တစ်မိုးအောက်တွင် နေထိုင်လာသည့် တိုင်းရင်းသားတွေက မမေ့ပျောက်စေဖို့ ပြည်ထောင်စုနေ့ကျင်းပမည်ဖြစ်ကြောင်း စစ်ကောင်စီပြော

တစ်မိုးအောက်တွင်နေထိုင်လာသည့် တိုင်းရင်းသာတွေကမမေ့ပျောက်စေဖို့ ပြည်ထောင်စုနေ့ကျင်းပမည်ဖြစ်ကြောင်း စစ်ကောင်စီပြော

တိုင်းရင်းသားလူမျိုးပေါင်းစုံ စုစည်း၍ တစ်မြေတည်းနေ တစ်ရေတည်းသောက် တစ်မိုးအောက်ထဲတွင် နေ ထိုင်လာခဲ့ကြသည်ကို မမေ့မပျောက်စေဘဲ ပြည်ထောင်စုနေ့ ဦးတည်ချက် ၅ ရပ်နှင့်အညီ

စိန်ရတုအခမ်းအနား ကြီးကို ကျင်းပသွားရမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောသည်။

၂၀၂၂ ခုနှစ် (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ ကျင်းပရေးဗဟိုကော်မတီ ပထမအကြိမ် ညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌက (၇၅) နှစ်မြောက်ဆိုသည့်အတိုင်း ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်တွင် ကျင်းပပြုလုပ်မည့် ပြည်ထောင်စုနေ့သည် စိန်ရတု အခမ်းအနားဖြစ်သည့်အတွက်

တစ်နိုင်ငံလုံးအတိုင်းအတာအရ သတ်မှတ်ထားသည့် ကိုဗစ်-၁၉ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ထူးခြား ခမ်းနားပြီး စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း ပြောသည်။

(၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ ရောက်ရှိခဲ့မှု သမိုင်းကြောင်းကို ကြည့်မည်ဆိုလျှင် အမျိုးသား ခေါင်ဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းဆောင်၍နိုင်ငံ၏လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာပြန် လည်ရရှိရေးတို့အတွက်

တိုင်းရင်းသားများနှင့် စုစည်းကာ တောင်တန်းနှင့် ပြည်မ ပြန်လည်ပေါင်းစည်း၍ တစ်သွေးတစ်သားတည်းဖြစ်အောင် ၁၉၄၇ ဖေဖော်ဝါရီလ ၁၂ ရက်တွင် ရှမ်းပြည်နယ်၊

ပင်လုံမြို့၌ ပင်လုံ ညီလာခံကျင်းပကာ လွတ်လပ်ရေးကို ပြည်နယ် ပြည်မ မခွဲခြားဘဲ ရယူမည်ဆိုသည့် တစ်ညီတစ်ညွတ်တည်း စိတ်ဓာတ်ဖြင့် ပင်လုံစာချုပ်ကြီး ထွက်ပေါ်လာခဲ့ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌက ပြောသည်။

သမိုင်းအစဉ်အဆက်နှင့် ယနေ့အချိန်ကာလအထိ ကြည့်မည်ဆိုလျှင် လက်ရှိ မိမိတို့နိုင်ငံတွင် လူဦးရေ စာရင်း အရ သန်း (၅၀) ကျော်ရှိကြောင်း၊ အဆိုပါ သန်း(၅၀) ကျော်သည် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်နှင့် ရှမ်းဟူသည့် တိုင်းရင်းသားလူမျိုးစု (၈) ခုနှင့်

တိုင်းရင်းသားလူမျိုးပေါင်းစုံ ၁၃၀ ကျော်တို့သည် ပြည် နယ်နှင့် တိုင်းဒေသကြီး (၁၄) ခု၌ အေးအတူပူအမျှ တိုင်းရင်းသား လူမျိုးပေါင်းစုံ စုစည်း၍ တစ်မြေတည်းနေ တစ်ရေတည်းသောက် တစ်မိုးအောက်ထဲတွင် နေထိုင်လာခဲ့ကြသည်ကို

မမေ့မပျောက်စေဘဲ ပြည်ထောင်စုနေ့ ဦးတည်ချက် ၅ ရပ်နှင့်အညီ စိန်ရတုအခမ်းအနားကြီးကို ကျင်းပသွားရမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဒုတိယဥက္ကဋ္ဌက ပြောကြားခဲ့သည်။

တိုင်းရင်းသားလူမျိုးပေါင်းစုံစုစည်း၍ တစ်မြေတည်းနေ တစ်ရေတည်းသောက် တစ်မိုးအောက်ထဲတွင် နေထိုင် လာခဲ့ကြသည်ကို မမေ့မပျောက်စေဘဲ ပြည်ထောင်စုနေ့ ဦးတည်ချက် ၅ ရပ်နှင့်အညီ ကျင်းပသွားမည် ဖြစ် ကြောင်း န-စ-က ဒုဥက္ကဋ္ဌပြောကြား

တိုင်းရင်းသားလူမျိုးပေါင်းစုံ စုစည်း၍ တစ်မြေတည်းနေ တစ်ရေတည်းသောက် တစ်မိုးအောက်ထဲတွင် နေ ထိုင်လာခဲ့ကြသည်ကို မမေ့မပျောက်စေဘဲ ပြည်ထောင်စုနေ့ ဦးတည်ချက် ၅ ရပ်နှင့်အညီ

စိန်ရတုအခမ်းအနား ကြီးကို ကျင်းပသွားရမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောသည်။

၂၀၂၂ ခုနှစ် (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ ကျင်းပရေးဗဟိုကော်မတီ ပထမအကြိမ် ညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌက (၇၅) နှစ်မြောက်ဆိုသည့်အတိုင်း ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်တွင် ကျင်းပပြုလုပ်မည့် ပြည်ထောင်စုနေ့သည် စိန်ရတု အခမ်းအနားဖြစ်သည့်အတွက်

တစ်နိုင်ငံလုံးအတိုင်းအတာအရ သတ်မှတ်ထားသည့် ကိုဗစ်-၁၉ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ထူးခြား ခမ်းနားပြီး စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း ပြောသည်။

(၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ ရောက်ရှိခဲ့မှု သမိုင်းကြောင်းကို ကြည့်မည်ဆိုလျှင် အမျိုးသား ခေါင်ဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက ဦးဆောင်၍

နိုင်ငံ၏လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာပြန် လည်ရရှိရေးတို့အတွက် တိုင်းရင်းသားများနှင့် စုစည်းကာ တောင်တန်းနှင့် ပြည်မ ပြန်လည်ပေါင်းစည်း၍

တစ်သွေးတစ်သားတည်းဖြစ်အောင် ၁၉၄၇ ဖေဖော်ဝါရီလ ၁၂ ရက်တွင် ရှမ်းပြည်နယ်၊ ပင်လုံမြို့၌ ပင်လုံ ညီလာခံကျင်းပကာ လွတ်လပ်ရေးကို ပြည်နယ် ပြည်မ မခွဲခြားဘဲ

ရယူမည်ဆိုသည့် တစ်ညီတစ်ညွတ်တည်း စိတ်ဓာတ်ဖြင့် ပင်လုံစာချုပ်ကြီး ထွက်ပေါ်လာခဲ့ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌက ပြောသည်။

သမိုင်းအစဉ်အဆက်နှင့် ယနေ့အချိန်ကာလအထိ ကြည့်မည်ဆိုလျှင် လက်ရှိ မိမိတို့နိုင်ငံတွင် လူဦးရေ စာရင်း အရ သန်း (၅၀) ကျော်ရှိကြောင်း၊ အဆိုပါ သန်း(၅၀) ကျော်သည် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်နှင့် ရှမ်းဟူသည့်

တိုင်းရင်းသားလူမျိုးစု (၈) ခုနှင့် တိုင်းရင်းသားလူမျိုးပေါင်းစုံ ၁၃၀ ကျော်တို့သည် ပြည် နယ်နှင့် တိုင်းဒေသကြီး (၁၄) ခု၌ အေးအတူပူအမျှ တိုင်းရင်းသား လူမျိုးပေါင်းစုံ စုစည်း၍

တစ်မြေတည်းနေ တစ်ရေတည်းသောက် တစ်မိုးအောက်ထဲတွင် နေထိုင်လာခဲ့ကြသည်ကို မမေ့မပျောက်စေဘဲ ပြည်ထောင်စုနေ့ ဦးတည်ချက် ၅ ရပ်နှင့်အညီ စိန်ရတုအခမ်းအနားကြီးကို ကျင်းပသွားရမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဒုတိယဥက္ကဋ္ဌက ပြောကြားခဲ့သည်။

source-PeopleMedia

Be the first to comment on "တစ်မိုးအောက်တွင် နေထိုင်လာသည့် တိုင်းရင်းသားတွေက မမေ့ပျောက်စေဖို့ ပြည်ထောင်စုနေ့ကျင်းပမည်ဖြစ်ကြောင်း စစ်ကောင်စီပြော"

Leave a comment

Your email address will not be published.


*