ဒဂုံမြို့သစ် တံတားဖြူမှတ်တိုင်အနီး အုပ်စုဖွဲ့ လုယက်မှုဖြစ်ပေါ်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ အမှတ်(၂)လမ်းမပေါ်ရှိ တံတားဖြူမှတ်တိုင်အနီးတွင် အင်အား(၈)ယောက်ခန့်ရှိသော လူတစုက ခရီးသွားပြည်သူများကို အတင်းလိုက်ဆွဲကာ သူတို့လောင်းကစားဝိုင်းသို့ ခေါ်သွင်းပြီး လောင်းကစားလုပ်ခိုင်းပါသည်။

အုပ်စုဖွဲ့လုယက်သူများက သူတို့ပိုက်ဆံ လေးငါးသောင်းပေးကာ အစမ်းသဘောဖြင့် ဆော့ခိုင်းပြီး သူတို့ပေးဆော့ငွေ လေး၊ငါးသောင်းကုန်တာနဲ့ လောင်းကစားဝိုင်းမှ အပြင်သို့ ပေးမထွက်တော့ပဲ လုယက်ခံရသူများတွင် ပါရှိသော ငွေအကုန်အပြင် ရွှေပါရွှေ အတင်းထုတ်ခိုင်း၊ အတင်းထိုးခိုင်းပြီး လောင်ကစားလုပ်ခိုင်းသောကြောင့် ပါသမျှ အကုန်ပေးခဲ့ရတော့သည်။

သူတို့ဝိုင်းထဲသို့ အတင်းဆွဲခေါ်ခံရကာ သူတို့အုပ်စုကပဲ လုယက်ခံရသူတဦး၊နှစ်ဦးကို ဝိုင်းထားသောကြောင့် အပြင်ကလူများက အဲဒီလူစုဘာလုပ်နေကြသည်ကို ရုတ်တရက်မသိနိုင်ကြပေ။

အုပ်စုဖွဲ့လုယက်သူများတွင် လက်နက်ကိုင်ဆောင်ထားသူများ၊ စိတ္တဇလက်မှတ်ကိုင်ဆောင်ထားသူများ၊ ထောင်ထွက်များ ပါဝင်သည်။

သူတို့လူတွေချည်း ၇ ယောက် ၈ ယောက်လောက်နဲ့ မိန်းခလေးတွေအပေါ် အနုကြမ်းစီးတာပါ ဘေးကလူတွေu သိနေပေမဲ့လဲ ဝင်ပြောလို့မရပါဘူး ဓားတွေပါပါတယ်….။

မိန်းခလေးတွေကိုတော့ ခြေဟန် လက်ဟန်နဲ့ အဲ့နားကထွက်လာဖို့ လုပ်ပြနေတာ နှစ်ယောက်သုံးယောက်လောက်ကတော့လွတ်သွားတယ်လို့ သိရပါတယ်။

လွန်ခဲ့သော ဆယ်စုနှစ်အတွင်း ပျောက်ဆုံးသွားခဲ့သော ထိုအုပ်စုဖွဲ့ လုယက်ခြင်းများသည် ယခုခပ်စိပ်စိပ် ပြန်လည်ပေါ်ပေါက်လာခြင်းဖြစ်သည်။

လူအများသွားလာသောနေရာ ဈေး၊ ကားမှတ်တိုင် စသည့်နေရာများနှင့် လူပြတ်သောနေရာတချို့တွင် ကျူးလွန်လေ့ရှိကြသည်။

လုယက်သူများ ‌အယောင်ပြလောင်းကစားများမှာ ကြိုးခွေတခုထဲသို့ ‌အပေါက်ဝင်အောင် ထိုးခြင်း၊ ခွက်တခုထဲတွင် ဆံချည်မျှင်ဖြင့် အထူးလုပ်ထားသည့် အဝါတဘက်/အစိမ်းတဘက်ပါစာရွက် တို့ဖြစ်သည်။

ကြိုးအပေါက်ထိုးခြင်းသည်လည်း သူတို့ကြိုက်သလို လုပ်လို့ရသည်။ အဝါအစိမ်းသည်လည်း သူတို့ကြိုက်ရာ ကျအောင်လုပ်လို့ရသည် ဖြစ်သောကြောင့် လိမ်စားသည်ဟုလည်း ပြောလို့ရသည်။

သက်ဆိုင်ရာသို့ တိုင်ကြားရင်လည်း မလွယ်ကူသောကြောင့် ကိုယ့်ဘာသာကြိုတင်ရှောင်ရှားနိုင်မှ ဖြစ်ပေမည်။

ယနေ့ တံတားဖြူတွင် လုယက်သောအုပ်စုက “CNG gas ဆိုင်အနီး ကွမ်းယာဆိုင်တွင် စခန်းချလေ့ရှိသူများ” အမျိုးသမီးတယောက်ထံမှ ငွေ(၇၀၀၀၀)ကျပ်ခန့် လုယက်ပြီး ကားပေါ်တက်ပြေးသွားသည်။

သူတို့ကို ဓာတ်ပုံလှမ်းရိုက်ထားသူအား မှတ်တိုင်တွင် လုယက်သူအဖွဲ့မှ ကျန်ခဲ့သူတဦးက ဓားဖြင့်ထောက်ကာ ဓာတ်ပုံဖျက်ခိုင်းသည်ဟု ကြားသိရသည်။

ဓာတ်ပုံကို ဓာတ်ပုံရိုက်သူ၏ နည်းပညာကျွမ်းကျင်မှုကြောင့် ပြန်လည်ရရှိခဲ့သည်။

မိဘပြည်သူများ လူလိမ်များဘေး၊ လုယက်သူများဘေးမှ ကင်းဝေးကြပါစေ။ လမ်းခရီးသွားရင် သတိထားသွားကြပါခင်ဗျာ။

Austin Ronan

———–

ရန္ကုန္တိုင္းေဒသႀကီး၊ ဒဂုံၿမိဳ႕သစ္ေတာင္ပိုင္းၿမိဳ႕နယ္၊ အမွတ္(၂)လမ္းမေပၚရွိ တံတားျဖဴမွတ္တိုင္အနီးတြင္ အင္အား(၈)ေယာက္ခန႔္ရွိေသာ လူတစုက ခရီးသြားျပည္သူမ်ားကို အတင္းလိုက္ဆြဲကာ သူတို႔ေလာင္းကစားဝိုင္းသို႔ ေခၚသြင္းၿပီး ေလာင္းကစားလုပ္ခိုင္းပါသည္။

အုပ္စုဖြဲ႕လုယက္သူမ်ားက သူတို႔ပိုက္ဆံ ေလးငါးေသာင္းေပးကာ အစမ္းသေဘာျဖင့္ ေဆာ့ခိုင္းၿပီး သူတို႔ေပးေဆာ့ေငြ ေလး၊ငါးေသာင္းကုန္တာနဲ႔ ေလာင္းကစားဝိုင္းမွ အျပင္သို႔ ေပးမထြက္ေတာ့ပဲ လုယက္ခံရသူမ်ားတြင္ ပါရွိေသာ ေငြအကုန္အျပင္ ေ႐ႊပါေ႐ႊ အတင္းထုတ္ခိုင္း၊ အတင္းထိုးခိုင္းၿပီး ေလာင္ကစားလုပ္ခိုင္းေသာေၾကာင့္ ပါသမွ် အကုန္ေပးခဲ့ရေတာ့သည္။

သူတို႔ဝိုင္းထဲသို႔ အတင္းဆြဲေခၚခံရကာ သူတို႔အုပ္စုကပဲ လုယက္ခံရသူတဦး၊ႏွစ္ဦးကို ဝိုင္းထားေသာေၾကာင့္ အျပင္ကလူမ်ားက အဲဒီလူစုဘာလုပ္ေနၾကသည္ကို ႐ုတ္တရက္မသိႏိုင္ၾကေပ။

အုပ္စုဖြဲ႕လုယက္သူမ်ားတြင္ လက္နက္ကိုင္ေဆာင္ထားသူမ်ား၊ စိတၱဇလက္မွတ္ကိုင္ေဆာင္ထားသူမ်ား၊ ေထာင္ထြက္မ်ား ပါဝင္သည္။

သူတို႔လူေတြခ်ည္း ၇ ေယာက္ ၈ ေယာက္ေလာက္နဲ႔ မိန္းခေလးေတြအေပၚ အႏုၾကမ္းစီးတာပါ ေဘးကလူေတြu သိေနေပမဲ့လဲ ဝင္ေျပာလို႔မရပါဘူး ဓားေတြပါပါတယ္….။

မိန္းခေလးေတြကိုေတာ့ ေျခဟန္ လက္ဟန္နဲ႔ အဲ့နားကထြက္လာဖို႔ လုပ္ျပေနတာ ႏွစ္ေယာက္သုံးေယာက္ေလာက္ကေတာ့လြတ္သြားတယ္လို႔ သိရပါတယ္။

လြန္ခဲ့ေသာ ဆယ္စုႏွစ္အတြင္း ေပ်ာက္ဆုံးသြားခဲ့ေသာ ထိုအုပ္စုဖြဲ႕ လုယက္ျခင္းမ်ားသည္ ယခုခပ္စိပ္စိပ္ ျပန္လည္ေပၚေပါက္လာျခင္းျဖစ္သည္။

လူအမ်ားသြားလာေသာေနရာ ေဈး၊ ကားမွတ္တိုင္ စသည့္ေနရာမ်ားႏွင့္ လူျပတ္ေသာေနရာတခ်ိဳ႕တြင္ က်ဴးလြန္ေလ့ရွိၾကသည္။

လုယက္သူမ်ား ‌အေယာင္ျပေလာင္းကစားမ်ားမွာ ႀကိဳးေခြတခုထဲသို႔ ‌အေပါက္ဝင္ေအာင္ ထိုးျခင္း၊ ခြက္တခုထဲတြင္ ဆံခ်ည္မွ်င္ျဖင့္ အထူးလုပ္ထားသည့္ အဝါတဘက္/အစိမ္းတဘက္ပါစာ႐ြက္ တို႔ျဖစ္သည္။

ႀကိဳးအေပါက္ထိုးျခင္းသည္လည္း သူတို႔ႀကိဳက္သလို လုပ္လို႔ရသည္။ အဝါအစိမ္းသည္လည္း သူတို႔ႀကိဳက္ရာ က်ေအာင္လုပ္လို႔ရသည္ ျဖစ္ေသာေၾကာင့္ လိမ္စားသည္ဟုလည္း ေျပာလို႔ရသည္။

သက္ဆိုင္ရာသို႔ တိုင္ၾကားရင္လည္း မလြယ္ကူေသာေၾကာင့္ ကိုယ့္ဘာသာႀကိဳတင္ေရွာင္ရွားႏိုင္မွ ျဖစ္ေပမည္။

ယေန႔ တံတားျဖဴတြင္ လုယက္ေသာအုပ္စုက “CNG gas ဆိုင္အနီး ကြမ္းယာဆိုင္တြင္ စခန္းခ်ေလ့ရွိသူမ်ား” အမ်ိဳးသမီးတေယာက္ထံမွ ေငြ(၇၀၀၀၀)က်ပ္ခန႔္ လုယက္ၿပီး ကားေပၚတက္ေျပးသြားသည္။

သူတို႔ကို ဓာတ္ပုံလွမ္း႐ိုက္ထားသူအား မွတ္တိုင္တြင္ လုယက္သူအဖြဲ႕မွ က်န္ခဲ့သူတဦးက ဓားျဖင့္ေထာက္ကာ ဓာတ္ပုံဖ်က္ခိုင္းသည္ဟု ၾကားသိရသည္။

ဓာတ္ပုံကို ဓာတ္ပုံ႐ိုက္သူ၏ နည္းပညာကြၽမ္းက်င္မႈေၾကာင့္ ျပန္လည္ရရွိခဲ့သည္။

မိဘျပည္သူမ်ား လူလိမ္မ်ားေဘး၊ လုယက္သူမ်ားေဘးမွ ကင္းေဝးၾကပါေစ။ လမ္းခရီးသြားရင္ သတိထားသြားၾကပါခင္ဗ်ာ။

Austin Ronan

Be the first to comment on "ဒဂုံမြို့သစ် တံတားဖြူမှတ်တိုင်အနီး အုပ်စုဖွဲ့ လုယက်မှုဖြစ်ပေါ်"

Leave a comment

Your email address will not be published.


*