ရန်ကုန်အပါအဝင် မြစ်ဝကျွန်းပေါ်ဒေသတွေ အခုရက်ပိုင်း ရာသီဥတုပိုအေးမည်

ရန်ကုန်အပါအဝင် မြစ်ဝကျွန်းပေါ်ဒေသတွေ အခုရက်ပိုင်း ရာသီဥတုပိုအေးမည်

ယနေ့ ဒီဇင်ဘာ ၆ ရက်မှ ၉ ရက်အထိကာလအတွင်း ရန်ကုန်တိုင်းဒေသကြီး အပါအဝင် မြစ်ဝကျွန်းပေါ်ဒေသများတွင် ရာသီဥတုအအေး ပိုလာနိုင်ခြေရှိကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ သိရပါတယ်။

လက်ရှိတွင် အရှေ့မြောက်လေ အားကောင်းလာသည့်အတွက် ဒီဇင်ဘာ ၆ ရက်မှ ၉ ရက်အထိ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊

ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးတွင် ရာသီဥတုအေးလာမည်ဖြစ်ကြောင်း သိရပါတယ်။

အထူးသဖြင့် မနက်ပိုင်းအချိန်တွင် ပိုအေးမည်ဖြစ်ပြီး ဒီဇင်ဘာလ(၉)ရက်နောက်ပိုင်းမှ အအေးအနည်းငယ်လျော့နိုင်ကာ ဇန်နဝါရီလတွင် ပုံမှန်ဆောင်းရာသီအပူချိန်အတိုင်း ပြန်အေးမည်ဖြစ်ကြောင်း သိရပါတယ်။

လက်ရှိတွင် ကပ္ပလီပင်လယ်ပြင်တွင် ဖြစ်ပေါ်ခဲ့သည့် မုန်တိုင်းသည် အားလျော့ပြီး လေဖိအားနည်းရပ်ဝန်းပြန်ဖြစ်နိုင်ကာ အဆိုပါအရှိန်ကြောင့် ချင်းပြည်နယ်၊

ရခိုင်ပြည်နယ်မြောက်ပိုင်း၊ စစ်ကိုင်းတိုင်း အထက်ပိုင်း၊ ကချင်ပြည်နယ်တို့တွင် မိုးရွာသွန်းပြီး အအေးလျော့နိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်။

———— 








Be the first to comment on "ရန်ကုန်အပါအဝင် မြစ်ဝကျွန်းပေါ်ဒေသတွေ အခုရက်ပိုင်း ရာသီဥတုပိုအေးမည်"

Leave a comment

Your email address will not be published.


*