ကိုဗစ်နဲ့ အတူ ယှဉ်တွဲနေထိုင်ရေးနဲ့ ပတ်သက်ပြီး ဦးဇော်ဇော် ပြောပြီ

ကိုဗစ္နဲ႔ အတူ ယွဥ္တြဲေနထိုင္ေရးနဲ႔ ပတ္သက္ၿပီး ဦးေဇာ္ေဇာ္ ေျပာၿပီ

ကိုဗစ္ စတင္ခ်ိန္ကတည္းက ကာကြယ္ကုသေရး ဦးစီးေဆာင္ရြက္ေနၾကတဲ့ ဆရာဝန္ႀကီးေတြ၊ အုပ္ခ်ဳပ္မွုတာဝန္ခံေတြ၊ က်န္းမာေရးဝန္ထမ္းနဲ႔ ေစတနာ့ဝန္ထမ္းေတြဟာ ေန႔စဥ္နဲ႔အမၽွ ကူးစက္ခံရမွုေတြ ရွိလာခဲ့ပါတယ္။

ကူးစက္ခံရမွုေတြေၾကာင့္ အင္အားေလ်ာ့သြားေပမယ့္ က်န္ရွိသူမ်ားက ပိုၿပီးအားသြန္ခြန္စိုက္ ႀကိဳးပမ္းေဆာင္ရြက္ၾကသလို ကူးစက္ခံရသူေတြအေနနဲ႔ စင္တာထဲမွာ အနားမယူဘဲ မိမိတို႔ တတ္စြမ္းတဲ့ဘက္က ဆက္လက္ လုပ္ကိုင္ေပးခဲ့ၾကပါတယ္။ ကိုဗစ္ကူးစက္ခံရသူေတြအားလုံးကိုလည္း Video Conference နဲ႔ ေတြ႕ဆုံအားေပးျဖစ္ခဲ့ပါတယ္။ အားလုံးအတြက္ က်န္းမာေရးအာမခံေဆာင္ရြက္ေပးတဲ့ AYA SOMPO နဲ႔ AIA တို႔ကိုလည္း ေက်းဇူးတင္ပါတယ္။

အခ်ိန္ၾကာလာတာနဲ႔အမၽွ ကိုဗစ္ကူးစက္ခံရၿပီး ေဝဒနာခံစားရသူေတြ မ်ားလာသလိုပဲ စားဝတ္ေနေရးအက်ပ္အတည္းနဲ႔ ရင္ဆိုင္ေနရသူေတြ အမ်ားႀကီးရွိလာပါတယ္။ ေနထိုင္မွုပုံစံသစ္မွာ ရပ္တည္ရွင္သန္ဖို႔ အခက္ၾကဳံေနတဲ့ စီးပြားေရးလုပ္ငန္းေတြ မ်ားလာတာနဲ႔အမၽွ အလုပ္အကိုင္အခြင့္အလန္း ေပါင္းမ်ားစြာလည္း ဆုံးရွုံးလာရပါတယ္။

ကူးစက္ခံရမွုေတြၾကားမွာပဲ မျဖစ္မေန လုပ္ကိုင္ရမယ့္ အရာေတြက ရွိေနပါတယ္။ အေၾကာက္တရားတစ္ခုနဲ႔ ဘာမွမလုပ္ဘဲ ေနထိုင္လို႔လည္း မျဖစ္တာေၾကာင့္ ၾကဳံလာသမၽွ အခက္အခဲေတြကို လြယ္လြယ္အရွုံးမေပးဘဲ က်န္းမာေရးလမ္းညႊန္ခ်က္ေတြနဲ႔အညီ လုပ္သင့္လုပ္ထိုက္တဲ့ အလုပ္ေတြကို လုပ္ေနၾကရဦးမွာျဖစ္ပါတယ္။

မျပည့္စုံမွုေတြၾကားက ကိုဗစ္ေၾကာင့္ အခက္ၾကဳံေနခ်ိန္မွာ တစ္ဦးေပၚတစ္ဦး ေမတၱာထား စာနာနားလည္စိတ္ျဖင့္ ဒုကၡမ်ားကို ေက်ာ္လႊားနိုင္ၾကပါေစလို႔ ဆုမြန္ေကာင္းေတာင္းအပ္ပါတယ္။

U Zaw Zaw

————

ကိုဗစ်နဲ့ အတူ ယှဉ်တွဲနေထိုင်ရေးနဲ့ ပတ်သက်ပြီး ဦးဇော်ဇော် ပြောပြီ

ကိုဗစ် စတင်ချိန်ကတည်းက ကာကွယ်ကုသရေး ဦးစီးဆောင်ရွက်နေကြတဲ့ ဆရာဝန်ကြီးတွေ၊ အုပ်ချုပ်မှုတာဝန်ခံတွေ၊ ကျန်းမာရေးဝန်ထမ်းနဲ့ စေတနာ့ဝန်ထမ်းတွေဟာ နေ့စဉ်နဲ့အမျှ ကူးစက်ခံရမှုတွေ ရှိလာခဲ့ပါတယ်။

ကူးစက်ခံရမှုတွေကြောင့် အင်အားလျော့သွားပေမယ့် ကျန်ရှိသူများက ပိုပြီးအားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ကြသလို ကူးစက်ခံရသူတွေအနေနဲ့ စင်တာထဲမှာ အနားမယူဘဲ မိမိတို့ တတ်စွမ်းတဲ့ဘက်က ဆက်လက် လုပ်ကိုင်ပေးခဲ့ကြပါတယ်။ ကိုဗစ်ကူးစက်ခံရသူတွေအားလုံးကိုလည်း Video Conference နဲ့ တွေ့ဆုံအားပေးဖြစ်ခဲ့ပါတယ်။ အားလုံးအတွက် ကျန်းမာရေးအာမခံဆောင်ရွက်ပေးတဲ့ AYA SOMPO နဲ့ AIA တို့ကိုလည်း ကျေးဇူးတင်ပါတယ်။

အချိန်ကြာလာတာနဲ့အမျှ ကိုဗစ်ကူးစက်ခံရပြီး ဝေဒနာခံစားရသူတွေ များလာသလိုပဲ စားဝတ်နေရေးအကျပ်အတည်းနဲ့ ရင်ဆိုင်နေရသူတွေ အများကြီးရှိလာပါတယ်။ နေထိုင်မှုပုံစံသစ်မှာ ရပ်တည်ရှင်သန်ဖို့ အခက်ကြုံနေတဲ့ စီးပွားရေးလုပ်ငန်းတွေ များလာတာနဲ့အမျှ အလုပ်အကိုင်အခွင့်အလန်း ပေါင်းများစွာလည်း ဆုံးရှုံးလာရပါတယ်။

ကူးစက်ခံရမှုတွေကြားမှာပဲ မဖြစ်မနေ လုပ်ကိုင်ရမယ့် အရာတွေက ရှိနေပါတယ်။ အကြောက်တရားတစ်ခုနဲ့ ဘာမှမလုပ်ဘဲ နေထိုင်လို့လည်း မဖြစ်တာကြောင့် ကြုံလာသမျှ အခက်အခဲတွေကို လွယ်လွယ်အရှုံးမပေးဘဲ ကျန်းမာရေးလမ်းညွှန်ချက်တွေနဲ့အညီ လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်တွေကို လုပ်နေကြရဦးမှာဖြစ်ပါတယ်။

မပြည့်စုံမှုတွေကြားက ကိုဗစ်ကြောင့် အခက်ကြုံနေချိန်မှာ တစ်ဦးပေါ်တစ်ဦး မေတ္တာထား စာနာနားလည်စိတ်ဖြင့် ဒုက္ခများကို ကျော်လွှားနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။

U Zaw Zaw

Be the first to comment on "ကိုဗစ်နဲ့ အတူ ယှဉ်တွဲနေထိုင်ရေးနဲ့ ပတ်သက်ပြီး ဦးဇော်ဇော် ပြောပြီ"

Leave a comment

Your email address will not be published.


*