“ဒီမိုကရေစီ ထိပ်သီးအစည်းအဝေးကို အမေရိကန် သမ္မတ Joe Biden ကမကထပြု ကျင်းပမည်”

“ဒီမိုကရေစီ ထိပ်သီးအစည်းအဝေးကို အမေရိကန် သမ္မတ Joe Biden ကမကထပြု ကျင်းပမည်”

ဒီဇင်ဘာ ၉ ရက်နဲ့ ၁၀ ရက်နေ့တွေမှာ သမ္မတ Joe Biden ကမကထပြု ကျင်းပမယ့် အွန်လိုင်း ဒီမိုကရေစီ ထိပ်သီးအစည်းအဝေးကို ကမ္ဘာ့ခေါင်းဆောင်တွေ၊ အရပ်ဘက် လူမှုအဖွဲ့တွေနဲ့ ပုဂ္ဂလိကကဏ္ဍက ကိုယ်စားလှယ်တွေ တက်ရောက်ကြဖို့ ရှိပါတယ်။

ဒီအစည်းအဝေးကနေ “ဒီမိုကရေစီ သွေးသစ် လောင်းဖို့နဲ့ ဒီကနေ့ခေတ်မှာ ဒီမိုကရေစီနိုင်ငံတွေ ရင်ဆိုင်နေရတဲ့ အ ကြီးမားဆုံး ခြိမ်းခြောက်မှုတွေကို စုပေါင်းလုပ်ဆောင်မှုနဲ့ ဖြေရှင်းသွားဖို့ သဘော တူ အစီအစဉ်တခုကို ချမှတ်မှာ” ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းထားပြီး အာဖဂန်နစ္စတန်မှာ တာလီဘန်အဖွဲ့ အာဏာပြန်ယူလိုက်တာ အပါ အဝင် ကမ္ဘာတဝန်းမှာ အာဏာရှင်အစိုးရတွေ ပိုများလာနေချိန် ဒီမိုကရေစီ အား

ကောင်းခိုင်မာအောင် လုပ်မယ်လို့ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး ကာလအတွင်း သမ္မတဘိုင်ဒန်က ကတိပေးခဲ့တာရဲ့ တစိတ်တပိုင်းအဖြစ် အခု ထိပ်သီးအစည်းအဝေးကို ကျင်းပမှာ ဖြစ်ပါတယ်။

ထိပ်သီးအစည်းအဝေးရဲ့ ရည်ရွယ်ချက်တွေက တော့ ဒီမိုကရေစီ အားကောင်းခိုင်မာစေဖို့၊ အာ ဏာရှင်ဝါဒရန်ကနေ ခုခံကာကွယ်ဖို့၊ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ဖို့နဲ့ လူ့အခွင့်အရေးကို အားပေးမြှင့်တင်ဖို့တို့ ဖြစ်တယ်လို့ နိုင်ငံခြားရေးဌာနက ထုတ်ပြန်ထားပါတယ်။

အစည်းအဝေးတက်ဖို့ ဖိတ်ထားတဲ့ နိုင်ငံတွေထဲမှာ လစ်ဘရယ် ဒီမိုကရေစီနိုင်ငံတွေ၊ ဒီမိုကရေစီ အား နည်းနေဆဲ နိုင်ငံတွေအပြင် အာဏာရှင် စရိုက်လ က္ခဏာမျိုးတွေရှိတဲ့ နိုင်ငံအတော်များများတောင်မှ ပါဝင်ပြီး စုစုပေါင်း နိုင်ငံ ၁၀၀ ကျော်ကို ဖိတ်ထားပါတယ်။

Freedom House အဖွဲ့ရဲ့ ဒီမိုကရေစီညွှန်းကိန်းအရ အ စည်းအဝေးတက်ဖို့ ဖိတ်ထားတဲ့ထဲမှာ ၇၇ နိုင်ငံက လွတ် လပ်တဲ့ ဒါမှမဟုတ် ဒီမိုကရေစီ အပြည့်အဝရှိတဲ့ နိုင်ငံတွေအဖြစ် သတ်မှတ်ခံထားရတဲ့ နိုင်ငံတွေဖြစ်ပြီး ၃၁ နိုင်ငံက “တစိတ်တပိုင်း လွတ် လပ်” တဲ့ နိုင်ငံအဆင့်၊ သုံးနိုင်ငံက “လွတ်လပ်မှုမရှိ” တဲ့အဆင့်သတ်မှတ်ခံထားရတဲ့ နိုင်ငံတွေ ဖြစ်ပါတယ်။

———-

“ဒီမိုကေရစီ ထိပ္သီးအစည္းအေဝးကို အေမရိကန္ သမၼတ Joe Biden ကမကထျပဳ က်င္းပမည္”

ဒီဇင္ဘာ ၉ ရက္နဲ႔ ၁၀ ရက္ေန႔ေတြမွာ သမၼတ Joe Biden ကမကထျပဳ က်င္းပမယ့္ အြန္လိုင္း ဒီမိုကေရစီ ထိပ္သီးအစည္းအေဝးကို ကမာၻ႔ေခါင္းေဆာင္ေတြ၊ အရပ္ဘက္ လူမႈအဖြဲ႕ေတြနဲ႔ ပုဂၢလိကက႑က ကိုယ္စားလွယ္ေတြ တက္ေရာက္ၾကဖို႔ ရွိပါတယ္။

ဒီအစည္းအေဝးကေန “ဒီမိုကေရစီ ေသြးသစ္ ေလာင္းဖို႔နဲ႔ ဒီကေန႔ေခတ္မွာ ဒီမိုကေရစီႏိုင္ငံေတြ ရင္ဆိုင္ေနရတဲ့ အ ႀကီးမားဆုံး ၿခိမ္းေျခာက္မႈေတြကို စုေပါင္းလုပ္ေဆာင္မႈနဲ႔ ေျဖရွင္းသြားဖို႔ သေဘာ တူ အစီအစဥ္တခုကို ခ်မွတ္မွာ” ျဖစ္ပါတယ္။

ျမန္မာႏိုင္ငံမွာ စစ္တပ္က အာဏာသိမ္းထားၿပီး အာဖဂန္နစၥတန္မွာ တာလီဘန္အဖြဲ႕ အာဏာျပန္ယူလိုက္တာ အပါ အဝင္ ကမာၻတဝန္းမွာ အာဏာရွင္အစိုးရေတြ ပိုမ်ားလာေနခ်ိန္ ဒီမိုကေရစီ အား

ေကာင္းခိုင္မာေအာင္ လုပ္မယ္လို႔ ေ႐ြးေကာက္ပြဲ မဲဆြယ္စည္း႐ုံးေရး ကာလအတြင္း သမၼတဘိုင္ဒန္က ကတိေပးခဲ့တာရဲ႕ တစိတ္တပိုင္းအျဖစ္ အခု ထိပ္သီးအစည္းအေဝးကို က်င္းပမွာ ျဖစ္ပါတယ္။

ထိပ္သီးအစည္းအေဝးရဲ႕ ရည္႐ြယ္ခ်က္ေတြက ေတာ့ ဒီမိုကေရစီ အားေကာင္းခိုင္မာေစဖို႔၊ အာ ဏာရွင္ဝါဒရန္ကေန ခုခံကာကြယ္ဖို႔၊ အက်င့္ပ်က္ျခစားမႈ တိုက္ဖ်က္ဖို႔နဲ႔ လူ႔အခြင့္အေရးကို အားေပးျမႇင့္တင္ဖို႔တို႔ ျဖစ္တယ္လို႔ ႏိုင္ငံျခားေရးဌာနက ထုတ္ျပန္ထားပါတယ္။

အစည္းအေဝးတက္ဖို႔ ဖိတ္ထားတဲ့ ႏိုင္ငံေတြထဲမွာ လစ္ဘရယ္ ဒီမိုကေရစီႏိုင္ငံေတြ၊ ဒီမိုကေရစီ အား နည္းေနဆဲ ႏိုင္ငံေတြအျပင္ အာဏာရွင္ စ႐ိုက္လ ကၡဏာမ်ိဳးေတြရွိတဲ့ ႏိုင္ငံအေတာ္မ်ားမ်ားေတာင္မွ ပါဝင္ၿပီး စုစုေပါင္း ႏိုင္ငံ ၁၀၀ ေက်ာ္ကို ဖိတ္ထားပါတယ္။

Freedom House အဖြဲ႕ရဲ႕ ဒီမိုကေရစီၫႊန္းကိန္းအရ အ စည္းအေဝးတက္ဖို႔ ဖိတ္ထားတဲ့ထဲမွာ ၇၇ ႏိုင္ငံက လြတ္ လပ္တဲ့ ဒါမွမဟုတ္ ဒီမိုကေရစီ အျပည့္အဝရွိတဲ့ ႏိုင္ငံေတြအျဖစ္ သတ္မွတ္ခံထားရတဲ့ ႏိုင္ငံေတြျဖစ္ၿပီး ၃၁ ႏိုင္ငံက “တစိတ္တပိုင္း လြတ္ လပ္” တဲ့ ႏိုင္ငံအဆင့္၊ သုံးႏိုင္ငံက “လြတ္လပ္မႈမရွိ” တဲ့အဆင့္သတ္မွတ္ခံထားရတဲ့ ႏိုင္ငံေတြ ျဖစ္ပါတယ္။

Be the first to comment on "“ဒီမိုကရေစီ ထိပ်သီးအစည်းအဝေးကို အမေရိကန် သမ္မတ Joe Biden ကမကထပြု ကျင်းပမည်”"

Leave a comment

Your email address will not be published.


*