မြောင်မြို့နယ်တွင် စစ်တပ်ပိုင်သင်္ဘောကို PDF များ သိမ်းပိုက်လိုက်ပြီး မြို့အဝင်-အထွက်ကို ထိန်းချုပ်
မြောင် – ဒီဇင်ဘာ ၄၊ ၂၀၂၁။
စစ်ကိုင်းတိုင်း မြောင်မြို့နယ်အတွင်းရှိ မြို့အဝင်-အထွက်တွင် PDF များက စစ်ဆေးရေးဂိတ်များ ထားရှိလိုက်ပြီး စစ်ကောင်စီနှင့်ဆက်နွယ်သောထုတ်ကုန်ပစ္စည်းများကို ပြည်သူပိုင်အဖြစ် သိမ်းဆည်းလိုက်သည်ဟု သိရသည်။
မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့-CDSOM က ဦးဆောင်ပြီး စစ်ကောင်စီသင်္ဘောနှစ်စီးကိုလည်း သိမ်းဆည်းလိုက်သည်ဟု ယနေ့နံနက်ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။
မြိုအဝင်/အထွက် တွင် ထားရှိသည့် စစ်ဆေးရေးဂိတ်အမည်များကို “နတ်မြင်းဂိတ်”၊ “မင်းယက္ခနှင့်ဆင်ရိုင်းဂိတ်”၊ “ဗိုလ်ကျားသစ်ဂိတ်”၊ “ခြသေ့်မင်းဂိတ်” နှင့် “နှလုံးလှဂိတ်” ဟု အမည်ပေးထားသည်။
ထို့အပြင် ပြည်သူ့ကာကွယ်ရေးတပ်များသည် ပြည်သူထံမှ အခွန်ကောက်ခံခြင်းနှင့် လာဘ်ပေးလာဘ်ယူများလုံးဝပြုလုပ်မည်မဟုတ်ဘဲ စစ်ဆေးရေးဂိတ်များတွင် စစ်ဆေးမှုကိုငြင်းဆန်ပါက အရေးယူမည်ဟု ဖော်ပြထားသည်။
ပြည်သူ့ကာကွယ်ရေးတပ်များက သိမ်းဆည်းထားသည့် စစ်ကောင်စီပိုင် ရွှေဂျိုးဖြူဆီသဘော်နှင့် BOC သင်္ဘောများနှင့် စစ်တပ်ထုတ်ကုန်ပစ္စည်းများကို ပြည်သူ့ကာကွယ်ရေးအသုံးစရိတ်နှင့် မြို့နယ်သူ/သားများ ၏အသုံးစရိတ်များအဖြစ်ခွဲဝေသုံးစွဲသွားမည်ဟု သိရသည်။
Source – The 74 Media
————
ေျမာင္ၿမိဳ႕နယ္တြင္ စစ္တပ္ပိုင္သေဘၤာကို PDF မ်ား သိမ္းပိုက္လိုက္ၿပီး ၿမိဳ႕အဝင္-အထြက္ကို ထိန္းခ်ဳပ္
ေျမာင္ – ဒီဇင္ဘာ ၄၊ ၂၀၂၁။
စစ္ကိုင္းတိုင္း ေျမာင္ၿမိဳ႕နယ္အတြင္းရွိ ၿမိဳ႕အဝင္-အထြက္တြင္ PDF မ်ားက စစ္ေဆးေရးဂိတ္မ်ား ထားရွိလိုက္ၿပီး စစ္ေကာင္စီႏွင့္ဆက္ႏြယ္ေသာထုတ္ကုန္ပစၥည္းမ်ားကို ျပည္သူပိုင္အျဖစ္ သိမ္းဆည္းလိုက္သည္ဟု သိရသည္။
ေျမာင္ၿမိဳ႕နယ္ျပည္သူ႔ကာကြယ္ေရးႏွင့္လုံၿခဳံေရးအဖြဲ႕-CDSOM က ဦးေဆာင္ၿပီး စစ္ေကာင္စီသေဘၤာႏွစ္စီးကိုလည္း သိမ္းဆည္းလိုက္သည္ဟု ယေန႔နံနက္ထုတ္ျပန္သည့္ ေၾကညာခ်က္တြင္ ေဖာ္ျပထားသည္။
ၿမိဳအဝင္/အထြက္ တြင္ ထားရွိသည့္ စစ္ေဆးေရးဂိတ္အမည္မ်ားကို “နတ္ျမင္းဂိတ္”၊ “မင္းယကၡႏွင့္ဆင္႐ိုင္းဂိတ္”၊ “ဗိုလ္က်ားသစ္ဂိတ္”၊ “ျခေသ့္မင္းဂိတ္” ႏွင့္ “ႏွလုံးလွဂိတ္” ဟု အမည္ေပးထားသည္။
ထို႔အျပင္ ျပည္သူ႔ကာကြယ္ေရးတပ္မ်ားသည္ ျပည္သူထံမွ အခြန္ေကာက္ခံျခင္းႏွင့္ လာဘ္ေပးလာဘ္ယူမ်ားလုံးဝျပဳလုပ္မည္မဟုတ္ဘဲ စစ္ေဆးေရးဂိတ္မ်ားတြင္ စစ္ေဆးမႈကိုျငင္းဆန္ပါက အေရးယူမည္ဟု ေဖာ္ျပထားသည္။
ျပည္သူ႔ကာကြယ္ေရးတပ္မ်ားက သိမ္းဆည္းထားသည့္ စစ္ေကာင္စီပိုင္ ေ႐ႊဂ်ိဳးျဖဴဆီသေဘာ္ႏွင့္ BOC သေဘၤာမ်ားႏွင့္ စစ္တပ္ထုတ္ကုန္ပစၥည္းမ်ားကို ျပည္သူ႔ကာကြယ္ေရးအသုံးစရိတ္ႏွင့္ ၿမိဳ႕နယ္သူ/သားမ်ား ၏အသုံးစရိတ္မ်ားအျဖစ္ခြဲေဝသုံးစြဲသြားမည္ဟု သိရသည္။
Source – The 74 Media
Be the first to comment on "မြောင်မြို့နယ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ စတင်သိမ်းပိုက် ထိန်းချုပ်လိုက်ပြီ"