မင်းအောင်လှိုင်နဲ့ မလုပ်ရရင် ဘယ်သူနဲ့လုပ်ရမလဲဟု ဟွန်ဆန်မေးခွန်းထုတ်

ကမ္ဘောဒီးယားနိုင်ငံမှာ နှစ်ပေါင်း ၂၀ ကျော် အာဏာယူထားတဲ့ ဝန်ကြီးချုပ် ဟွန်ဆန်က မြန်မာစစ်ကောင်စီနဲ့ ဆက်ဆံသွားမယ်လို့ ဒီနေ့ပြောလိုက်ပါတယ်။

မနက်ဖြန်မှာ စစ်ကောင်စီက ခန့်ထားတဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ တွေ့ဖို့ စီစဉ်ထားသလို၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဖို့ သူကိုယ်တိုင်လည်း နေပြည်တော်ကို သွားမယ့်အစီအစဉ်လည်း ဖြစ်လာနိုင်တယ်လို့ ဟွန်ဆန်က ပြောတဲ့အကြောင်း AFP သတင်းမှာ ဖော်ပြထားပါတယ်။

ကမ္ဘောဒီးယားဝန်ကြီးချုပ်ကတော့ မြန်မာဟာ အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်လို့ စစ်ကောင်စီဘက်ကလည်း ဆွေးနွေးပွဲတွေကို တက်ခွင့်ရှိတယ်လို့ တရုတ်ရန်ပုံငွေနဲ့ မတည်တဲ့ဆောက်လုပ်ရေးစီမံကိန်းတစ်ခုဖွင့်ပွဲမှာ ပြောလာတာပါ။

မြန်မာနဲ့ ပတ်သက်လို့ အုပ်ချုပ်သူနဲ့ ဆက်ဆံရုံကလွဲလို့ တခြားနည်းလမ်းမရှိဘူးလို့ ဟွန်ဆန်က ပြောသလို၊ အာဆီယံညီလာခံတွေကို မြန်မာစစ်ခေါင်းဆောင် တက်ခွင့်ရှိတယ်လို့လည်း သူကပြောပါတယ်။

“ အာဆီယံဟာ အဖွဲ့ဝင် ၁၀ နိုင်ငံစလုံးကို ကိုယ်စားပြုရမယ်‌လေ။ မြန်မာက အာဆီယံရဲ့ မိသားစုဝင်တစ်နိုင်ငံဖြစ်ပါတယ်။ သူတို့အနေနဲ့ အစည်းအဝေးတွေကို တက်ရောက်ဖို့ အခွင့်အရေး ရှိရပါလိမ့်မယ်။

ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်နဲ့ အတူ အလုပ်လုပ်ဖို့အတွက် သူနဲ့ တွေ့ဖို့ ကျွန်တော် နေပြည်တော်သွားဖို့နဲ့ပတ်သက်လို့ အားကောင်းတဲ့ ဖြစ်နိုင်ခြေတစ်ခု ရှိပါတယ်။

တကယ်လို့ ကျွန်တော့်အနေနဲ့ ခေါင်းဆောင်ပိုင်းနဲ့ အလုပ်မလုပ်ရင် ကျွန်တော် ဘယ်သူနဲ့အတူ လုပ်နိုင်မှာလဲ။ ” ဟု ပြောကြားလိုက်တာပါ။

မြန်မာ့အရေးအာဆီယံခေါင်းဆောင်တွေကြားရရှိထားတဲ့ဘုံသဘောတူညီချက်တွေကို စစ်ကောင်စီဘက်က အကောင်အထည်ဖော်ရာမှာ တိုးတက်မှုမရှိဘူးဆိုပြီး အာဆီယံက အာဏာသိမ်းစစ်ခေါင်းဆောင်ကို ထိပ်သီးအစည်းအဝေးပွဲတွေကို မဖိတ်ကြားခဲ့ပါဘူး။

အဲဒီအစား နိုင်ငံရေးနဲ့မဆက်နွယ်တဲ့ကိုယ်စားလှယ်တစ်ဦးကိုပဲ အစည်းအဝေးပွဲတွေ တက်ခွင့်ပေးမယ်လို့ ဖိတ်ကြားခဲ့လို့ စစ်ကောင်စီဘက်က ဒါဟာ အာဆီယံပဋိညာဉ်ကို ချိုးဖောက်တာဆိုပြီး ဆွေးနွေးပွဲတွေကို လူမလွှတ်ခဲ့ပါဘူး။

ဒါ့အပြင် စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ဟာ ကမ္ဘောဒီးယားအစိုးရရဲ့ဖိတ်ကြားချကနဲ့ ဒီနေ့ ဖနွမ်းပင်ကို ခရီးထွက်သွားတယ်လို့ အမည်မဖော်လိုတဲ့ နိုင်ငံခြားရေးဌာန အရာရှိတစ်ယောက်ကပြောဆိုကြောင်း RFA သတင်းမှာ ဖော်ပြထားပါတယ်။

အာဆီယံအသင်းမှာ သြဇာကြီးတဲ့ စင်္ကာပူ၊ အင်ဒိုနီးရှား၊ မလေးရှား တို့က ဘုံသဘောတူညီချက် ၅ ချက်ကို စစ်ကောင်စီကမလိုက်နာတဲ့အတွက် မြန်မာစစ်ခေါင်းဆောင်ကို ဖိအားပေးဆက်ဆံနေတဲ့အချိန်မှာ၊ နောက် နှစ်မှာ အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်လာမယ့် ကမ္ဘောဒီးယားက အခုလိုဆက်ဆံလာတာဖြစ်ပါတယ်။

————- 

ကေမာၻဒီးယားႏိုင္ငံမွာ ႏွစ္ေပါင္း ၂၀ ေက်ာ္ အာဏာယူထားတဲ့ ဝန္ႀကီးခ်ဳပ္ ဟြန္ဆန္က ျမန္မာစစ္ေကာင္စီနဲ႔ ဆက္ဆံသြားမယ္လို႔ ဒီေန႔ေျပာလိုက္ပါတယ္။

မနက္ျဖန္မွာ စစ္ေကာင္စီက ခန႔္ထားတဲ့ ႏိုင္ငံျခားေရးဝန္ႀကီး ဦးဝဏၰေမာင္လြင္နဲ႔ ေတြ႕ဖို႔ စီစဥ္ထားသလို၊ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္နဲ႔ ေတြ႕ဖို႔ သူကိုယ္တိုင္လည္း ေနျပည္ေတာ္ကို သြားမယ့္အစီအစဥ္လည္း ျဖစ္လာႏိုင္တယ္လို႔ ဟြန္ဆန္က ေျပာတဲ့အေၾကာင္း AFP သတင္းမွာ ေဖာ္ျပထားပါတယ္။

ကေမာၻဒီးယားဝန္ႀကီးခ်ဳပ္ကေတာ့ ျမန္မာဟာ အာဆီယံအဖြဲ႕ဝင္ႏိုင္ငံျဖစ္လို႔ စစ္ေကာင္စီဘက္ကလည္း ေဆြးေႏြးပြဲေတြကို တက္ခြင့္ရွိတယ္လို႔ တ႐ုတ္ရန္ပုံေငြနဲ႔ မတည္တဲ့ေဆာက္လုပ္ေရးစီမံကိန္းတစ္ခုဖြင့္ပြဲမွာ ေျပာလာတာပါ။

ျမန္မာနဲ႔ ပတ္သက္လို႔ အုပ္ခ်ဳပ္သူနဲ႔ ဆက္ဆံ႐ုံကလြဲလို႔ တျခားနည္းလမ္းမရွိဘူးလို႔ ဟြန္ဆန္က ေျပာသလို၊ အာဆီယံညီလာခံေတြကို ျမန္မာစစ္ေခါင္းေဆာင္ တက္ခြင့္ရွိတယ္လို႔လည္း သူကေျပာပါတယ္။

“ အာဆီယံဟာ အဖြဲ႕ဝင္ ၁၀ ႏိုင္ငံစလုံးကို ကိုယ္စားျပဳရမယ္‌ေလ။ ျမန္မာက အာဆီယံရဲ႕ မိသားစုဝင္တစ္ႏိုင္ငံျဖစ္ပါတယ္။ သူတို႔အေနနဲ႔ အစည္းအေဝးေတြကို တက္ေရာက္ဖို႔ အခြင့္အေရး ရွိရပါလိမ့္မယ္။

ဗိုလ္ခ်ဳပ္ႀကီး မင္းေအာင္လႈိင္နဲ႔ အတူ အလုပ္လုပ္ဖို႔အတြက္ သူနဲ႔ ေတြ႕ဖို႔ ကြၽန္ေတာ္ ေနျပည္ေတာ္သြားဖို႔နဲ႔ပတ္သက္လို႔ အားေကာင္းတဲ့ ျဖစ္ႏိုင္ေျခတစ္ခု ရွိပါတယ္။

တကယ္လို႔ ကြၽန္ေတာ့္အေနနဲ႔ ေခါင္းေဆာင္ပိုင္းနဲ႔ အလုပ္မလုပ္ရင္ ကြၽန္ေတာ္ ဘယ္သူနဲ႔အတူ လုပ္ႏိုင္မွာလဲ။ ” ဟု ေျပာၾကားလိုက္တာပါ။

ျမန္မာ့အေရးအာဆီယံေခါင္းေဆာင္ေတြၾကားရရွိထားတဲ့ဘုံသေဘာတူညီခ်က္ေတြကို စစ္ေကာင္စီဘက္က အေကာင္အထည္ေဖာ္ရာမွာ တိုးတက္မႈမရွိဘူးဆိုၿပီး အာဆီယံက အာဏာသိမ္းစစ္ေခါင္းေဆာင္ကို ထိပ္သီးအစည္းအေဝးပြဲေတြကို မဖိတ္ၾကားခဲ့ပါဘူး။

အဲဒီအစား ႏိုင္ငံေရးနဲ႔မဆက္ႏြယ္တဲ့ကိုယ္စားလွယ္တစ္ဦးကိုပဲ အစည္းအေဝးပြဲေတြ တက္ခြင့္ေပးမယ္လို႔ ဖိတ္ၾကားခဲ့လို႔ စစ္ေကာင္စီဘက္က ဒါဟာ အာဆီယံပဋိညာဥ္ကို ခ်ိဳးေဖာက္တာဆိုၿပီး ေဆြးေႏြးပြဲေတြကို လူမလႊတ္ခဲ့ပါဘူး။

ဒါ့အျပင္ စစ္ေကာင္စီရဲ႕ ႏိုင္ငံျခားေရးဝန္ႀကီး ဦးဝဏၰေမာင္လြင္ဟာ ကေမာၻဒီးယားအစိုးရရဲ႕ဖိတ္ၾကားခ်ကနဲ႔ ဒီေန႔ ဖႏြမ္းပင္ကို ခရီးထြက္သြားတယ္လို႔ အမည္မေဖာ္လိုတဲ့ ႏိုင္ငံျခားေရးဌာန အရာရွိတစ္ေယာက္ကေျပာဆိုေၾကာင္း RFA သတင္းမွာ ေဖာ္ျပထားပါတယ္။

အာဆီယံအသင္းမွာ ၾသဇာႀကီးတဲ့ စကၤာပူ၊ အင္ဒိုနီးရွား၊ မေလးရွား တို႔က ဘုံသေဘာတူညီခ်က္ ၅ ခ်က္ကို စစ္ေကာင္စီကမလိုက္နာတဲ့အတြက္ ျမန္မာစစ္ေခါင္းေဆာင္ကို ဖိအားေပးဆက္ဆံေနတဲ့အခ်ိန္မွာ၊ ေနာက္ ႏွစ္မွာ အာဆီယံအလွည့္က်ဥကၠ႒ျဖစ္လာမယ့္ ကေမာၻဒီးယားက အခုလိုဆက္ဆံလာတာျဖစ္ပါတယ္။

Be the first to comment on "မင်းအောင်လှိုင်နဲ့ မလုပ်ရရင် ဘယ်သူနဲ့လုပ်ရမလဲဟု ဟွန်ဆန်မေးခွန်းထုတ်"

Leave a comment

Your email address will not be published.


*