ဒီဇင္ဘာ ၂၄ ရက္ သဃၤန္းကၽြန္းၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေရႊလွဝင္းက တရားဝင္ေျပာၾကားခဲ့ပါတယ္။
“ျမဴးဇစ္ဇုန္ေကတီဗြီ ကိစၥ လႊတ္ေတာ္မွာ ကၽြန္ေတာ္ေမးျမန္းတာကို ဝန္ႀကီးဌာနက ဒီဇင္ဘာ ၁ ရက္ေန႔မွာ ေျဖၾကားပါတယ္။ အဲဒါကို လႊတ္ေတာ္က အေၾကာင္းၾကားတဲ့စာကေတာ့ ကၽြန္ေတာ့္ဆီ ဒီဇင္ဘာ ၂၃ ရက္ မေန႔က ေရာက္ပါတယ္။ ဝန္ႀကီးဌာနကေျဖၾကားစာထဲမွာ ပါတဲ့အရဆိုရင္ ျပည္ေထာင္စုႀကံ့ခိုင္ဖြံၿဖိဳးေရးအသင္းအေနျဖင့္ ေလၽွာက္ထားၿပီး ေနာက္ပိုင္းတြင္ နိုင္ငံေရးပါတီအျဖစ္သို႔ ေျပာင္းလဲဖြဲ႕စည္းသြားျခင္း၊ အသင္း၏ မူလဖြဲ႕ ရည္ရြယ္ခ်က္ျဖစ္ေသာ လူမွုေရးလုပ္ငန္းမ်ား ေဖာ္ေဆာင္ျခင္းမျပဳဘဲ ပုဂၢလိကလုပ္ငန္းမ်ားတို႔ကို ထပ္ဆင့္ငွားရမ္းထားျခင္းတို႔ေၾကာင့္
ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႕ႏွင့္ ေဆာက္လုပ္ေရးဝန္ႀကီးဌာနတို႔၏ မူဝါဒ လမ္းညႊန္မ်ားျဖင့္ ေျမအသုံးျပဳခြင့္အား ရပ္စဲၿပီး အစိုးရေျမအျဖစ္ ျပန္လည္သတ္မွတ္၍ ေျမစီမံခန႔္ခြဲမွုလုပ္ငန္းမ်ားကို ေဆာင္ရြက္သြားမည္ျဖစ္ပါေၾကာင္း ကၽြန္ေတာ္တို႔ ျပန္ၾကားပါတယ္” ဟု ၎ကေျပာပါတယ္။
ျမဴးဇစ္ဇုန္ေျမေနရာသည္ တရားမဝင္ေၾကာင္းကို ကိုဗစ္ဒုတိယလွိုင္းတြင္ ေကတီဗြီဖြင့္လွစ္ရာမွ ကိုဗစ္ေရာဂါပိုး ကူးစက္မွုေၾကာင့္ လူအမ်ားမွ သိရွိလာခဲ့ျခင္း ျဖစ္ပါတယ္။ ၎ျမဴးဇစ္ဇုန္ႏွင့္ ဆက္စပ္၍ ကိုဗစ္ေရာဂါပိုး ကူးစက္ခံရသူ လူ ၉၀ ေက်ာ္ရွိခဲ့ၿပီး ၎ပိုင္ရွင္ ဦးေဇာ္မင္းႏွင့္ ဆိုင္မန္ေနဂ်ာကို သဘာဝေဘးအႏၲရာယ္ စီမံခန႔္ခြဲမွုဥပေဒျဖင့္ အမွုဖြင့္အေရးယူခဲ့ပါတယ္။
———
ဒီဇင်ဘာ ၂၄ ရက် သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရွှေလှဝင်းက တရားဝင်ပြောကြားခဲ့ပါတယ်။
“မြူးဇစ်ဇုန်ကေတီဗွီ ကိစ္စ လွှတ်တော်မှာ ကျွန်တော်မေးမြန်းတာကို ဝန်ကြီးဌာနက ဒီဇင်ဘာ ၁ ရက်နေ့မှာ ဖြေကြားပါတယ်။ အဲဒါကို လွှတ်တော်က အကြောင်းကြားတဲ့စာကတော့ ကျွန်တော့်ဆီ ဒီဇင်ဘာ ၂၃ ရက် မနေ့က ရောက်ပါတယ်။ ဝန်ကြီးဌာနကဖြေကြားစာထဲမှာ ပါတဲ့အရဆိုရင် ပြည်ထောင်စုကြံ့ခိုင်ဖွံဖြိုးရေးအသင်းအနေဖြင့် လျှောက်ထားပြီး နောက်ပိုင်းတွင် နိုင်ငံရေးပါတီအဖြစ်သို့ ပြောင်းလဲဖွဲ့စည်းသွားခြင်း၊ အသင်း၏ မူလဖွဲ့ ရည်ရွယ်ချက်ဖြစ်သော လူမှုရေးလုပ်ငန်းများ ဖော်ဆောင်ခြင်းမပြုဘဲ ပုဂ္ဂလိကလုပ်ငန်းများတို့ကို ထပ်ဆင့်ငှားရမ်းထားခြင်းတို့ကြောင့်
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနတို့၏ မူဝါဒ လမ်းညွှန်များဖြင့် မြေအသုံးပြုခွင့်အား ရပ်စဲပြီး အစိုးရမြေအဖြစ် ပြန်လည်သတ်မှတ်၍ မြေစီမံခန့်ခွဲမှုလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ကျွန်တော်တို့ ပြန်ကြားပါတယ်” ဟု ၎င်းကပြောပါတယ်။
မြူးဇစ်ဇုန်မြေနေရာသည် တရားမဝင်ကြောင်းကို ကိုဗစ်ဒုတိယလှိုင်းတွင် ကေတီဗွီဖွင့်လှစ်ရာမှ ကိုဗစ်ရောဂါပိုး ကူးစက်မှုကြောင့် လူအများမှ သိရှိလာခဲ့ခြင်း ဖြစ်ပါတယ်။ ၎င်းမြူးဇစ်ဇုန်နှင့် ဆက်စပ်၍ ကိုဗစ်ရောဂါပိုး ကူးစက်ခံရသူ လူ ၉၀ ကျော်ရှိခဲ့ပြီး ၎င်းပိုင်ရှင် ဦးဇော်မင်းနှင့် ဆိုင်မန်နေဂျာကို သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဥပဒေဖြင့် အမှုဖွင့်အရေးယူခဲ့ပါတယ်။
Be the first to comment on "မြူးဇစ်ဇုန်ကေတီဗီ မြေနေရာကို နိုင်ငံတော်ပိုင်မြေအဖြစ် ပြန်လည်သိမ်းဆည်းလိုက်ပြီ"