အာဟာရပြည့် စားလို့ကောင်း ဘဲဥ သီးစုံပဲဟင်း တပွဲကို ကျပ် ၂၀၀ ထဲနဲ့ စတင် ရောင်းချပါပြီ

စေတနာရှင်ပရဟိတအသင်း-ရန်ကုန်မှ ညနေဟင်းလျာအဖြစ် ဘဲဥ သီးစုံပဲဟင်းကို ဒဂုံအရှေ့ ၇/၈ ဂိတ်ဟောင်းလမ်းဆုံ၊ ငထွေးရူးလမ်းမကြီး

သူထက်စံ မုန်ဟင်းခါးဆိုင် နေရာမှာ ဒီဇင်ဘာ ၃ ရက်နေ့ ညနေ ၄း၅၂ မှာ စတင်ရောင်းရာ ၅း၁၂ မိနစ်မှာ အကုန်ရောင်းချ လှူဒါန်းပြီးခဲ့ကြောင်း သိရပါတယ်။

အခြေခံပြည်သူများအတွက် ဘဲဥ + သီးစုံပဲဟင်းအား ၂၀၀ကျပ်ဖြင့် ရောင်းချပေးခဲ့ရာ ဘဲဥ အလုံး ၁၅၀ ပဲဟင်း လူဦးရေ ၁၈၅ယောက်စာ ဝေငှပေးနိုင်ခဲ့ပါတယ်။

အပတ်စဉ် စနေနေ့ တနင်္ဂနွေနေ့တွေမှာ လှူဒါန်းပေးနိုင်ဖို့အတွက်လည်း အလှူရှင်များ ဖိတ်ခေါ်ထားပါတယ်။

မြန်ကောင်းသက်သာ (၅၀၀) ကျပ်တန် ထမင်းတွေကိုလည်း လူကြိုက်များကြသလို မိသားစုဝင်တွေ များတဲ့ အိမ်တွေမှာလည်း ဒီလို ပဲဟင်းတပွဲ ၂၀၀ နဲ့ တအိမ်သားလုံး စားလို့ ရကြပါတယ်။

(၅၀၀) ကျပ်တန် ဇလုံထမင်းဆိုင်တွေ အများအပြား ပေါ်လာသလို ဟင်းပွဲတွေကို ဒီလို ရောင်းတဲ့ နေရာမျိုး များများ ပေါ်လာပါစေလို့ မျှော်လင့် ရပါတယ်။

ကာလဒါန လှူဒါန်းကျတဲ့ အလှူရှင်တွေနဲ့ ဝေယျာဝစ္စ ကုသိုလ် ယူကြတဲ့ ကုသိုလ်ရှင်တွေ အားလုံး ကျန်းမာ ချမ်းသာကြပါစေလို့ ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ် ခင်ဗျာ။

———–

ေစတနာရွင္ပရဟိတအသင္း-ရန္ကုန္မွ ညေနဟင္းလ်ာအျဖစ္ ဘဲဥ သီးစုံပဲဟင္းကို ဒဂုံအေရွ႕ ၇/၈ ဂိတ္ေဟာင္းလမ္းဆုံ၊ ငေထြး႐ူးလမ္းမႀကီး

သူထက္စံ မုန္ဟင္းခါးဆိုင္ ေနရာမွာ ဒီဇင္ဘာ ၃ ရက္ေန႔ ညေန ၄း၅၂ မွာ စတင္ေရာင္းရာ ၅း၁၂ မိနစ္မွာ အကုန္ေရာင္းခ် လႉဒါန္းၿပီးခဲ့ေၾကာင္း သိရပါတယ္။

အေျခခံျပည္သူမ်ားအတြက္ ဘဲဥ + သီးစုံပဲဟင္းအား ၂၀၀က်ပ္ျဖင့္ ေရာင္းခ်ေပးခဲ့ရာ ဘဲဥ အလုံး ၁၅၀ ပဲဟင္း လူဦးေရ ၁၈၅ေယာက္စာ ေဝငွေပးႏိုင္ခဲ့ပါတယ္။

အပတ္စဥ္ စေနေန႔ တနဂၤေႏြေန႔ေတြမွာ လႉဒါန္းေပးႏိုင္ဖို႔အတြက္လည္း အလႉရွင္မ်ား ဖိတ္ေခၚထားပါတယ္။

ျမန္ေကာင္းသက္သာ (၅၀၀) က်ပ္တန္ ထမင္းေတြကိုလည္း လူႀကိဳက္မ်ားၾကသလို မိသားစုဝင္ေတြ မ်ားတဲ့ အိမ္ေတြမွာလည္း ဒီလို ပဲဟင္းတပြဲ ၂၀၀ နဲ႔ တအိမ္သားလုံး စားလို႔ ရၾကပါတယ္။

(၅၀၀) က်ပ္တန္ ဇလုံထမင္းဆိုင္ေတြ အမ်ားအျပား ေပၚလာသလို ဟင္းပြဲေတြကို ဒီလို ေရာင္းတဲ့ ေနရာမ်ိဳး မ်ားမ်ား ေပၚလာပါေစလို႔ ေမွ်ာ္လင့္ ရပါတယ္။

ကာလဒါန လႉဒါန္းက်တဲ့ အလႉရွင္ေတြနဲ႔ ေဝယ်ာဝစၥ ကုသိုလ္ ယူၾကတဲ့ ကုသိုလ္ရွင္ေတြ အားလုံး က်န္းမာ ခ်မ္းသာၾကပါေစလို႔ ဆုေတာင္းေမတၱာ ပို႔သလိုက္ပါတယ္ ခင္ဗ်ာ။

Be the first to comment on "အာဟာရပြည့် စားလို့ကောင်း ဘဲဥ သီးစုံပဲဟင်း တပွဲကို ကျပ် ၂၀၀ ထဲနဲ့ စတင် ရောင်းချပါပြီ"

Leave a comment

Your email address will not be published.


*