“လမ်းပေါ်နေကလေးများအတွက် သက်မွေးပညာသင်ကြားနိုင်ရန် ဆောင်ရွက်ပေးမည်”ဟု စကစ လက်အောက်ခံ လူကယ်ပြန်ဝန်ကြီးပြော

အကြောင်းအမျိုးမျိုးကြောင့် ပညာဆက်လက်သင်ကြားနိုင်ခြင်းမရှိတော့တဲ့ ကလေးတွေအတွက် သက်မွေးပညာ သင်ကြားပေးနိုင်ရေးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေရရှိရေးတို့အတွက် သက်ဆိုင်ရာဝန်ကြီးဌာနတွေနဲ့ချိတ်ဆက် ဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့ သိရှိရပါတယ်။

“လမ်းပေါ်နေ ကလေးတွေအတွက်ဆောင်ရွက်ရာမှာ အဓိကကတော့ ကလေးတွေ ကျောင်းတက်နိုင်ရေးဖြစ်ပါတယ်။ ဒါပေမဲ့ အမျိုးမျိုးကြောင့် ပညာဆက်လက်

သင်ကြားနိုင်ခြင်း မရှိပါက သက်မွေးပညာတွေ သင်ကြားပေးနိုင်ရေးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေရရှိရေးတို့အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနတွေနဲ့ချိတ်ဆက် ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။

အကြောင်းအမျိုးမျိုးကြောင့် လမ်းပေါ်နေ ကလေးတွေဖြစ်ရတာကြောင့် သူတို့ရဲ့အခက်အခဲတွေကို ခွဲခြမ်းစိ တ်ဖြာနိုင်မှသာ လက်တွေ့ကျစွာ ဆောင်ရွက် နိုင်မှာဖြစ်ပါတယ်” လို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က ပြောကြားပါတယ်။

လမ်းပေါ်နေကလေးတွေ ပညာသင်ကြားနိုင်ရေးအတွ က် စေတနာ့ဝန်ထမ်း (Volunteer) များအား စနစ်တ ကျသင်ကြားလေ့ကျင့်ပြီး ထောက်ပံ့မှုအစီအစဉ်များကို ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊

ကျောင်းပညာ ဆက် လက်သင်ကြားနိုင်မယ့် ကလေးသူငယ်များအတွက် လူမှုကာကွယ် စောင့်ရှောက်ရေးအစီအစဉ် Conditional Cash Transfer Program ဖြင့် ထောက်ပံ့ပေးမှာဖြစ်ပါတယ်။

ဒါအပြင် ကျောင်းပြင်ပ ပညာ ဆက်လက်သင်ကြားနိုင်မယ့် ကလေးတွေအတွက် Mobile Schools အစီအစဉ်များဆောင်ရွက်ပြီး တိုင်းဒေသကြီး ၊ ပြည်နယ်တွေမှာ

စီမံချက်နယ်မြေတွေ တိုးချဲ့နိုင်ရေး ဆက်လက်ဆောင် ရွက်မည် ဖြစ်ကြောင်း သိရပါတယ်။လမ်းပေါ်နေကလေးများ ပညာဆက်လက်သင်ကြားနိုင်ရေး စီမံချက်အတွက်…

နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့ အပါ အဝင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လှိုင်မြို့နယ်၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ မင်္ဂလာတောင်ညွန့် မြို့နယ်၊ ကြည့်မြင်တိုင်မြို့နယ်တို့နှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ

မဟာအောင်မြေမြို့နယ်၊ ချမ်းအေးသာစံမြို့နယ်၊ အောင်မြေသာစံမြို့နယ်၊ ပြည်ကြီးတံခွန်မြို့နယ် တို့ကို ကနဦးစီမံချက်နယ်မြေများအဖြစ်လျာထားသတ်မှတ်ထားပြီးဖြစ်ကြောင်း သိရှိရပါတယ်။

———— 

အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ပညာဆက္လက္သင္ၾကားႏိုင္ျခင္းမရွိေတာ့တဲ့ ကေလးေတြအတြက္ သက္ေမြးပညာ သင္ၾကားေပးႏိုင္ေရးနဲ႔ က်န္းမာေရးေစာင့္ေရွာက္မႈေတြရရွိေရးတို႔အတြက္ သက္ဆိုင္ရာဝန္ႀကီးဌာနေတြနဲ႔ခ်ိတ္ဆက္ ေဆာင္႐ြက္ေပးသြားမွာျဖစ္တယ္လို႔ သိရွိရပါတယ္။

“လမ္းေပၚေန ကေလးေတြအတြက္ေဆာင္႐ြက္ရာမွာ အဓိကကေတာ့ ကေလးေတြ ေက်ာင္းတက္ႏိုင္ေရးျဖစ္ပါတယ္။ ဒါေပမဲ့ အမ်ိဳးမ်ိဳးေၾကာင့္ ပညာဆက္လက္

သင္ၾကားႏိုင္ျခင္း မရွိပါက သက္ေမြးပညာေတြ သင္ၾကားေပးႏိုင္ေရးနဲ႔ က်န္းမာေရးေစာင့္ေရွာက္မႈေတြရရွိေရးတို႔အတြက္ သက္ဆိုင္ရာ ဝန္ႀကီးဌာနေတြနဲ႔ခ်ိတ္ဆက္ ေဆာင္႐ြက္ေပးသြားမွာျဖစ္ပါတယ္။…

အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ လမ္းေပၚေန ကေလးေတြျဖစ္ရတာေၾကာင့္ သူတို႔ရဲ႕အခက္အခဲေတြကို ခြဲျခမ္းစိ တ္ျဖာႏိုင္မွသာ လက္ေတြ႕က်စြာ ေဆာင္႐ြက္ ႏိုင္မွာျဖစ္ပါတယ္” လို႔ လူမႈဝန္ထမ္း၊ ကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရး ဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာသက္သက္ခိုင္က ေျပာၾကားပါတယ္။…

လမ္းေပၚေနကေလးေတြ ပညာသင္ၾကားႏိုင္ေရးအတြ က္ ေစတနာ့ဝန္ထမ္း (Volunteer) မ်ားအား စနစ္တ က်သင္ၾကားေလ့က်င့္ၿပီး ေထာက္ပံ့မႈအစီအစဥ္မ်ားကို ေဆာင္႐ြက္သြားမွာျဖစ္ေၾကာင္း၊

ေက်ာင္းပညာ ဆက္ လက္သင္ၾကားႏိုင္မယ့္ ကေလးသူငယ္မ်ားအတြက္ လူမႈကာကြယ္ ေစာင့္ေရွာက္ေရးအစီအစဥ္ Conditional Cash Transfer Program ျဖင့္ ေထာက္ပံ့ေပးမွာျဖစ္ပါတယ္။

ဒါအျပင္ ေက်ာင္းျပင္ပ ပညာ ဆက္လက္သင္ၾကားႏိုင္မယ့္ ကေလးေတြအတြက္ Mobile Schools အစီအစဥ္မ်ားေဆာင္႐ြက္ၿပီး တိုင္းေဒသႀကီး ၊ ျပည္နယ္ေတြမွာ

စီမံခ်က္နယ္ေျမေတြ တိုးခ်ဲ႕ႏိုင္ေရး ဆက္လက္ေဆာင္ ႐ြက္မည္ ျဖစ္ေၾကာင္း သိရပါတယ္။လမ္းေပၚေနကေလးမ်ား ပညာဆက္လက္သင္ၾကားႏိုင္ေရး စီမံခ်က္အတြက္…

ေနျပည္ေတာ္ေကာင္စီနယ္ေျမ၊ ပ်ဥ္းမနားၿမိဳ႕ အပါ အဝင္ ရန္ကုန္တိုင္းေဒသႀကီးအတြင္းရွိ လႈိင္ၿမိဳ႕နယ္၊ ဒဂုံဆိပ္ကမ္းၿမိဳ႕နယ္၊ မဂၤလာေတာင္ၫြန႔္ ၿမိဳ႕နယ္၊ ၾကည့္ျမင္တိုင္ၿမိဳ႕နယ္တို႔ႏွင့္ မႏၲေလးတိုင္းေဒသႀကီးအတြင္းရွိ

မဟာေအာင္ေျမၿမိဳ႕နယ္၊ ခ်မ္းေအးသာစံၿမိဳ႕နယ္၊ ေအာင္ေျမသာစံၿမိဳ႕နယ္၊ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္ တို႔ကို ကနဦးစီမံခ်က္နယ္ေျမမ်ားအျဖစ္လ်ာထားသတ္မွတ္ထားၿပီးျဖစ္ေၾကာင္း သိရွိရပါတယ္။…

Be the first to comment on "“လမ်းပေါ်နေကလေးများအတွက် သက်မွေးပညာသင်ကြားနိုင်ရန် ဆောင်ရွက်ပေးမည်”ဟု စကစ လက်အောက်ခံ လူကယ်ပြန်ဝန်ကြီးပြော"

Leave a comment

Your email address will not be published.


*