမာၻဒီးယားႏိုင္ငံအတြင္း တ႐ုတ္စစ္တပ္ရဲ႕ဩဇာလႊမ္းမိုးမႈတိုးပြားလာျခင္း၊ လူ႔အခြင့္အေရးဖိႏွိပ္ျခင္းနဲ႔ အဂတိလိုက္စားျခင္းတို႔‌ေၾကာင့္ လက္နက္တင္ပို႔မႈပိတ္ပင္မယ့္ ႏိုင္ငံစာရင္းထဲထည့္သြင္းလိုက္ၿပီး ပို႔ကုန္ကန္သတ္ခ်က္ေတြကို တင္းၾကပ္လိုက္ပါတယ္။

ကေမာၻဒီးယားႏိုင္ငံက ထိုင္းပင္လယ္ေကြ႕မွာ တ႐ုတ္စစ္တပ္ကို တိုးခ်ဲ႕ေနရာေပးထားၿပီး အေဆာက္အဦေတြ ဆက္လက္ေဆာက္လုပ္လ်က္ရွိပါတယ္။ အဆိုပါ ေရတပ္စခန္းက ကေမာၻဒီးယားအရာရွိႏွစ္ဦးကို အက်င့္ပ်က္ျခစားမႈျဖင့္ အေမရိကန္က ၿပီးခဲ့တဲ့လက အေရးယူပိတ္ဆို႔မႈမ်ား ျပဳလုပ္ခဲ့ပါတယ္။

Be the first to comment on "စစ်ကောင်စီကို လူရာမသွင်းဖို့ ကမ္ဘောဒီးယားကို အမေရိကန် သတိပေး"

Leave a comment

Your email address will not be published.


*