ဖုန်းခေါ်ဆိုခနဲ့ အင်တာနက်ဒေတာနှုန်းတွေ ဈေးနှုန်း ၂ ဆမြှင့်ဖို့ စစ်ကောင်စီညွှန်ကြား

စစ်ကောင်စီရဲ့ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာန ညွှန်ကြားချက်အရ ဖုန်းခေါ်ဆိုမှုနဲ့ အင်တာနက် အစီအစဉ်ဈေးနှုန်းတွေကို ပြောင်းလဲသတ်မှတ်လိုက်ကြောင်း အော်ပရေ တာတချို့က သုံးစွဲသူတွေထံ အကြောင်းကြားမှုတွေ ရှိလာပါတယ်။

အော်ရီဒူးက ဖုန်းခေါ်ဆိုမှုနဲ့ အင်တာနက် အစီအစဉ် ဈေးနှုန်းတွေ ပြောင်းလဲ သတ်မှတ်မယ်ဆိုတဲ့အကြောင်း သုံးစွဲသူတွေထံ ဒီနေ့ ဒီဇင်ဘာ ၃ ရက်မှာ စာတိုပေးပို့မှုစနစ်နဲ့ မက်ဆေ့ချ်တွေ ပေးပို့လာခဲ့ပါတယ်။

စစ်ကောင်စီက ဈေးမြှင့်တင်ခိုင်းထားသည့်အတွက် လာမည့် အင်္ဂါနေ့နောက်ပိုင်းမှ စ၍ ဈေးတက်လာနိုင်ကြောင်း တယ်လီကွန်းကုမ္ပဏီတစ်ခုမှ ဝန်ထမ်းတစ်ဦးက ပြောသည်။

လက်ရှိ ဝယ်ယူ ရရှိနေသည့် ဈေးနှုန်းတူနိုင်သော်လည်း ရရှိမည့် ဒေတာပမဏလျော့နည်းသွားနိုင်သည်ဟု နာမည်မဖော်လိုသူ သတင်းရင်းမြစ်က ဆိုသည်။

၁၀၀၀ ကျပ်တွင် 500MB ကဲ့သို့ ထက်ဝက်ခန့်လျှော့ချသွားရန် စစ်ကောင်စီက ပြင်ဆင်နေ
“ မတက်ခင် အခုစျေးနဲ့ကြိုဝယ်ထားဖို့ပြောပေးစေလိုပါတယ်။ ပြည်သူတွေသက်သာအောင်ပါ ” ဟု သတင်းပေးလာသူက ဆိုသည်။

ယခင်က ၁၀၀၀ ကျပ်ဖြင့် 1GB အသုံးပြု၍ ရပါက ပြောင်းလဲလိုက်ပြီးနောက် ၁၀၀၀ ကျပ်တွင် 500MB ကဲ့သို့ ထက်ဝက်ခန့်လျှော့ချသွားရန် စစ်ကောင်စီက ပြင်ဆင်နေခြင်း ဖြစ်သည်။

“ အရင်က (တယ်လီကွန်း ကုမ္ပဏီတွေအနေနဲ့) Data Package တစ်ခုလုပ်မယ်ဆို စျေးက 1MB ကို ၁ ကျပ်အောက် ဆင်းလို့မရဘူးဗျ။ အခုစျေးက 1MB ကို ၁.၈ ကျပ်အောက် ဆင်းလို့မရဘူး ” ဟု သတင်းရင်းမြစ်က ရှင်းပြသည်။

တယ်လီနောမြန်မာရဲ့ ဒီဇင်ဘာ ၁ ရက် နေ့စွဲနဲ့ ထုတ်ပြန်ချက်အရတော့ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနရဲ့ စည်းမျဉ်းစည်းကမ်းသစ်တွေကြောင့် ဖုန်းဒေတာနဲ့ အသံပရိုမိုးရှင်းနှုန်းထားတွေကို ပြောင်းလဲသွားမှာဖြစ်ပြီး ဒီဇင်ဘာ ၁ ရက်နေ့က စတင်အသက်ဝင်တယ်လို့ ဖော်ပြထားပါတယ်။

ဒါပေမဲ့ ဝယ်ထားပြီးသား အစီအစဉ်ဈေးနှုန်းတွေကတော့ သက်တမ်းကုန်ဆုံးတဲ့နေ့အထိ မူလအတိုင်းသာ ဆက်ရှိနေမယ်လို့ ဖော်ပြထားပါတယ်။

အခုလို ဈေးနှုန်းတွေ ပြောင်းလဲမယ်ဆိုတဲ့အထဲ ဘယ်လောက်၊ ဘယ်လို ဈေးနှုန်းတွေ ပြောင်းလဲသတ်မှတ်မှာလဲဆိုတာကိုတော့ အော်ပရေတာနှစ်ခုလုံးက ရှင်းရှင်းလင်းလင်း ဖော်ပြထားတာမရှိသေးပါဘူး။

လက်ရှိ မြန်မာပြည်တွင်းမှာ အော်ရီဒူး၊ တယ်လီနောအပြင် မြန်မာ့ဆက်သွယ်ရေး MPT အော်ပရေတာ၊ မြန်မာစစ်တပ် ပိုင် မိုင်တဲလ် အော်ပရေတာတို့လည်း ရှိပြီး အဲဒီအော်ပရေတာတွေလည်း ဈေးနှုန်းတွေ ပြောင်းလဲသတ်မှတ်ဖို့ ရှိမရှိ လောလောဆယ် ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။

အသုံးပြုသူတစ်ဦးက”ဒီနေ့ မနက်ပိုင်းကဖုန်းခေါ်ဆိုတာနဲ့ ဒေတာဈေးနှုန်းတွေအပြောင်းအလဲလုပ်မယ်လို့မက်ဆေ့ရောက်တယ်။လက်ရှိဈေးနှုန်းတွေထက်ပိုတက်မယ်လို့ကြားနေရတယ်။

တခြား ဆင်းကဒ်‌သုံးတဲ့သူတွေကိုမေးကြည့်တော့မက်ဆေ့တော့မရောက်သေးဘူး။ဈေးတွေတက်မယ်လို့တော့ကြားတယ်ပြောတယ်။ဘယ်နေ့စပြီးဈေးပြောင်းမယ်လို့တော့ပို့တဲ့မက်ဆေ့မှာ မပါသေးဘူး”လို့ပြောဆိုထားပါတယ်။

လက်ရှိထွက်ပေါ်နေတဲ့ စျေးနှုန်းများအရ ၁ လစာ အင်တာနက် MPT 1GB အတွက် 2850 ks၊ Ooredoo 1 GB အတွက် ၃၀၀၀ ကျပ်နှင့် တယ်လီနော် 1 GB အတွက် အပိုလက်ဆောင် 1 GB မှာ ၅၉၉၀ ကျပ် ဟု ထွက်ပေါ်နေပါတယ်။ လက်ရှိထွက်ပေါ်နေတဲ့ စျေးနှုန်းများကိုတော့ MMdaily Life အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါ။

———–

စစ္ေကာင္စီရဲ႕ ပို႔ေဆာင္ေရးနဲ႔ ဆက္သြယ္ေရးဝန္ႀကီးဌာန ၫႊန္ၾကားခ်က္အရ ဖုန္းေခၚဆိုမႈနဲ႔ အင္တာနက္ အစီအစဥ္ေဈးႏႈန္းေတြကို ေျပာင္းလဲသတ္မွတ္လိုက္ေၾကာင္း ေအာ္ပေရ တာတခ်ိဳ႕က သုံးစြဲသူေတြထံ အေၾကာင္းၾကားမႈေတြ ရွိလာပါတယ္။

ေအာ္ရီဒူးက ဖုန္းေခၚဆိုမႈနဲ႔ အင္တာနက္ အစီအစဥ္ ေဈးႏႈန္းေတြ ေျပာင္းလဲ သတ္မွတ္မယ္ဆိုတဲ့အေၾကာင္း သုံးစြဲသူေတြထံ ဒီေန႔ ဒီဇင္ဘာ ၃ ရက္မွာ စာတိုေပးပို႔မႈစနစ္နဲ႔ မက္ေဆ့ခ်္ေတြ ေပးပို႔လာခဲ့ပါတယ္။

စစ္ေကာင္စီက ေဈးျမႇင့္တင္ခိုင္းထားသည့္အတြက္ လာမည့္ အဂၤါေန႔ေနာက္ပိုင္းမွ စ၍ ေဈးတက္လာႏိုင္ေၾကာင္း တယ္လီကြန္းကုမၸဏီတစ္ခုမွ ဝန္ထမ္းတစ္ဦးက ေျပာသည္။

လက္ရွိ ဝယ္ယူ ရရွိေနသည့္ ေဈးႏႈန္းတူႏိုင္ေသာ္လည္း ရရွိမည့္ ေဒတာပမဏေလ်ာ့နည္းသြားႏိုင္သည္ဟု နာမည္မေဖာ္လိုသူ သတင္းရင္းျမစ္က ဆိုသည္။

၁၀၀၀ က်ပ္တြင္ 500MB ကဲ့သို႔ ထက္ဝက္ခန႔္ေလွ်ာ့ခ်သြားရန္ စစ္ေကာင္စီက ျပင္ဆင္ေန
“ မတက္ခင္ အခုေစ်းနဲ႔ႀကိဳဝယ္ထားဖို႔ေျပာေပးေစလိုပါတယ္။ ျပည္သူေတြသက္သာေအာင္ပါ ” ဟု သတင္းေပးလာသူက ဆိုသည္။

ယခင္က ၁၀၀၀ က်ပ္ျဖင့္ 1GB အသုံးျပဳ၍ ရပါက ေျပာင္းလဲလိုက္ၿပီးေနာက္ ၁၀၀၀ က်ပ္တြင္ 500MB ကဲ့သို႔ ထက္ဝက္ခန႔္ေလွ်ာ့ခ်သြားရန္ စစ္ေကာင္စီက ျပင္ဆင္ေနျခင္း ျဖစ္သည္။

“ အရင္က (တယ္လီကြန္း ကုမၸဏီေတြအေနနဲ႔) Data Package တစ္ခုလုပ္မယ္ဆို ေစ်းက 1MB ကို ၁ က်ပ္ေအာက္ ဆင္းလို႔မရဘူးဗ်။ အခုေစ်းက 1MB ကို ၁.၈ က်ပ္ေအာက္ ဆင္းလို႔မရဘူး ” ဟု သတင္းရင္းျမစ္က ရွင္းျပသည္။

တယ္လီေနာျမန္မာရဲ႕ ဒီဇင္ဘာ ၁ ရက္ ေန႔စြဲနဲ႔ ထုတ္ျပန္ခ်က္အရေတာ့ ပို႔ေဆာင္ေရးနဲ႔ ဆက္သြယ္ေရးဝန္ႀကီးဌာနရဲ႕ စည္းမ်ဥ္းစည္းကမ္းသစ္ေတြေၾကာင့္ ဖုန္းေဒတာနဲ႔ အသံပ႐ိုမိုးရွင္းႏႈန္းထားေတြကို ေျပာင္းလဲသြားမွာျဖစ္ၿပီး ဒီဇင္ဘာ ၁ ရက္ေန႔က စတင္အသက္ဝင္တယ္လို႔ ေဖာ္ျပထားပါတယ္။

ဒါေပမဲ့ ဝယ္ထားၿပီးသား အစီအစဥ္ေဈးႏႈန္းေတြကေတာ့ သက္တမ္းကုန္ဆုံးတဲ့ေန႔အထိ မူလအတိုင္းသာ ဆက္ရွိေနမယ္လို႔ ေဖာ္ျပထားပါတယ္။

အခုလို ေဈးႏႈန္းေတြ ေျပာင္းလဲမယ္ဆိုတဲ့အထဲ ဘယ္ေလာက္၊ ဘယ္လို ေဈးႏႈန္းေတြ ေျပာင္းလဲသတ္မွတ္မွာလဲဆိုတာကိုေတာ့ ေအာ္ပေရတာႏွစ္ခုလုံးက ရွင္းရွင္းလင္းလင္း ေဖာ္ျပထားတာမရွိေသးပါဘူး။

လက္ရွိ ျမန္မာျပည္တြင္းမွာ ေအာ္ရီဒူး၊ တယ္လီေနာအျပင္ ျမန္မာ့ဆက္သြယ္ေရး MPT ေအာ္ပေရတာ၊ ျမန္မာစစ္တပ္ ပိုင္ မိုင္တဲလ္ ေအာ္ပေရတာတို႔လည္း ရွိၿပီး အဲဒီေအာ္ပေရတာေတြလည္း ေဈးႏႈန္းေတြ ေျပာင္းလဲသတ္မွတ္ဖို႔ ရွိမရွိ ေလာေလာဆယ္ ရွင္းရွင္းလင္းလင္းမသိရေသးပါဘူး။

Be the first to comment on "ဖုန်းခေါ်ဆိုခနဲ့ အင်တာနက်ဒေတာနှုန်းတွေ ဈေးနှုန်း ၂ ဆမြှင့်ဖို့ စစ်ကောင်စီညွှန်ကြား"

Leave a comment

Your email address will not be published.


*