SAC က တပ်သားအသစ်စုဆောင်းဖို့အတွက် အုပ်ချုပ်ရေးမှူးတွေကို ညွှန်ကြား

SAC က တပ်သားအသစ်စုဆောင်းဖို့အတွက် အုပ်ချုပ်ရေးမှူးတွေကို ညွှန်ကြား

နို၀င်ဘာ ၂၉

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်က ကျေးရွာတချို့မှာ SAC တပ်တွေက ရွာ ၁ ရွာကို တပ်သားသစ် ၇ ယောက်နှုန်းစုဆောင်းပေးဖို့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကို ညွှန်ကြားထားတယ်လို့ သိရပါတယ်။

နို၀င်ဘာ ၂၇ ရက်နေ့က တောင်တွင်းကြီးမြို့နယ်၊ ဝါးခြမ်းကာကျေးရွာအုပ်စု၊ စမုံရွာသစ်မှာ SAC ခန့် အုပ်ချုပ်ရေးမှူးဟာ ရွာသားတွေကို ခေါ်ယူပြီး တပ်ထဲဝင်ဖို့ ၇ ယောက်ကို မဲနှိုက်ပြီး ရွေးချယ်ခဲ့တယ်လို့ သိရပါတယ်။

စမုံရွာသစ် အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးသန်းဇော်မှာ ရွာသားတွေကို အစည်းအဝေးခေါ်ကာ တပ်သား ၇ ယောက်ကို မဲနှိုက်ရွေးချယ်ခိုင်းပြီး မနှိုက်ရင် တစ်ရွာလုံးကို

SAC လက်အပ်မယ်ဆိုပြီး ခြိမ်းခြောက်ကာ မဲပေါက်တဲ့သူတွေ တပ်ထဲသွားဖို့သဘောမရင် ရွာကို တပ်စွဲခိုင်းမယ်ဆိုပြီး ခြိမ်းခြောက်အကြပ်ကိုင်နေတယ်လို့ သိရပါတယ်။

တောင်တွင်းကြီးမြို့ရှိ စစ်မှုထမ်းဟောင်း ၁၀၀ ခန့်မှာလည်း အောက်တိုဘာလလောက်ထဲက တာ၀န်ပြန်လည်ထမ်းဆောင်ဖို့ တပ်ထဲပြန်၀င်ရတယ်လို့ သိရပါတယ်။

Mercury_Media

————–

SAC က တပ္သားအသစ္စုေဆာင္းဖို႔အတြက္ အုပ္ခ်ဳပ္ေရးမႉးေတြကို ၫႊန္ၾကား

ႏို၀င္ဘာ ၂၉

မေကြးတိုင္း၊ ေတာင္တြင္းႀကီးၿမိဳ႕နယ္က ေက်း႐ြာတခ်ိဳ႕မွာ SAC တပ္ေတြက ႐ြာ ၁ ႐ြာကို တပ္သားသစ္ ၇ ေယာက္ႏႈန္းစုေဆာင္းေပးဖို႔ ရပ္ေက်းအုပ္ခ်ဳပ္ေရးမႉးေတြကို ၫႊန္ၾကားထားတယ္လို႔ သိရပါတယ္။

ႏို၀င္ဘာ ၂၇ ရက္ေန႔က ေတာင္တြင္းႀကီးၿမိဳ႕နယ္၊ ဝါးျခမ္းကာေက်း႐ြာအုပ္စု၊ စမုံ႐ြာသစ္မွာ SAC ခန႔္ အုပ္ခ်ဳပ္ေရးမႉးဟာ ႐ြာသားေတြကို ေခၚယူၿပီး တပ္ထဲဝင္ဖို႔ ၇ ေယာက္ကို မဲႏႈိက္ၿပီး ေ႐ြးခ်ယ္ခဲ့တယ္လို႔ သိရပါတယ္။

စမုံ႐ြာသစ္ အုပ္ခ်ဳပ္ေရးမႉးျဖစ္သူ ဦးသန္းေဇာ္မွာ ႐ြာသားေတြကို အစည္းအေဝးေခၚကာ တပ္သား ၇ ေယာက္ကို မဲႏႈိက္ေ႐ြးခ်ယ္ခိုင္းၿပီး မႏႈိက္ရင္ တစ္႐ြာလုံးကို

SAC လက္အပ္မယ္ဆိုၿပီး ၿခိမ္းေျခာက္ကာ မဲေပါက္တဲ့သူေတြ တပ္ထဲသြားဖို႔သေဘာမရင္ ႐ြာကို တပ္စြဲခိုင္းမယ္ဆိုၿပီး ၿခိမ္းေျခာက္အၾကပ္ကိုင္ေနတယ္လို႔ သိရပါတယ္။

ေတာင္တြင္းႀကီးၿမိဳ႕ရွိ စစ္မႈထမ္းေဟာင္း ၁၀၀ ခန္႔မွာလည္း ေအာက္တိုဘာလေလာက္ထဲက တာ၀န္ျပန္လည္ထမ္းေဆာင္ဖို႔ တပ္ထဲျပန္၀င္ရတယ္လို႔ သိရပါတယ္။

Mercury_Media

Be the first to comment on "SAC က တပ်သားအသစ်စုဆောင်းဖို့အတွက် အုပ်ချုပ်ရေးမှူးတွေကို ညွှန်ကြား"

Leave a comment

Your email address will not be published.


*