အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်အတွက် သီးသန့်ထားရှိရန် ဆောက်လုပ်ထားတဲ့ အကျဉ်းထောင်တစ်ခု ပြီးစီးတော့မယ်လို့ သိရ
(အမိန့်ချပြီးတာနဲ့ နေရာပြောင်းရွှေ့ဖို့ရှိ)
နေပြည်တော်၊ ဒီဇင်ဘာ ၆
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒဏ်စီရင်ပြီးပါက ထားရှိဖို့အတွက် နေပြည်တော် အကျဉ်းထောင် ပရဝဏ်အတွင်း သီးသန့်အဆောင်တစ်ခု ဆောက်လုပ်နေပြီး ပြီးစီးတော့မယ်လို့ နေပြည်တော် အသိုင်းအဝိုင်းဆီက သိရပါတယ်။
SAC က ဒီကနေ့ ဒီဇင်ဘာလ ၆ ရက်မှာ နိုင်ငံတော် အတိုင်ပင်ခံနဲ့သမ္မတ ဦးဝင်းမြင့်တို့ကို စွဲဆိုထားတဲ့အမှုတွေထဲက အချို့အမှုတွေကို အပြီးသတ်အမိန့်ချမှာ ဖြစ်ပါတယ်။
အမိန့်ချမှတ်ပြီးနောက် လက်ရှိထိန်းသိမ်းထားရာနေရာကနေ အကျဉ်းထောင်ထဲကို ရွှေ့ပြောင်းမှာ ဖြစ်တာကြောင့် နေပြည်တော်ထောင် ပရဝဏ်အတွင်း သီးခြားအဆောင် ဆောက်လုပ်နေတာဖြစ်ကြောင်း သိရပါတယ်။
အကျဉ်းထောင်ဥပဒေအရ စီရင်ချက်ချပြီးတဲ့ အကျဉ်းသားကို အကျဉ်းထောင်ပြင်ပမှာ ထားခွင့်မရှိတာကြောင့် အခုလို ထောင်တွင်းမှာ သီးသန့်ထားရှိတာဖြစ်တယ်လို့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။
ပြီးခဲ့တဲ့ ၂၀၀၉ ခုနှစ်ကလည်း ဒေါ်အောင်ဆန်းစုကြည် တက္ကသိုလ်ရိပ်သာလမ်းရှိ နေအိမ်မှာ အကျယ်ချုပ်ချထားခံရစဉ်က နေအိမ်ကို ရေကူးဝင်ရောက်တဲ့ အမေရိကန်နိုင်ငံသား ဂျွန်ယက်တောကို လက်ခံတဲ့ အမှုကို စစ်ဆေးစဉ်
ဗိုလ်ချုပ်မှူးကြီး သန်းရွှေဦးဆောင်တဲ့ စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို အင်းစိန်ထောင်ပရဝဏ်အတွင်းရှိ သီးခြားအဆောင်တစ်ခုမှာ ထားရှိအကျဉ်းချခဲ့တဲ့ ဖြစ်စဉ်လည်း ရှိခဲ့ပါသေးတယ်။
Mercury_Media
———-
အတိုင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္အတြက္ သီးသန႔္ထားရွိရန္ ေဆာက္လုပ္ထားတဲ့ အက်ဥ္းေထာင္တစ္ခု ၿပီးစီးေတာ့မယ္လို႔ သိရ
(အမိန႔္ခ်ၿပီးတာနဲ႔ ေနရာေျပာင္းေ႐ႊ႕ဖို႔ရွိ)
ေနျပည္ေတာ္၊ ဒီဇင္ဘာ ၆
ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ကို ျပစ္ဒဏ္စီရင္ၿပီးပါက ထားရွိဖို႔အတြက္ ေနျပည္ေတာ္ အက်ဥ္းေထာင္ ပရဝဏ္အတြင္း သီးသန႔္အေဆာင္တစ္ခုေဆာက္လုပ္ေနၿပီး ၿပီးစီးေတာ့မယ္လို႔ ေနျပည္ေတာ္ အသိုင္းအဝိုင္းဆီက သိရပါတယ္။
SAC က ဒီကေန႔ ဒီဇင္ဘာလ ၆ ရက္မွာ ႏိုင္ငံေတာ္ အတိုင္ပင္ခံနဲ႔သမၼတ ဦးဝင္းျမင့္တို႔ကို စြဲဆိုထားတဲ့အမႈေတြထဲက အခ်ိဳ႕အမႈေတြကို အၿပီးသတ္အမိန႔္ခ်မွာ ျဖစ္ပါတယ္။
အမိန႔္ခ်မွတ္ၿပီးေနာက္ လက္ရွိထိန္းသိမ္းထားရာေနရာကေန အက်ဥ္းေထာင္ထဲကို ေ႐ႊ႕ေျပာင္းမွာ ျဖစ္တာေၾကာင့္ ေနျပည္ေတာ္ေထာင္ ပရဝဏ္အတြင္း သီးျခားအေဆာင္ ေဆာက္လုပ္ေနတာျဖစ္ေၾကာင္း သိရပါတယ္။
အက်ဥ္းေထာင္ဥပေဒအရ စီရင္ခ်က္ခ်ၿပီးတဲ့ အက်ဥ္းသားကို အက်ဥ္းေထာင္ျပင္ပမွာ ထားခြင့္မရွိတာေၾကာင့္ အခုလို ေထာင္တြင္းမွာ သီးသန႔္ထားရွိတာျဖစ္တယ္လို႔ သုံးသပ္မႈေတြလည္း ရွိေနပါတယ္။
ၿပီးခဲ့တဲ့ ၂၀၀၉ ခုႏွစ္ကလည္း ေဒၚေအာင္ဆန္းစုၾကည္ တကၠသိုလ္ရိပ္သာလမ္းရွိ ေနအိမ္မွာ အက်ယ္ခ်ဳပ္ခ်ထားခံရစဥ္က ေနအိမ္ကို ေရကူးဝင္ေရာက္တဲ့ အေမရိကန္ႏိုင္ငံသား ဂြၽန္ယက္ေတာကို လက္ခံတဲ့ အမႈကို စစ္ေဆးစဥ္
ဗိုလ္ခ်ဳပ္မႉးႀကီး သန္းေ႐ႊဦးေဆာင္တဲ့ စစ္အစိုးရက ေဒၚေအာင္ဆန္းစုၾကည္ကို အင္းစိန္ေထာင္ပရဝဏ္အတြင္းရွိ သီးျခားအေဆာင္တစ္ခုမွာ ထားရွိအက်ဥ္းခ်ခဲ့တဲ့ ျဖစ္စဥ္လည္း ရွိခဲ့ပါေသးတယ္။
Mercury_Media
Be the first to comment on "အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်အတွက် သီးသန့်ထားရှိရန် ဆောက်လုပ်ထားတဲ့ အကျဉ်းထောင်တစ်ခု ပြီးစီးတော့မယ်လို့ သိရ"