ရေအားလျှပ်စစ်ထုတ်လုပ်ရေးအပြင် နေရောင်ခြည်ကနေပါ လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖို့ စီစဉ်နေတယ်လို့ စစ်ခေါင်းဆောင် ပြော

ရေအားလျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးအပြင် နေရောင်ခြည်ကနေ လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖို့ စီစဥ်နေတယ်လို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​ပြော

ရန်ကုန်၊ ဒီဇင်ဘာ ၄

သဘာ၀ပတ်၀န်းကျင်ကို ထိခိုက်မှုနည်းစေဖို့ ရေအားလျှပ်စစ်ထုတ်လုပ်ရေးနဲ့ နေရောင်ခြည်ကနေ လျှပ်စစ်စွမ်းအင်ထုတ်လုပ်ရေး လုပ်ငန်းတွေ အကောင်အထည်ဖော်ဖို့ စီစဥ်နေတယ်လို့ ဒီဇင်ဘာ ၃ ရက်နေ့က ပြုလုပ်တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးမှာ​ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောပါတယ်။

အများပြည်သူသုံး ပို့ဆောင်ဆက်သွယ်ရေးလုပ်ငန်းတွေကို ဘက်စုံဖွင့်ဖြိုးတိုးတက်အောင်ဆောင်ရွက်နေပြီး စက်သုံးဆီသုံးစွဲမှုလျော့ကျအောင် လျှပ်စစ်စွမ်းအင်နဲ့သွားလာနိုင်အောင် စီစဥ်နေတာကြောင့် လျှပ်စစ်ဓာတ်အားလုံလောက်အောင် ထုတ်လုပ်နိုင်ဖို့ဆောင်ရွက်နေကြောင်းလည်း ပြောကြားပါတယ်။

ဆက်လက်ပြီး ပြည်ပဆေးဝါးတင်သွင်းမှုလျော့ချနိုင်ဖို့ ပြည်သူတွေဆေးဝါးသုံးစွဲမှုလျော့ချပြီး ကျန်းမာရေးကောင်းအောင် နေထိုင်စားသောက်ကြဖို့နဲ့ ငွေကြေးအကုန်ကျခံပြီး ပြည်ပမှာဆေးသွားမကုကြဘဲ ပြည်တွင်းက ဆေးရုံ၊ ဆေးခန်းတွေကို အထောက်အကူပစ္စည်းတွေ အဆင်မြှင့်တင်ပေးဖို့လည်း ပြောကြားပါတယ်။

ဗီဇကွဲ အိုမီခရွန်ရောဂါပိုးနဲ့ ပတ်သတ်ပြီးလည်း မပေါ့ဆကြဖို့နဲ့ လိုအပ်တဲ့ ပြင်ဆင်မှုတွေပြုလုပ်ကြဖို့ပြောထားပြီး ကျောင်းတက်နေတဲ့ ကျောင်းသား၊ ကျောင်းသူတွေကို မထိခိုက်စေဘဲ စာမေးပွဲပြီးတဲ့အထိ ကျောင်းတက်နိုင်အောင်ဆောင်ရွက်ကြဖို့လည်း တိုက်တွန်းပြောကြားထားပါတယ်။

Mercury_Media

———- 

ေရအားလွ်ပ္စစ္ဓာတ္အားထုတ္လုပ္ေရးအျပင္ ေနေရာင္ျခည္ကေန လွ်ပ္စစ္ဓာတ္အားထုတ္လုပ္ဖို႔ စီစဥ္ေနတယ္လို႔ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္​ေျပာ

ရန္ကုန္၊ ဒီဇင္ဘာ ၄

သဘာ၀ပတ္၀န္းက်င္ကို ထိခိုက္မႈနည္းေစဖို႔ ေရအားလွ်ပ္စစ္ထုတ္လုပ္ေရးနဲ႔ ေနေရာင္ျခည္ကေန လွ်ပ္စစ္စြမ္းအင္ထုတ္လုပ္ေရး လုပ္ငန္းေတြ အေကာင္အထည္ေဖာ္ဖို႔ စီစဥ္ေနတယ္လို႔ ဒီဇင္ဘာ ၃ ရက္ေန႔က ျပဳလုပ္တဲ့ ျပည္ေထာင္စုအစိုးရအဖြဲ႕ အစည္းအေဝးမွာ​ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ကေျပာပါတယ္။

အမ်ားျပည္သူသုံး ပို႔ေဆာင္ဆက္သြယ္ေရးလုပ္ငန္းေတြကို ဘက္စုံဖြင့္ၿဖိဳးတိုးတက္ေအာင္ေဆာင္႐ြက္ေနၿပီး စက္သုံးဆီသုံးစြဲမႈေလ်ာ့က်ေအာင္ လွ်ပ္စစ္စြမ္းအင္နဲ႔သြားလာႏိုင္ေအာင္ စီစဥ္ေနတာေၾကာင့္ လွ်ပ္စစ္ဓာတ္အားလုံေလာက္ေအာင္ ထုတ္လုပ္ႏိုင္ဖို႔ေဆာင္႐ြက္ေနေၾကာင္းလည္း ေျပာၾကားပါတယ္။

ဆက္လက္ၿပီး ျပည္ပေဆးဝါးတင္သြင္းမႈေလ်ာ့ခ်ႏိုင္ဖို႔ ျပည္သူေတြေဆးဝါးသုံးစြဲမႈေလ်ာ့ခ်ၿပီး က်န္းမာေရးေကာင္းေအာင္ ေနထိုင္စားေသာက္ၾကဖို႔နဲ႔ ေငြေၾကးအကုန္က်ခံၿပီး ျပည္ပမွာေဆးသြားမကုၾကဘဲ ျပည္တြင္းက ေဆး႐ုံ၊ ေဆးခန္းေတြကို အေထာက္အကူပစၥည္းေတြ အဆင္ျမႇင့္တင္ေပးဖို႔လည္း ေျပာၾကားပါတယ္။

ဗီဇကြဲ အိုမီခ႐ြန္ေရာဂါပိုးနဲ႔ ပတ္သတ္ၿပီးလည္း မေပါ့ဆၾကဖို႔နဲ႔ လိုအပ္တဲ့ ျပင္ဆင္မႈေတြျပဳလုပ္ၾကဖို႔ေျပာထားၿပီး ေက်ာင္းတက္ေနတဲ့ ေက်ာင္းသား၊ ေက်ာင္းသူေတြကို မထိခိုက္ေစဘဲ စာေမးပြဲၿပီးတဲ့အထိ ေက်ာင္းတက္ႏိုင္ေအာင္ေဆာင္႐ြက္ၾကဖို႔လည္း တိုက္တြန္းေျပာၾကားထားပါတယ္။

Mercury_Media

Be the first to comment on "ရေအားလျှပ်စစ်ထုတ်လုပ်ရေးအပြင် နေရောင်ခြည်ကနေပါ လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖို့ စီစဉ်နေတယ်လို့ စစ်ခေါင်းဆောင် ပြော"

Leave a comment

Your email address will not be published.


*