သူနဲ႔အိပ္ၿပီးလို႔ မသန႔္ေတာ့ပါဘူး ဆိုၿပီး စိတ္ညစ္ေနတဲ့ မိန္းကေလး မ်ား ဖတ္ရန္..။ မဆိုင္သူမ်ားမဖတ္ရ..။
ေကာင္းပါၿပီ မေျပာခင္ကြၽန္ေတာ့္ကိုကြၽန္ေတာ္ မိတ္ဆက္ေပးပါရေစ။ တစ္ခါတစ္ခါမွာ ေျပာျပတဲ့လူအေၾကာင္းကိုသိျခင္းဟာေျပာမယ့္ စကားကို ပိုၿပီးေလးနက္ေစတယ္ထင္မိလို႔ပါ။
ကြၽန္ေတာ္ Minctionary ပါ။ ဒီကေလာင္နာမည္နဲ႔အတူ နာမည္ႀကီးခဲ့တာက ပြင့္ေၾကဖတ္ေႂကြဆိုတဲ့ ဇာတ္လမ္းေလးေတြပါ။
မိန္းကေလးေတြဖက္က အလိုမလိုက္ဖို႔ကိုယ့္ဂုဏ္ကိုယ္ျမႇင့္ဖို႔အေၾကာင္း ေယာက်ာၤးယုတ္ေတြအေၾကာင္း အသိေပးခဲ့တဲ့ ဇာတ္လမ္းတြဲေလးေတြပါ။
ေနာက္ပိုင္းမွာ ဒီအေၾကာင္းေတြဘဲအပ္ေၾကာင္းထပ္ၿပီး တစ္ရာဖိုးသုံးပုဒ္ stupidity ေတြဘဲျဖန႔္မိသလိုျဖစ္မွာစိုးတာရယ္။ ဘဝမွာအခက္အခဲဆုံးကာလျဖစ္ခဲ့ရတာေတြရယ္။
လာတိုင္ပင္ၾကတဲ့လူအမ်ားစုရဲ႕ဇာတ္လမ္းေပါင္းစုံၾကားထဲမွာ စိတ္ေတြညစ္ညဴးလာတာေတြရယ္ေၾကာင့္ ဆက္မေရးျဖစ္ေသးတာပါ။
ၿပီးေတာ့ Page မွာတင္တိုင္း ကိုယ့္အေကာင့္ကိုလူမသိေစဘဲ page သက္သက္သာတင္ပါတယ္။ တကယ္၍သာ အေကာင့္နဲ႔တြဲၿပီးတင္မယ္ဆိုရင္ကြၽန္ေတာ္လည္း ဆယ္လီ ဆယ့္တစ္လီ တစ္ဦးျဖစ္မယ္ဆိုတာ သိေစခ်င္ပါတယ္။
ေကာင္းပါၿပီ စေျပာရေအာင္…..
ကြၽန္ေတာ္မႀကိဳက္ဆုံးက သူနဲ႔အိပ္ၿပီးလို႔မသန႔္ေတာ့ပါဘူး ဆိုတာကိုဘဲ။
အဲ့ဒါကဘာမသန႔္တာကိုေျပာခ်င္တာလဲမသိဘူး။
HIV ကူးလာလို႔လား ဒါမွမဟုတ္
sexually transmitted disease ( STD ) ေတြကူးလာလို႔လား။
မိန္းကေလးတိုင္းဟာ ကိုယ့္အပ်ိဳဂုဏ္ကိုယ္ေစာင့္ထိန္းသင့္တယ္။ ယဥ္ေက်းမႈဆိုတာကိုထား လူသားတစ္ေယာက္အေနနဲ႔ ကိုယ့္ဘက္ကအနစ္နာႀကီးဘဲလို႔ဆရာဝန္အေတာ္မ်ားမ်ား သတိေပးၾကတယ္။
လူတိုင္းနီးပါးလဲ သိၾကတယ္။ခက္တာက အထိအေတြ႕နဲ႔ဆြဲေဆာင္မႈကိုမလြန္ဆန္ႏိုင္ၾကဘူး။ဘယ္ေလာက္ခ်စ္ပါတယ္ လက္ထပ္ပါ့မယ္ေျပာေျပာ အခ်ိန္တန္ၿငီးေငြ႕ၿပီး ကန္ထုတ္သြားတဲ့အခါမိန္းကေလးဘက္ကတစ္ဆင့္နိမ့္ခံၾကရတယ္။
ျငင္းမလား။ ရွိပါေသးတယ္။သူလည္းသူ႔ဆႏၵျပည့္ ကိုယ္လည္းကိုယ့္ဆႏၵျပည့္မို႔ ေယာက်ာ္း မိန္းမခြဲနာစရာမရွိပါဘူး။ဘယ္သူ႔မွမနစ္နာပါဘူးဆိုသူ ေသာက္႐ူးမ်ားကလဲအမ်ားသား။ထားလိုက္ပါ ။
ေခတ္အခါကိုက ေယာက်ာ္းသားမ်ားကလဲ အတင္းဆြဲေဆာင္လြန္းတဲ့အခါ ခ်စ္တာတစ္ခုတည္းနဲ႔မ်က္စိစုံမွိတ္ ေပးၿပီးတဲ့အခါယူသြားတဲ့လူကလဲ စားၿပီးနားမလည္ ….
ဝါးၿပီးေထြးထုတ္သြားတဲ့အခါ ကြၽန္မကိုယ္ကမသန႔္ေတာ့ပါဘူး မျဖဴစင္ေတာ့ပါဘူးဆိုေနၾကတဲ့မိန္းကေလးမ်ား ကြၽန္ေတာ္ထပ္ေမးပါ့မယ္။
HIV ကူးလို႔လား။
လိင္ကတစ္ဆင့္ကူးစက္တတ္တဲ့ေရာဂါဆိုးေတြ STD ေတြကူးစက္လာလို႔လား။ ဘာကိုမသန႔္ရမွာလဲ။ဘာကိုကိုယ္က လူ႔အသိုင္းအဝိုင္းမွာမ်က္ႏွာငယ္ရမွာလဲ။
အေပၚကေရာဂါေတြကူးလာတယ္ဘဲထားပါေတာ့။ခင္ဗ်ားဟာ အသန႔္ဆုံးမိန္းကေလးတစ္ဦးပါ ဘာလို႔လဲသိသား ။ ခင္ဗ်ားဟာခ်စ္တဲ့စိတ္တစ္ခုနဲ႔ပုံအပ္ေပးခဲ့တာ။ရာထူးရဖို႔ ထဘီလွန္ေပးလိုက္တာ ျခဴစားဖို႔အတြက္ခြၽတ္ေပးလိုက္တာေက်ာ္ၾကားမႈအတြက္ အရွက္ကုန္ခဲ့တာ လုံးဝမဟုတ္လို႔ဘဲ။
ပစ္သြားတဲ့လူကပစ္သြားတယ္ဆိုရင္ ေနခဲ့ရမယ့္လူအေနနဲ႔လည္း ဘဝလမ္းကိုဆက္ေလွ်ာက္သြားဖို႔လိုတယ္။ဘာျဖစ္လဲ။ ဘာျဖစ္လို႔ သူ႔အလြန္ေၾကာင့္ ကိုယ္ကမ်က္ႏွာငယ္ရမွာလဲ။
ဒီလိုေျပာဖို႔ ကိုယ္ကအပ်ိဳမဟုတ္ဘူးဆိုတာေၾကျငာေမာင္းခတ္ေနဖို႔ေျပာတာမဟုတ္ဘူးေပါ့။ ထပ္ေတြ႕ရမယ့္လက္တြဲေဖာ္က ေျပာလို႔ရရင္ေျပာေျပာလို႔မရဘူးထင္ရင္မေျပာနဲ႔ေပါ့ဘာျဖစ္လဲ။
ခင္ဗ်ားအပ်ိဳမဟုတ္ေတာ့ေရာ ဘာျဖစ္လဲ။တကယ္ရွက္ရမွာကေပးရတဲ့လူလား။မ်က္ႏွာေျပာင္တိုက္ အေခ်ာင္ႏႈိက္သြားတဲ့ေကာင္ကရွက္ရမွာလား။ေနလိုက္စမ္းပါ ေခါင္းေမာ့ၿပီး။
ငါတစ္ေယာက္ဘယ္လိုမွဆက္ေလွ်ာက္သြားဖို႔ မျဖစ္ဘူးမေတြးပါနဲ႔။ ကြၽန္ေတာ့္ဆီလာတိုင္ပင္ၾကတဲ့မိန္းကေလး အေတာ္မ်ားမ်ား အဲ့လိုႀကဳံဖူးၾကပါတယ္။
ျဖစ္ခါစ ခံစားရခါစကေတာ့ မနည္းေဖ်ာင္းဖ်ေပးခဲ့ရေပမယ့္ အထိုင္က်သြားတဲ့အခါ ေပ်ာ္႐ႊင္စရာ ဘဝေတြပိုင္ဆိုင္ထားၾကတာ ကြၽန္ေတာ္ သက္ေသအျဖစ္ အမ်ားႀကီးျပႏိုင္ပါတယ္။ေတာ္ေသးၿပီ။
ေနာက္တစ္ခါ ကြၽန္မကမသန႔္ေတာ့ဘူးဆိုတဲ့စကားမၾကားခ်င္ေတာ့ပါ။ကိုယ့္ဘဝကိုယ္ထိန္းသိမ္းႏိုင္ပါေစ။ျဖစ္ၿပီးသြားရင္လဲဘဝကိုရင္ေကာ့ၿပီးေလွ်ာက္လွမ္းႏိုင္ၾကပါေစ။
Unicode
သူနဲ့အိပ်ပြီးလို့ မသန့်တော့ပါဘူး ဆိုပြီး စိတ်ညစ်နေတဲ့ မိန်းကလေး များ ဖတ်ရန်..။ မဆိုင်သူများမဖတ်ရ..။
ကောင်းပါပြီ မပြောခင်ကျွန်တော့်ကိုကျွန်တော် မိတ်ဆက်ပေးပါရစေ။ တစ်ခါတစ်ခါမှာ ပြောပြတဲ့လူအကြောင်းကိုသိခြင်းဟာပြောမယ့် စကားကို ပိုပြီးလေးနက်စေတယ်ထင်မိလို့ပါ။
ကျွန်တော် Minctionary ပါ။ ဒီကလောင်နာမည်နဲ့အတူ နာမည်ကြီးခဲ့တာက ပွင့်ကြေဖတ်ကြွေဆိုတဲ့ ဇာတ်လမ်းလေးတွေပါ။
မိန်းကလေးတွေဖက်က အလိုမလိုက်ဖို့ကိုယ့်ဂုဏ်ကိုယ်မြှင့်ဖို့အကြောင်း ယောကျာၤးယုတ်တွေအကြောင်း အသိပေးခဲ့တဲ့ ဇာတ်လမ်းတွဲလေးတွေပါ။
နောက်ပိုင်းမှာ ဒီအကြောင်းတွေဘဲအပ်ကြောင်းထပ်ပြီး တစ်ရာဖိုးသုံးပုဒ် stupidity တွေဘဲဖြန့်မိသလိုဖြစ်မှာစိုးတာရယ်။ ဘဝမှာအခက်အခဲဆုံးကာလဖြစ်ခဲ့ရတာတွေရယ်။
လာတိုင်ပင်ကြတဲ့လူအများစုရဲ့ဇာတ်လမ်းပေါင်းစုံကြားထဲမှာ စိတ်တွေညစ်ညူးလာတာတွေရယ်ကြောင့် ဆက်မရေးဖြစ်သေးတာပါ။
ပြီးတော့ Page မှာတင်တိုင်း ကိုယ့်အကောင့်ကိုလူမသိစေဘဲ page သက်သက်သာတင်ပါတယ်။ တကယ်၍သာ အကောင့်နဲ့တွဲပြီးတင်မယ်ဆိုရင်ကျွန်တော်လည်း ဆယ်လီ ဆယ့်တစ်လီ တစ်ဦးဖြစ်မယ်ဆိုတာ သိစေချင်ပါတယ်။
ကောင်းပါပြီ စပြောရအောင်…..
ကျွန်တော်မကြိုက်ဆုံးက သူနဲ့အိပ်ပြီးလို့မသန့်တော့ပါဘူး ဆိုတာကိုဘဲ။
အဲ့ဒါကဘာမသန့်တာကိုပြောချင်တာလဲမသိဘူး။
HIV ကူးလာလို့လား ဒါမှမဟုတ်
sexually transmitted disease ( STD ) တွေကူးလာလို့လား။
မိန်းကလေးတိုင်းဟာ ကိုယ့်အပျိုဂုဏ်ကိုယ်စောင့်ထိန်းသင့်တယ်။ ယဉ်ကျေးမှုဆိုတာကိုထား လူသားတစ်ယောက်အနေနဲ့ ကိုယ့်ဘက်ကအနစ်နာကြီးဘဲလို့ဆရာဝန်အတော်များများ သတိပေးကြတယ်။
လူတိုင်းနီးပါးလဲ သိကြတယ်။ခက်တာက အထိအတွေ့နဲ့ဆွဲဆောင်မှုကိုမလွန်ဆန်နိုင်ကြဘူး။ဘယ်လောက်ချစ်ပါတယ် လက်ထပ်ပါ့မယ်ပြောပြော အချိန်တန်ငြီးငွေ့ပြီး ကန်ထုတ်သွားတဲ့အခါမိန်းကလေးဘက်ကတစ်ဆင့်နိမ့်ခံကြရတယ်။
ငြင်းမလား။ ရှိပါသေးတယ်။သူလည်းသူ့ဆန္ဒပြည့် ကိုယ်လည်းကိုယ့်ဆန္ဒပြည့်မို့ ယောကျာ်း မိန်းမခွဲနာစရာမရှိပါဘူး။ဘယ်သူ့မှမနစ်နာပါဘူးဆိုသူ သောက်ရူးများကလဲအများသား။ထားလိုက်ပါ ။
ခေတ်အခါကိုက ယောကျာ်းသားများကလဲ အတင်းဆွဲဆောင်လွန်းတဲ့အခါ ချစ်တာတစ်ခုတည်းနဲ့မျက်စိစုံမှိတ် ပေးပြီးတဲ့အခါယူသွားတဲ့လူကလဲ စားပြီးနားမလည် ….
ဝါးပြီးထွေးထုတ်သွားတဲ့အခါ ကျွန်မကိုယ်ကမသန့်တော့ပါဘူး မဖြူစင်တော့ပါဘူးဆိုနေကြတဲ့မိန်းကလေးများ ကျွန်တော်ထပ်မေးပါ့မယ်။
HIV ကူးလို့လား။
လိင်ကတစ်ဆင့်ကူးစက်တတ်တဲ့ရောဂါဆိုးတွေ STD တွေကူးစက်လာလို့လား။ ဘာကိုမသန့်ရမှာလဲ။ဘာကိုကိုယ်က လူ့အသိုင်းအဝိုင်းမှာမျက်နှာငယ်ရမှာလဲ။
အပေါ်ကရောဂါတွေကူးလာတယ်ဘဲထားပါတော့။ခင်ဗျားဟာ အသန့်ဆုံးမိန်းကလေးတစ်ဦးပါ ဘာလို့လဲသိသား ။ ခင်ဗျားဟာချစ်တဲ့စိတ်တစ်ခုနဲ့ပုံအပ်ပေးခဲ့တာ။ရာထူးရဖို့ ထဘီလှန်ပေးလိုက်တာ ခြူစားဖို့အတွက်ချွတ်ပေးလိုက်တာကျော်ကြားမှုအတွက် အရှက်ကုန်ခဲ့တာ လုံးဝမဟုတ်လို့ဘဲ။
ပစ်သွားတဲ့လူကပစ်သွားတယ်ဆိုရင် နေခဲ့ရမယ့်လူအနေနဲ့လည်း ဘဝလမ်းကိုဆက်လျှောက်သွားဖို့လိုတယ်။ဘာဖြစ်လဲ။ ဘာဖြစ်လို့ သူ့အလွန်ကြောင့် ကိုယ်ကမျက်နှာငယ်ရမှာလဲ။
ဒီလိုပြောဖို့ ကိုယ်ကအပျိုမဟုတ်ဘူးဆိုတာကြေငြာမောင်းခတ်နေဖို့ပြောတာမဟုတ်ဘူးပေါ့။ ထပ်တွေ့ရမယ့်လက်တွဲဖော်က ပြောလို့ရရင်ပြောပြောလို့မရဘူးထင်ရင်မပြောနဲ့ပေါ့ဘာဖြစ်လဲ။
ခင်ဗျားအပျိုမဟုတ်တော့ရော ဘာဖြစ်လဲ။တကယ်ရှက်ရမှာကပေးရတဲ့လူလား။မျက်နှာပြောင်တိုက် အချောင်နှိုက်သွားတဲ့ကောင်ကရှက်ရမှာလား။နေလိုက်စမ်းပါ ခေါင်းမော့ပြီး။
ငါတစ်ယောက်ဘယ်လိုမှဆက်လျှောက်သွားဖို့ မဖြစ်ဘူးမတွေးပါနဲ့။ ကျွန်တော့်ဆီလာတိုင်ပင်ကြတဲ့မိန်းကလေး အတော်များများ အဲ့လိုကြုံဖူးကြပါတယ်။
ဖြစ်ခါစ ခံစားရခါစကတော့ မနည်းဖျောင်းဖျပေးခဲ့ရပေမယ့် အထိုင်ကျသွားတဲ့အခါ ပျော်ရွှင်စရာ ဘဝတွေပိုင်ဆိုင်ထားကြတာ ကျွန်တော် သက်သေအဖြစ် အများကြီးပြနိုင်ပါတယ်။တော်သေးပြီ။
နောက်တစ်ခါ ကျွန်မကမသန့်တော့ဘူးဆိုတဲ့စကားမကြားချင်တော့ပါ။ကိုယ့်ဘဝကိုယ်ထိန်းသိမ်းနိုင်ပါစေ။ဖြစ်ပြီးသွားရင်လဲဘဝကိုရင်ကော့ပြီးလျှောက်လှမ်းနိုင်ကြပါစေ။
Be the first to comment on "သူနဲ့အတူ အိပ်မိလို့ စိတ်ညစ်နေတဲ့ မိန်းကလေးများ ဖတ်ရန်… (မဆိုင်သူများမဖတ်ရ)"