စစ်ကောင်စီတပ်ဖွဲ့ မိုင်းဆွဲခံရပြီး စစ်သား၂၃ ဦးသေဆုံး

နွားထိုးကြီးတွင် စစ်ကောင်စီတပ်ဖွဲ့ မိုင်းဆွဲခံရပြီး စစ်သား၂၃ ဦးသေဆုံး၊ ခရမ်းတွင် ရဲ ၃ ဦး မိုင်းထိ၍ သေဆုံး

မန္တလေး၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်အတွင်းသို့ နယ်မြေရှင်းလင်းရန်လာရောက်သော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို ဒီဇင်ဘာလ ၆ ရက် နံနက်ပိုင်းတွင် 27 Revolution Forces နှင့် Natogyi People Defence Force တို့က ဆွဲမိုင်းဖြင့် တိုက်ခိုက်ခဲ့ပြီး စစ်သား ၂၃ ဦးသေဆုံးကာ ၁၇ ဦး ဒဏ်ရာရကြောင်း 27 Revolution Forces က သတင်းထုတ်ပြန်သည်။

“နွားထိုးနယ်၊ ကျောက်တန်းရွာ လမ်းဆုံမှာ စစ်ခွေးတွေကို ကျနော်တို့ ၆ လုံးမိုင်းနဲ့ ၂ ခါဆွဲပြီး တိုက်တာ” ဟု 27 Revolution Forces က ပြောဆိုသည်။

အလားတူ ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ်ရှိ ရဲစခန်းနှင့် ပညာရေးမှူးရုံးတွင် တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များကို ခရမ်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က

ဒီဇင်ဘာလ ၅ ရက် ယမန်နေ့ည ၈ နာရီ ၂၀ မိနစ်ခန့်တွင် အဝေးထိန်းမိုင်း ၃ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး စစ်သား ၃ ဦးသေဆုံးပြီး ၇ ဦးသေဆုံးကြောင်း ဒေသသတင်းရင်းမြစ်များထံမှ သိရှိရသည်။

`ခရမ်းသွေးမအေးဘူး၊ သမိုင်းမရိုင်းဘူးဆိုတာ ပြတာ၊ မကြေညာဘူး တကယ်ဗျင်းတာ ခရမ်း။ ပြီးတော့ ကြည်မြင့်တိုင်အတွက်လည်း သွေးကြွေးပြန်တောင်းတာပါ´ ဟု ခရမ်း PDF တာဝန်ရှိသူတစ်ဦးက Khayan Channel သို့ ပြောဆိုသည်။

ဓာတ်ပုံ- အကြမ်းဖက် စစ်ကောင်စီတပ်သားများ။ Photo Credit- AFP

———— 

ႏြားထိုးႀကီးတြင္ စစ္ေကာင္စီတပ္ဖြဲ႕ မိုင္းဆြဲခံရၿပီး စစ္သား၂၃ ဦးေသဆုံး၊ ခရမ္းတြင္ ရဲ ၃ ဦး မိုင္းထိ၍ ေသဆုံး

မႏၲေလး၊ ျမင္းၿခံခ႐ိုင္၊ ႏြားထိုးႀကီးၿမိဳ႕နယ္အတြင္းသို႔ နယ္ေျမရွင္းလင္းရန္လာေရာက္ေသာ အၾကမ္းဖက္စစ္ေကာင္စီတပ္ဖြဲ႕ကို ဒီဇင္ဘာလ ၆ ရက္ နံနက္ပိုင္းတြင္

27 Revolution Forces ႏွင့္ Natogyi People Defence Force တို႔က ဆြဲမိုင္းျဖင့္ တိုက္ခိုက္ခဲ့ၿပီး စစ္သား ၂၃ ဦးေသဆုံးကာ ၁၇ ဦး ဒဏ္ရာရေၾကာင္း 27 Revolution Forces က သတင္းထုတ္ျပန္သည္။

“ႏြားထိုးနယ္၊ ေက်ာက္တန္း႐ြာ လမ္းဆုံမွာ စစ္ေခြးေတြကို က်ေနာ္တို႔ ၆ လုံးမိုင္းနဲ႔ ၂ ခါဆြဲၿပီး တိုက္တာ” ဟု 27 Revolution Forces က ေျပာဆိုသည္။

အလားတူ ရန္ကုန္တိုင္း၊ ခရမ္းၿမိဳ႕နယ္ရွိ ရဲစခန္းႏွင့္ ပညာေရးမႉး႐ုံးတြင္ တပ္စြဲထားေသာ အၾကမ္းဖက္စစ္ေကာင္စီတပ္ဖြဲ႕မ်ားကို ခရမ္းၿမိဳ႕နယ္ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕က

ဒီဇင္ဘာလ ၅ ရက္ ယမန္ေန႔ည ၈ နာရီ ၂၀ မိနစ္ခန႔္တြင္ အေဝးထိန္းမိုင္း ၃ လုံးျဖင့္ ေဖာက္ခြဲတိုက္ခိုက္ခဲ့ၿပီး စစ္သား ၃ ဦးေသဆုံးၿပီး ၇ ဦးေသဆုံးေၾကာင္း ေဒသသတင္းရင္းျမစ္မ်ားထံမွ သိရွိရသည္။

`ခရမ္းေသြးမေအးဘူး၊ သမိုင္းမ႐ိုင္းဘူးဆိုတာ ျပတာ၊ မေၾကညာဘူး တကယ္ဗ်င္းတာ ခရမ္း။ ၿပီးေတာ့ ၾကည္ျမင့္တိုင္အတြက္လည္း ေသြးေႂကြးျပန္ေတာင္းတာပါ´ ဟု ခရမ္း PDF တာဝန္ရွိသူတစ္ဦးက Khayan Channel သို႔ ေျပာဆိုသည္။

ဓာတ္ပုံ- အၾကမ္းဖက္ စစ္ေကာင္စီတပ္သားမ်ား။ Photo Credit- AFP

Be the first to comment on "စစ်ကောင်စီတပ်ဖွဲ့ မိုင်းဆွဲခံရပြီး စစ်သား၂၃ ဦးသေဆုံး"

Leave a comment

Your email address will not be published.


*