သမ္မတနှင့် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်တို့ကို ချမှတ်ခဲ့သော ထောင်ဒဏ် ၄ နှစ်အနက် ၂ နှစ်ကို လွတ်ငြိမ်းခွင့် ပြုကြောင်း စစ်ကောင်စီ ဆို

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့် ကို စစ်ကောင်စီက ထောင်ဒဏ် ၂ နှစ် လျှော့ .. အကျဉ်းထောင် မပို့ဘဲ လက်ရှိနေရာမှာ ဆက်ထားမယ်လို့ ဆို

နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကို ဒီဇင်ဘာ ၆ ရက် မနက်မှာ နေပြည်တော်အထူးတရားရုံးက ထောင်ဒဏ် ၄ နှစ် ချမှတ်ခဲ့ပြီး ညနေခင်းမှာ စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထောင်ဒဏ် ၂ နှစ် လွတ်ငြိမ်းသက်သာခွင့်ပြုလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် နဲ့ သမ္မတဦးဝင်းမြင့်တို့ကို ပုဒ်မ ၅၀၅(ခ) နဲ့ ထောင်ဒဏ် ၂ နှစ်စီ၊ သဘာဝဘေးစီမံခန့်ခွဲရေး ဥပဒေနဲ့ ထောင်ဒဏ် ၂ နှစ်စီ ချမှတ်ခဲ့တာပါ။

အလားတူ သမ္မတဦးဝင်းမြင့်ကိုလည်း ထောင်ဒဏ် ၂ နှစ် သက်သာခွင့်ပြုခဲ့ပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်းထောင်ကိုပို့မှာမဟုတ်ဘဲ လက်ရှိ ထိန်းသိမ်းထားရာနေရာမှာပဲ ဆက်ထားမယ်လို့ စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ဘီဘီစီကိုပြောပါတယ်။

ဒါကြောင့် ဖေဖော်ဝါရီ ၁ ရက်ကတည်းက ထိန်းသိမ်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်တို့ဟာ ချုပ်ရက်တွေကိုနှုတ်လိုက်ရင် ထောင်ဒဏ် ၁ နှစ်နဲ့ ၂ လပဲ ကျခံရမှာဖြစ်ပါတယ်။

ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ နှစ်ရှည်ထောင်ဒဏ်တွေပါတဲ့ နောက်ထပ် အမှု ၉ မှုအထိ ဆက်လက် ရင်ဆိုင်ရမှာဖြစ်ပါတယ်။

ဘီဘီစီ မြန်မာပိုင်း

———- 

ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ဦးဝင္းျမင့္ ကို စစ္ေကာင္စီက ေထာင္ဒဏ္ ၂ ႏွစ္ ေလွ်ာ့

အက်ဥ္းေထာင္ မပို႔ဘဲ လက္ရွိေနရာမွာ ဆက္ထားမယ္လို႔ ဆို

ႏိုင္ငံေတာ္ရဲ႕ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ ကို ဒီဇင္ဘာ ၆ ရက္ မနက္မွာ ေနျပည္ေတာ္အထူးတရား႐ုံးက ေထာင္ဒဏ္ ၄ ႏွစ္ ခ်မွတ္ခဲ့ၿပီး ညေနခင္းမွာ စစ္ေကာင္စီဥကၠဌ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ေထာင္ဒဏ္ ၂ ႏွစ္ လြတ္ၿငိမ္းသက္သာခြင့္ျပဳလိုက္ပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္ နဲ႔ သမၼတဦးဝင္းျမင့္တို႔ကို ပုဒ္မ ၅၀၅(ခ) နဲ႔ ေထာင္ဒဏ္ ၂ ႏွစ္စီ၊ သဘာဝေဘးစီမံခန႔္ခြဲေရး ဥပေဒနဲ႔ ေထာင္ဒဏ္ ၂ ႏွစ္စီ ခ်မွတ္ခဲ့တာပါ။

အလားတူ သမၼတဦးဝင္းျမင့္ကိုလည္း ေထာင္ဒဏ္ ၂ ႏွစ္ သက္သာခြင့္ျပဳခဲ့ပါတယ္။

ဒါ့အျပင္ ေဒၚေအာင္ဆန္းစုၾကည္ကို အက်ဥ္းေထာင္ကိုပို႔မွာမဟုတ္ဘဲ လက္ရွိ ထိန္းသိမ္းထားရာေနရာမွာပဲ ဆက္ထားမယ္လို႔ စစ္ေကာင္စီသတင္းထုတ္ျပန္ေရးအဖြဲ႕ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ဘီဘီစီကိုေျပာပါတယ္။

ဒါေၾကာင့္ ေဖေဖာ္ဝါရီ ၁ ရက္ကတည္းက ထိန္းသိမ္းခံထားရတဲ့ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ဦးဝင္းျမင့္တို႔ဟာ ခ်ဳပ္ရက္ေတြကိုႏႈတ္လိုက္ရင္ ေထာင္ဒဏ္ ၁ ႏွစ္နဲ႔ ၂ လပဲ က်ခံရမွာျဖစ္ပါတယ္။

ဒါေပမဲ့ ေဒၚေအာင္ဆန္းစုၾကည္ဟာ ႏွစ္ရွည္ေထာင္ဒဏ္ေတြပါတဲ့ ေနာက္ထပ္ အမႈ ၉ မႈအထိ ဆက္လက္ ရင္ဆိုင္ရမွာျဖစ္ပါတယ္။

ဘီဘီစီ ျမန္မာပိုင္း

Be the first to comment on "သမ္မတနှင့် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်တို့ကို ချမှတ်ခဲ့သော ထောင်ဒဏ် ၄ နှစ်အနက် ၂ နှစ်ကို လွတ်ငြိမ်းခွင့် ပြုကြောင်း စစ်ကောင်စီ ဆို"

Leave a comment

Your email address will not be published.


*