တက္ကသိုလ်ဝင်တန်းစာမေးပွဲများ ကျင်းပသွားမည့် ကာလကို မတ်လ ၃၀ ရက်မှ ဧပြီ ၉ ရက်အထိ ကျင်းပသွားမည်ဟု စကစ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဒေါက်တာညွှန့်ဖေက ရန်ကုန်တက္ကသိုလ်ပါမောက္ခချုပ် အပါအဝင် တာဝန်ရှိသူများနှင့် ဒီဇင်ဘာလ ၄ရက်နေ့က တွေ့ဆုံစဉ် ပြောကြားခဲ့ပါတယ်။
တက္ကသိုလ်ဝင်တန်းစာမေးပွဲ အဖြေလွှာများကို အချိန်မီစစ်ဆေးနိုင်ရေး ပြင်ဆင်စီမံဆောင်ရွက်လျက်ရှိကြောင်းလည်း စကစ ဝန်ကြီးက ထည့်သွင်းအသိပေးခဲ့ပါတယ်။
ယခုနှစ် ပညာသင်နှစ် အခြေခံပညာစာသင်နှစ်၏ ပထမ နှစ်ဝက်စစ်ဆေးခြင်းကို လာမည့် ဇန်နဝါရီလထဲနှင့် နှစ်ဆုံးစစ်ဆေးခြင်းအား မတ်လထဲတွင် ဆောင်ရွက်မည်ဟု စကစ ပြန်ကြားရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုထားပြီးဖြစ်ပါတယ်။
ဇွန်လ ၁ ရက်နေတွင် ဖွင့်လှစ်ပြီး ဇူလိုင်လတွင် ကိုဗစ်ကြောင့် ပြန်ပိတ်ကာ နိုဝင်ဘာ ၁ရက်တွင် ပြန်ဖွင့်သည့် အခြေခံပညာကျောင်းများ၏ စာသင်နှစ်သည် အချိန်ကာလအားဖြင့် ၆လသာ ရှိပြီး စကစ ပညာရေးဝန်ကြီးဌာနက သင်ခန်းစာများအား ပြင်ဆင်ရေးဆွဲထားတယ်လို့ သိရပါတယ်။
———–
တကၠသိုလ္ဝင္တန္းစာေမးပြဲမ်ား က်င္းပသြားမည့္ ကာလကို မတ္လ ၃၀ ရက္မွ ဧၿပီ ၉ ရက္အထိ က်င္းပသြားမည္ဟု စကစ ပညာေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး
ေဒါက္တာၫႊန႔္ေဖက ရန္ကုန္တကၠသိုလ္ပါေမာကၡခ်ဳပ္ အပါအဝင္ တာဝန္ရွိသူမ်ားႏွင့္ ဒီဇင္ဘာလ ၄ရက္ေန႔က ေတြ႕ဆုံစဥ္ ေျပာၾကားခဲ့ပါတယ္။
တကၠသိုလ္ဝင္တန္းစာေမးပြဲ အေျဖလႊာမ်ားကို အခ်ိန္မီစစ္ေဆးႏိုင္ေရး ျပင္ဆင္စီမံေဆာင္႐ြက္လ်က္ရွိေၾကာင္းလည္း စကစ ဝန္ႀကီးက ထည့္သြင္းအသိေပးခဲ့ပါတယ္။
ယခုႏွစ္ ပညာသင္ႏွစ္ အေျခခံပညာစာသင္ႏွစ္၏ ပထမ ႏွစ္ဝက္စစ္ေဆးျခင္းကို လာမည့္ ဇန္နဝါရီလထဲႏွင့္ ႏွစ္ဆုံးစစ္ေဆးျခင္းအား မတ္လထဲတြင္ ေဆာင္႐ြက္မည္ဟု စကစ ျပန္ၾကားေရးအဖြဲ႕ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာဆိုထားၿပီးျဖစ္ပါတယ္။
ဇြန္လ ၁ ရက္ေနတြင္ ဖြင့္လွစ္ၿပီး ဇူလိုင္လတြင္ ကိုဗစ္ေၾကာင့္ ျပန္ပိတ္ကာ ႏိုဝင္ဘာ ၁ရက္တြင္ ျပန္ဖြင့္သည့္ အေျခခံပညာေက်ာင္းမ်ား၏ စာသင္ႏွစ္သည္ အခ်ိန္ကာလအားျဖင့္ ၆လသာ ရွိၿပီး စကစ ပညာေရးဝန္ႀကီးဌာနက သင္ခန္းစာမ်ားအား ျပင္ဆင္ေရးဆြဲထားတယ္လို႔ သိရပါတယ္။
Be the first to comment on "စကစ လက်အောက်မှာ ပြုလုပ်မယ့် ဆယ်တန်းစာမေးပွဲ အချိန်စာရင်းကို ကြေညာလိုက်ပြီ"