တပ်ထောက်ခံသူကြီး ရွှေရူပါဦးက တာဝန်ယူမှု့နဲ့တာဝန်ခံမှု့မရှိသည့် စစ်ကောင်စီကို လွန်စွာစိတ်ပျက်နေဟုဆို
တပ်ထောက်ခံသူကြီး ရွှေရူပါဦးက တာဝန်ယူမှု့နဲ့တာဝန်ခံမှု့မရှိသည့် စစ်ကောင်စီကို လွန်စွာစိတ်ပျက်နေဟုဆို
မြန်မာ့တပ်မတော်အသိုင်းအဝိုင်းမှလာပြီး တပ်မတော်အရာကြီးများနှင့် ရင်းနှီးသည့်ဆက်ဆံရေးရှိသော တပ်ထောက်ခံသူ သရုပ်ဆောင် ရွှေရူပါဦးဟာ တာဝန်ယူမှုနဲ့တာဝန်ခံမှုမရှိတဲ့အပြင်
ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို လုံခြုံမှုမပေးနိုင်တဲ့ စစ်ကောင်စီကို စိတ်ပျက်နေကြောင်း သူမရဲ့ လူမှုကွန်ရက်စာမျက်နှာမှတစါဆင့် ရေးသားလာပါသည်။
ရွေရူပါဦးရဲ့ လူမှုကွန်ရက်စာမျက်နှာတွင်
“အေးချမ်းတဲ့တိုင်းပြည်တစ်ခုကိုမျှော်လင့်ခြင်း” ဟုခေါင်းစဥ်တပ်ကာ အောက်ပါအတိုင်းရေးသားခဲ့ပါတယ်။
“ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ် လုံခြုံမှုမရှိတဲ့နိုင်ငံ ဖြစ်နေတာဟာ လက်ရှိအုပ်ချုပ်နေတဲ့ အစိုးရမှာသာ တာဝန်အပြည့်ရှိပါတယ်
အာဏာပိုင်အစိုးရနဲ့ လက်အောက်ခံဌါနဆိုင်ရာတိုင်းမှ တာဝန်ယူမှုနဲ့ တာဝန်ခံမှု စနစ်တွေပျောက်ဆုံးနေပြီး ဘောလီဘောသမားတွေ များပြားလွန်းလှတာ ကိုယ်တွေ့ပါ။ တပ်မတော်ဟာ နိုင်ငံရေး အခန်းကဏ္ဍမှာ
ပါဝင်ပတ်သတ်မှု အရေးကြီးသော်လည်း တပ်မတော်နှင့် နိုင်ငံရေးဟာ လားလားမှသက်ဆိုင်မှုမရှိစေရလို့ မပြောလိုပေမယ့် ထိုက်သင့်လျှောက် ပါဝင်ပတ်သတ်မှုတွေနှင့်အတူ တပ်မတော်နဲ့နိုင်ငံရေးဟာ သီးခြားဆီရပ်တည်နေသင့်ပါသည်။
တာဝန်မယူနိုင်တဲ့အရာတစ်ခုမှာ မထိုက်တန်တဲ့ရာထူးနဲ့လုပ်ပိုင်ခွင့်ကို ရှက်တတ်ရင် မယူတာအကောင်းဆုံးလို့ထင်ပါသည်။ ပြည်သူတွေရဲ့အေးချမ်းပြီးတရားမျှတတဲ့လွတ်လပ်မှုတွေဆုံးရှုံးနေလို့ လက်ရှိအစိုးရကြီးကိုလည်း အဖက်ဖက်ကပြည်သူတွေအားလုံးက စိတ်ပျက်နေကြပါပြီ
ဘယ်သူသေသေငတေမာရင်ပြီးရော ဆိုတဲ့ ခပ်ပဲ့ပဲ့အတွေးအခေါ်တွေရှိနေသရွေ့ တိုင်းပြည်နဲ့ပြည်သူအကျိုးပါလို့ တွင်တွင်အော်နေလည် ဘယ်ပြည်သူတွေကမှ အထင်ကြီးအားကိုးလေးစွာလာဖွယ်ရာ မရှိပါလေ။
တည်ဆဲဥပဒေကိုပါ လိုသလိုအသုံးချနေတာအပြစ်မဲ့ပြည်သူတွေအပေါ် တစ်ဖက်လှည့်နဲ့စော်ကားရာရောက်နေတယ်ဆိုတာ သတိချပ်ဒါဆိုလျှင် လက်ရှိအစိုးရကို ပြည်သူတွေအနေနဲ့ယုံကြည်အားကိုးနေကြလား စိတ်ပျက်ရွံရှာနေကြလားဆိုတာ သဘောပေါက်သင့်ပြီ
ယုတ်မာတဲ့အစိုးရရဲ့ စံနှုန်းနဲ့ယှဉ်မာနခြင်းပြိုင်နေသရွေ့ ကိုယ်လည်းထိုနည်းလည်းကောင်း သူမသာကိုယ် အသုဘဖြစ်နေပြီးပြည်သူတွေနစ်နာနေကြရဦးမှာပါပဲ။”
————
Be the first to comment on "တပ်ထောက်ခံသူကြီး ရွှေရူပါဦးက တာဝန်ယူမှု့နဲ့တာဝန်ခံမှု့မရှိသည့် စစ်ကောင်စီကို လွန်စွာစိတ်ပျက်နေဟုဆို"
Leave a comment
Your email address will not be published.
*