ဒီဇင်ဘာ ၃ ရက်နေ့တွင် ဆိုင်ကလုန်းမုန်တိုင်းအဖြစ်ရောက်ရှိလာနိုင်တဲ့ လေဖိအားနည်းရပ်ဝန်းအခြေအနေ

ဒီဇင်ဘာ ၃ ရက်နေ့တွင် ဆိုင်ကလုန်းမုန်တိုင်းအဖြစ်ရောက်ရှိလာနိုင်တဲ့ လေဖိအားနည်းရပ်ဝန်းအခြေအနေ

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ (၁) ရက်နေ့ ညနေ(၄:၀၀)နာရီအချိန် မိုးဇလမှ ထုတ်ပြန်ချက်အရကပ္ပလီပင်လယ်ပြင်အလယ်ပိုင်းတွင်ဖြစ်ပေါ်နေသောလေဖိအားနည်းရပ်ဝန်း(Low Pressure Area)သည်ဆက်လက်တည်ရှိနေပြီး ပိုမိုအားကောင်းလာနိုင်ကာ

(၂.၁၂.၂၀၂၁)ရက်နေ့တွင် ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်း၌ မုန်တိုင်းငယ်(Depression)အဖြစ်သို့လည်းကောင်း

(၃.၁၂.၂၀၂၁)ရက်နေ့တွင် ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်း၌ ဆိုင်ကလုန်းမုန်တိုင်း (Cyclonic Storm)အဖြစ်သို့လည်းကောင်း ရောက်ရှိနိုင်တယ်လို့ ခန့်မှန်းပေးထားပါတယ်။

မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါသည်။

မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် (၃၅)မိုင်အထိ တိုက်ခတ်နိုင်ပါသည်။ ကျန်မြန်မာ့ပင်လယ်ပြင်တွင်လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊

မုတ္တမကွေ့၊မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့တွင်(၇)ပေမှ (၉)ပေခန့်နှင့်ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၄)ပေမှ(၇)ပေခန့် ရှိနိုင်တယ်လို့ ခန့်မှန်းပေးထားပါတယ်။

မနက်ဖြန်နံနက်အထိခန့်မှန်းချက်အရ တနင်္သာရီတိုင်းဒေသကြီးတွင် နေရာစိပ်စိပ်နှင့် ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပါသည်။ ရွာရန်ရာနှုန်း(၆၀) ဖြစ်တယ်လို့ ခန့်မှန်းထားပါတယ်။

မိုးလေဝသ စုစုစံရဲ့ ခန့်မှန်းပေးထားချက်အရ ၂၀၂၁ဒီဇင်ဘာလ ၂ရက်နေ့မှ ၅ရက်နေ့အတွင်း ဘင်္ဂလားပင်လယ်အော်တွင် Jawad Cyclone မုန်တိုင်းတစ်လုံးဖြစ်ပေါ်နိုင်ပြီး

၆ ရက်နေ့၇ ရက်နေ့ ၈ ရက်နေ့များတွင်အဆိုပါမုန်တိုင်းရဲ့ UAC အထက်လေဝဲစနစ်မှ ချင်းပြည်နယ် စစ်ကိုင်းတိုင်းနှင့်ကချင်ပြည်နယ်တွေမှာမိုးရွာသွန်းနိုင်ပြီး ၇ ရက်နေ့နှင့် ၈ ရက်နေ့တွင်ကချင်ပြည်နယ်ပူတာအိုခရိုင်တွင်မိုးကြီးရေလျှံနိုင်တယ်လို့ ခန့်မှန်းပေးထားပါတယ်။

ရေလမ်းခရီးသွားသူများနှင့် ငါးဖမ်းလုပ်ငန်းလုပ်ကိုင်သူများ ကြိုတင်သတိပြုနိုင်စေဖို့ အသိပေးနှိုးဆော်အပ်ပါသည်။

မိုးဇလ

———– 

ဒီဇင္ဘာ ၃ ရက္ေန႔တြင္ ဆိုင္ကလုန္းမုန္တိုင္းအျဖစ္ေရာက္ရွိလာႏိုင္တဲ့ ေလဖိအားနည္းရပ္ဝန္းအေျခအေန

၂၀၂၁ ခုႏွစ္၊ ဒီဇင္ဘာလ (၁) ရက္ေန႔ ညေန(၄:၀၀)နာရီအခ်ိန္ မိုးဇလမွ ထုတ္ျပန္ခ်က္အရကပၸလီပင္လယ္ျပင္အလယ္ပိုင္းတြင္ျဖစ္ေပၚေနေသာေလဖိအားနည္းရပ္ဝန္း(Low Pressure Area)သည္ဆက္လက္တည္ရွိေနၿပီး ပိုမိုအားေကာင္းလာႏိုင္ကာ

(၂.၁၂.၂၀၂၁)ရက္ေန႔တြင္ ဘဂၤလားပင္လယ္ေအာ္အေရွ႕ေတာင္ပိုင္းႏွင့္ ယင္းႏွင့္ဆက္စပ္လ်က္ရွိေသာ ဘဂၤလားပင္လယ္ေအာ္အေရွ႕အလယ္ပိုင္း၌ မုန္တိုင္းငယ္(Depression)အျဖစ္သို႔လည္းေကာင္း

(၃.၁၂.၂၀၂၁)ရက္ေန႔တြင္ ဘဂၤလားပင္လယ္ေအာ္အလယ္ပိုင္း၌ ဆိုင္ကလုန္းမုန္တိုင္း (Cyclonic Storm)အျဖစ္သို႔လည္းေကာင္း ေရာက္ရွိႏိုင္တယ္လို႔ ခန႔္မွန္းေပးထားပါတယ္။

ျမစ္ဝကြၽန္းေပၚ၊ မုတၱမေကြ႕၊ မြန္-တနသၤာရီကမ္း႐ိုးတန္းတစ္ေလွ်ာက္ႏွင့္ ကမ္းလြန္ပင္လယ္ျပင္တို႔တြင္ တစ္ခါတစ္ရံ မိုးသက္ေလျပင္းမ်ားက်ေရာက္ၿပီး လႈိင္းအသင့္အတင့္မွ လႈိင္းႀကီးႏိုင္ပါသည္။

မိုးသက္ေလျပင္းက်စဥ္ ေရျပင္/ေျမျပင္ေလသည္ တစ္နာရီလွ်င္ (၃၅)မိုင္အထိ တိုက္ခတ္ႏိုင္ပါသည္။ က်န္ျမန္မာ့ပင္လယ္ျပင္တြင္လႈိင္းအသင့္အတင့္ရွိမည္။ လႈိင္းအျမင့္မွာ ျမစ္ဝကြၽန္းေပၚ၊

မုတၱမေကြ႕၊မြန္-တနသၤာရီကမ္း႐ိုးတန္းတစ္ေလွ်ာက္ႏွင့္ကမ္းလြန္ပင္လယ္ျပင္တို႔တြင္(၇)ေပမွ (၉)ေပခန္႔ႏွင့္ရခိုင္ကမ္း႐ိုးတန္းတစ္ေလွ်ာက္ႏွင့္ ကမ္းလြန္ပင္လယ္ျပင္တို႔တြင္ (၄)ေပမွ(၇)ေပခန္႔ ရွိႏိုင္တယ္လို႔ ခန႔္မွန္းေပးထားပါတယ္။

မနက္ျဖန္နံနက္အထိခန္႔မွန္းခ်က္အရ တနသၤာရီတိုင္းေဒသႀကီးတြင္ ေနရာစိပ္စိပ္ႏွင့္ ရန္ကုန္တိုင္းေဒသႀကီး၊ ဧရာဝတီတိုင္းေဒသႀကီး၊ ရွမ္းျပည္နယ္(ေတာင္ပိုင္းႏွင့္ အေရွ႕ပိုင္း)၊ ကရင္ျပည္နယ္ႏွင့္ မြန္ျပည္နယ္တို႔တြင္ ေနရာကြက္က်ား မိုးထစ္ခ်ဳန္း႐ြာႏိုင္ပါသည္။ ႐ြာရန္ရာႏႈန္း(၆၀) ျဖစ္တယ္လို႔ ခန႔္မွန္းထားပါတယ္။

မိုးေလဝသ စုစုစံရဲ႕ ခန႔္မွန္းေပးထားခ်က္အရ ၂၀၂၁ဒီဇင္ဘာလ ၂ရက္ေန႔မွ ၅ရက္ေန႔အတြင္း ဘဂၤလားပင္လယ္ေအာ္တြင္ Jawad Cyclone မုန္တိုင္းတစ္လုံးျဖစ္ေပၚႏိုင္ၿပီး

၆ ရက္ေန႔၇ ရက္ေန႔ ၈ ရက္ေန႔မ်ားတြင္အဆိုပါမုန္တိုင္းရဲ႕ UAC အထက္ေလဝဲစနစ္မွ ခ်င္းျပည္နယ္ စစ္ကိုင္းတိုင္းႏွင့္ကခ်င္ျပည္နယ္ေတြမွာမိုး႐ြာသြန္းႏိုင္ၿပီး ၇ ရက္ေန႔ႏွင့္ ၈ ရက္ေန႔တြင္ကခ်င္ျပည္နယ္ပူတာအိုခ႐ိုင္တြင္မိုးႀကီးေရလွ်ံႏိုင္တယ္လို႔ ခန႔္မွန္းေပးထားပါတယ္။

ေရလမ္းခရီးသြားသူမ်ားႏွင့္ ငါးဖမ္းလုပ္ငန္းလုပ္ကိုင္သူမ်ား ႀကိဳတင္သတိျပဳႏိုင္ေစဖို႔ အသိေပးႏႈိးေဆာ္အပ္ပါသည္။

မိုးဇလ

Be the first to comment on "ဒီဇင်ဘာ ၃ ရက်နေ့တွင် ဆိုင်ကလုန်းမုန်တိုင်းအဖြစ်ရောက်ရှိလာနိုင်တဲ့ လေဖိအားနည်းရပ်ဝန်းအခြေအနေ"

Leave a comment

Your email address will not be published.


*