စာသင်ချိန် (၆)လသာရှိမယ့် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ သင်္ကြန်မတိုင်ခင် စစ်ဆေးမယ်ဟု ဆို
တစ်နိုင်ငံလုံးရှိမြို့နယ်ပေါင်း ၄၆ မြို့နယ်မှအပ ကျန်မြို့နယ်အားလုံးရှိအခြေခံပညာကျောင်းတွေအားလုံးကို နိုဝင်ဘာ ၁ ရက်နေ့ကစပြီပြန်လည်ဖွင့်လှစ်ခဲ့ရာ လက်ရှိကျောင်းတက်ရောက်နေသူကလည်း ၃၃သိန်းကျော်ရှိတယ်လို့ နစကသတင်းထုတ်ပြန်ရေးအဖွဲကဆိုထားပါတယ်။
အခြေခံပညာကျောင်းတွေနဲ့အတူအဆင့်မြင့်ပညာကဏ္ဍကိုလည်းလာမယ့် ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလမှာ ပြန်လည်ဖွင့်လှစ်သွားမယ်လို့ (၁၀/၂၀၂၁)ကြိမ်မြောက်ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာဗိုလ်ချုပ်ဇော်မင်းထွန်းကပြောဆိုထားပါတယ်။
၄င်းက “သင်ရိုးဟောင်း(Grade-11)တက္ကသိုလ်ဝင်ခွင့် စာမေးပွဲကို ဧပြီလ သင်္ကြန်မတိုင်ခင်အတွင်းစစ်ဆေးမှာဖြစ်ပြီး ကျောင်းတွင်းစစ်အတန်းများရဲ့နောက်ဆုံးစစ်ဆေးခြင်းကို တက္ကသိုလ်ဝင်ခွင့်စာမေးပွဲမတိုင်မီ မတ်လအတွင်းစစ်ဆေးသွားမှာဖြစ်ပါတယ်”လို့ပြောဆိုထားတာပါ။
ဒါ့အပြင်ကျောင်းသားတွေရဲ့သင်ယူမှု၊တတ်မြောက်မှုရလာဒ်ကိုတိုင်းတာနိုင်ဖို့ ကျောင်းတွင်းစစ်ဆေးအကဲဖြတ်ခြင်းကို ပထမနှစ်ဝက်စစ်ဆေးခြင်းနဲ့ နှစ်ဆုံးစစ်ဆေးခြင်းဆိုပြီး ၂ ကြိမ်ဆောင်ရွက်သွားမယ်လို့ဆိုပါတယ်။
အခုစာသင်နှစ်ဟာ ၆ လခန့်သာကြာမှာမို့မိဘပြည်သူများ၊ကျောင်းသား၊ကျောင်းသူများအနေနဲ့ကျောင်းအပ်နှံမှုမနှောင့်နှေးစေဘဲအချိန်မီအပ်နှံကြဖို့နဲ့ကျောင်းအမြန်တက်ရောက်နိုင်ရေးဆောင်ရွက်ဖို့ကိုလည်းတိုက်တွန်းနှိုးဆော်ထားပါတယ်။
————
စာသင္ခ်ိန္ (၆)လသာရွိမယ့္ တကၠသိုလ္ဝင္ခြင့္စာေမးပြဲ သၾကၤန္မတိုင္ခင္ စစ္ေဆးမယ္ဟု ဆို
တစ္ႏိုင္ငံလုံးရွိၿမိဳ႕နယ္ေပါင္း ၄၆ ၿမိဳ႕နယ္မွအပ က်န္ၿမိဳ႕နယ္အားလုံးရွိအေျခခံပညာေက်ာင္းေတြအားလုံးကို ႏိုဝင္ဘာ ၁ ရက္ေန႔ကစၿပီျပန္လည္ဖြင့္လွစ္ခဲ့ရာ လက္ရွိေက်ာင္းတက္ေရာက္ေနသူကလည္း ၃၃သိန္းေက်ာ္ရွိတယ္လို႔ နစကသတင္းထုတ္ျပန္ေရးအဖြဲကဆိုထားပါတယ္။
အေျခခံပညာေက်ာင္းေတြနဲ႔အတူအဆင့္ျမင့္ပညာက႑ကိုလည္းလာမယ့္ ၂၀၂၂ခုႏွစ္၊ ဇန္နဝါရီလမွာ ျပန္လည္ဖြင့္လွစ္သြားမယ္လို႔ (၁၀/၂၀၂၁)ႀကိမ္ေျမာက္ျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပြဲမွာဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းကေျပာဆိုထားပါတယ္။
၄င္းက “သင္႐ိုးေဟာင္း(Grade-11)တကၠသိုလ္ဝင္ခြင့္ စာေမးပြဲကို ဧၿပီလ သၾကၤန္မတိုင္ခင္အတြင္းစစ္ေဆးမွာျဖစ္ၿပီး ေက်ာင္းတြင္းစစ္အတန္းမ်ားရဲ႕ေနာက္ဆုံးစစ္ေဆးျခင္းကို တကၠသိုလ္ဝင္ခြင့္စာေမးပြဲမတိုင္မီ မတ္လအတြင္းစစ္ေဆးသြားမွာျဖစ္ပါတယ္”လို႔ေျပာဆိုထားတာပါ။
ဒါ့အျပင္ေက်ာင္းသားေတြရဲ႕သင္ယူမႈ၊တတ္ေျမာက္မႈရလာဒ္ကိုတိုင္းတာႏိုင္ဖို႔ ေက်ာင္းတြင္းစစ္ေဆးအကဲျဖတ္ျခင္းကို ပထမႏွစ္ဝက္စစ္ေဆးျခင္းနဲ႔ ႏွစ္ဆုံးစစ္ေဆးျခင္းဆိုၿပီး ၂ ႀကိမ္ေဆာင္႐ြက္သြားမယ္လို႔ဆိုပါတယ္။
အခုစာသင္ႏွစ္ဟာ ၆ လခန႔္သာၾကာမွာမို႔မိဘျပည္သူမ်ား၊ေက်ာင္းသား၊ေက်ာင္းသူမ်ားအေနနဲ႔ေက်ာင္းအပ္ႏွံမႈမေႏွာင့္ေႏွးေစဘဲအခ်ိန္မီအပ္ႏွံၾကဖို႔နဲ႔ေက်ာင္းအျမန္တက္ေရာက္ႏိုင္ေရးေဆာင္႐ြက္ဖို႔ကိုလည္းတိုက္တြန္းႏႈိးေဆာ္ထားပါတယ္။
Be the first to comment on "စာသင်ချိန် (၆)လသာရှိမယ့် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ သင်္ကြန်မတိုင်ခင် စစ်ဆေးမယ်ဟုဆို"