စက်တင်ဘာလတုန်းက ကျင်းပခဲ့တဲ့ ကုလသမဂ္ဂညီလာခံမှာ မြန်မာစစ်ကောင်စီက အန်အယ်လ်ဒီအစိုးရက ခန့်အပ်ထားတဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကန့်ကွက်ခဲ့ပြီး စစ်တပ်အငြိမ်းစား အရာရှိ အောင်သူရိန်ကို နေရာပေးဖို့ တောင်းဆိုခဲ့ပါတယ် ။
ကုလသမဂ္ဂဟာ အထောက်အထား စီစစ်ရေး ကော်မတီဝင် ၉ နိုင်ငံကို တာဝန်ပေးပြီး မြန်မာနဲ့ တာလီဘန်ကို ဘယ်သူက ကိုယ်စားပြုသင့်တယ်ဆိုတာ စီစစ်ခိုင်းလိုက်ပါတယ် ။
ကုလသမဂ္ဂမှာ နိုင်ငံကို ကိုယ်စားပြုခွင့် လျှောက်ထားမှုတွေထဲက အာဖဂန်နစ္စတန်နဲ့ မြန်မာတို့နဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက် မချပဲ ရွှေ့ဆိုင်းထားမယ် ဆိုတဲ့ အရည်အချင်းစစ်ကော်မတီရဲ့ သဘောထားကို သိလာရပါတယ်။
အဓိပ္ပာယ်ကတော့ တာလီဘန်တွေရော မြန်မာ အာဏာသိမ်း စစ်ကောင်စီပါ ကုလမှာ နိုင်ငံကို ကိုယ်စားပြုခွင့်မရ ဖြစ်သွားတာပါ။
ကုလသမဂ္ဂရဲ့ ကိုယ်စားလှယ်အသိအမှတ်ပြုမှု့အပေါ်မှာ အသည်းအသန်ဖြစ်နေတဲ့ မြန်မာစစ်ကောင်စီနဲ့ တာလီဘန်တွေဟာ အထောက်အထားစီစစ်ရေးကော်မတီက တရားဝင်အသိအမှတ်ပြုနိုင်ဖို့အတွက် နိုင်ငံတကာ သံတမန်နည်းလမ်းကို အပူတပြင်း ကြိုးစားခဲ့ကြတာပါ ။
ပြီးခဲ့တဲ့ လတွေကတည်းက ကျွမ်းကျင်သူတွေ ခန့်မှန်းခဲ့ကြသလိုမျိုးပဲ ဆုံးဖြတ်ချက် ရွှေ့ဆိုင်းခြင်း လမ်းကြောင်းကနေ ဦးကျော်မိုးထွန်းဟာ သူ့ရဲ့ ကုလဆိုင်ရာ မြန်မာ အမြဲတမ်းကိုယ်စားလှယ် အဖွဲ့ရဲ့ အကြီးအကဲနေရာမှာ ဆက်ရှိသွားမှာ ဖြစ်ပါတယ်။
ကုလသမဂ္ဂမှာ မြန်မာကိုယ်စားပြု သံအမတ် ခန့်အပ်ဖို့အရေး ထပ်မံရွှေ့ဆိုင်းလိုက်တဲ့ ကုလသမဂ္ဂ အရည်အချင်းစစ်ကော်မတီရဲ့ ဆုံးဖြတ်ချက်ကို စစ်ကောင်စီက ရှုတ်ချလိုက်ပါတယ်။
အရည်အချင်းစစ်ကော်မတီရဲ့ ဒီဆုံးဖြတ်ချက်ကြောင့် လက်ရှိ ကုလသမဂ္ဂ မြန်မာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကပဲ မြန်မာကိုယ်စားပြု သံအမတ်ကြီးအဖြစ် ဆက်လက်တည်ရှိနေမှာ ဖြစ်ပါတယ်။
ဒီဆုံးဖြတ်ချက်ဟာ မြေပြင်က လက်တွေ့အခြေအနေကို ထင်ဟပ်မှာ မဟုတ်သလို ကုလအဖွဲ့ဝင် နိုင်ငံအဖြစ်တည်ရှိမှုကိုလည်း သက်ရောက်မှာ မရှိဘူးလို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက အေအက်ဖ်ပီ သတင်းဌာနကို ပြောပါတယ်။
သံတမန်လုပ်ထုံးလုပ်နည်းတွေအတိုင်း ကုလသမဂ္ဂမှာ မြန်မာကိုယ်စားပြု သံအမတ် ခန့်အပ်နိုင်ဖို့အတွက် ဆက်လက်တင်သွင်းသွားမယ်လို့လည်း ဆိုပါတယ်။
အာဏာသိမ်းစစ်ကောင်စီကို ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းက အသိအမှတ်မပြုပေမယ့် သံတမန်နည်းအရ အဆက်အသွယ်ဖြတ်တောက်ခံထားရတာ၊ အထီးကျန်ဆန်တယ်လို့ မခံစားရဘူးလို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုကြောင်း ဘီဘီစီ သတင်းမှာဖော်ပြထားပါတယ်။
———–
စက္တင္ဘာလတုန္းက က်င္းပခဲ့တဲ့ ကုလသမဂၢညီလာခံမွာ ျမန္မာစစ္ေကာင္စီက အန္အယ္လ္ဒီအစိုးရက ခန္႔အပ္ထားတဲ့ သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းကို ကန္႔ကြက္ခဲ့ၿပီး စစ္တပ္အၿငိမ္းစား အရာရွိ ေအာင္သူရိန္ကို ေနရာေပးဖို႔ ေတာင္းဆိုခဲ့ပါတယ္ ။
ကုလသမဂၢဟာ အေထာက္အထား စီစစ္ေရး ေကာ္မတီဝင္ ၉ ႏိုင္ငံကို တာဝန္ေပးၿပီး ျမန္မာနဲ႔ တာလီဘန္ကို ဘယ္သူက ကိုယ္စားျပဳသင့္တယ္ဆိုတာ စီစစ္ခိုင္းလိုက္ပါတယ္ ။
ကုလသမဂၢမွာ ႏိုင္ငံကို ကိုယ္စားျပဳခြင့္ ေလွ်ာက္ထားမႈေတြထဲက အာဖဂန္နစၥတန္နဲ႔ ျမန္မာတို႔နဲ႔ ပတ္သက္ၿပီး ဆုံးျဖတ္ခ်က္ မခ်ပဲ ေ႐ႊ႕ဆိုင္းထားမယ္ ဆိုတဲ့ အရည္အခ်င္းစစ္ေကာ္မတီရဲ႕ သေဘာထားကို သိလာရပါတယ္။
အဓိပၸာယ္ကေတာ့ တာလီဘန္ေတြေရာ ျမန္မာ အာဏာသိမ္း စစ္ေကာင္စီပါ ကုလမွာ ႏိုင္ငံကို ကိုယ္စားျပဳခြင့္မရ ျဖစ္သြားတာပါ။
ကုလသမဂၢရဲ႕ ကိုယ္စားလွယ္အသိအမွတ္ျပဳမႈ႕အေပၚမွာ အသည္းအသန္ျဖစ္ေနတဲ့ ျမန္မာစစ္ေကာင္စီနဲ႔ တာလီဘန္ေတြဟာ အေထာက္အထားစီစစ္ေရးေကာ္မတီက တရားဝင္အသိအမွတ္ျပဳႏိုင္ဖို႔အတြက္ ႏိုင္ငံတကာ သံတမန္နည္းလမ္းကို အပူတျပင္း ႀကိဳးစားခဲ့ၾကတာပါ ။
ၿပီးခဲ့တဲ့ လေတြကတည္းက ကြၽမ္းက်င္သူေတြ ခန႔္မွန္းခဲ့ၾကသလိုမ်ိဳးပဲ ဆုံးျဖတ္ခ်က္ ေ႐ႊ႕ဆိုင္းျခင္း လမ္းေၾကာင္းကေန ဦးေက်ာ္မိုးထြန္းဟာ သူ႔ရဲ႕ ကုလဆိုင္ရာ ျမန္မာ အၿမဲတမ္းကိုယ္စားလွယ္ အဖြဲ႕ရဲ႕ အႀကီးအကဲေနရာမွာ ဆက္ရွိသြားမွာ ျဖစ္ပါတယ္။
ကုလသမဂၢမွာ ျမန္မာကိုယ္စားျပဳ သံအမတ္ ခန႔္အပ္ဖို႔အေရး ထပ္မံေ႐ႊ႕ဆိုင္းလိုက္တဲ့ ကုလသမဂၢ အရည္အခ်င္းစစ္ေကာ္မတီရဲ႕ ဆုံးျဖတ္ခ်က္ကို စစ္ေကာင္စီက ရႈတ္ခ်လိုက္ပါတယ္။
အရည္အခ်င္းစစ္ေကာ္မတီရဲ႕ ဒီဆုံးျဖတ္ခ်က္ေၾကာင့္ လက္ရွိ ကုလသမဂၢ ျမန္မာ အၿမဲတမ္းကိုယ္စားလွယ္ သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းကပဲ ျမန္မာကိုယ္စားျပဳ သံအမတ္ႀကီးအျဖစ္ ဆက္လက္တည္ရွိေနမွာ ျဖစ္ပါတယ္။
ဒီဆုံးျဖတ္ခ်က္ဟာ ေျမျပင္က လက္ေတြ႕အေျခအေနကို ထင္ဟပ္မွာ မဟုတ္သလို ကုလအဖြဲ႕ဝင္ ႏိုင္ငံအျဖစ္တည္ရွိမႈကိုလည္း သက္ေရာက္မွာ မရွိဘူးလို႔ စစ္ေကာင္စီ ေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေအအက္ဖ္ပီ သတင္းဌာနကို ေျပာပါတယ္။
သံတမန္လုပ္ထုံးလုပ္နည္းေတြအတိုင္း ကုလသမဂၢမွာ ျမန္မာကိုယ္စားျပဳ သံအမတ္ ခန႔္အပ္ႏိုင္ဖို႔အတြက္ ဆက္လက္တင္သြင္းသြားမယ္လို႔လည္း ဆိုပါတယ္။
အာဏာသိမ္းစစ္ေကာင္စီကို ကုလသမဂၢအပါအဝင္ ႏိုင္ငံတကာအသိုင္းအဝိုင္းက အသိအမွတ္မျပဳေပမယ့္ သံတမန္နည္းအရ အဆက္အသြယ္ျဖတ္ေတာက္ခံထားရတာ၊ အထီးက်န္ဆန္တယ္လို႔ မခံစားရဘူးလို႔ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာဆိုေၾကာင္း ဘီဘီစီ သတင္းမွာေဖာ္ျပထားပါတယ္။
Be the first to comment on "ဦးကျော်မိုးထွန်းကို ဆက်ခန့်ထားတဲ့ ကုလ ဆုံးဖြတ်ချက် စစ်ကောင်စီ ရှုတ်ချ"