နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင်တစ်ဦး ဖြစ်ပေမယ့် အခုအခါမှာတော့ အီသီယိုးပီးယား ဝန်ကြီးချုပ်ဟာ စစ်ပွဲမှာ ကိုယ်တိုင် ကြီးကြပ် တိုက်ခိုက်ဖို့ ရှေ့တန်း ထွက်တော့မယ်လို့ သိရပါတယ်။
ဝန်ကြီးချုပ် အဘီ အာမက်က သူဟာ တီဂရေး ပြည်နယ် အစိုးရနဲ့ ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်မှာ ဗဟို အစိုးရ လက်အောက်ခံ တပ်တွေကို ရှေ့တန်းထွက်ပြီး ကိုယ်တိုင် သွားရောက် ကြီးကြပ်မယ်လို့ ပြောဆိုထားဖူးပါတယ်။
အခုတော့ နိုင်ငံရဲ့ အုပ်ချုပ်ရေး တာဝန်တွေကို ဒုတိယ ဝန်ကြီးချုပ် ဒီမီကီ မီကွန်နန် ဟာဆန်ဆီ အဘီက လွှဲအပ်ပေးလိုက်ပြီလို့ အစိုးရပိုင် မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။
အဘီက မြို့တော် အဒစ်ဘာဘာမှာ ရှိမနေတဲ့ ကာလတလျှောက် ဒုတိယ ဝန်ကြီးချုပ်က အစိုးရကို ဦးဆောင်နေမှာ ဖြစ်ပါတယ်။ ဒီသတင်း မှန်ကန်ကြောင်း အစိုးရရဲ့ ပြန်ကြားရေး တာဝန်ခံကလည်း အတည်ပြုထားပါတယ်။
တစ်နှစ်ကျော် ကြာမြင့်လာတဲ့ အီသီယိုးပီးယား ပြည်တွင်းစစ်မှာ တီဂရေး ပြည်နယ် အစိုးရကို သစ္စာခံတဲ့ သူပုန်တပ်တွေနဲ့ မဟာမိတ် လက်နက်ကိုင် အင်အားစုတွေက စစ်ရေးသာလာပြီး မြို့တချို့ကိုပါ သိမ်းပိုက်ထားနိုင်ခဲ့ပါတယ်။
အီသီယိုးပီးယား စစ်တပ်ဟာ စစ်မှုထမ်းဟောင်းတွေကိုပါ တပ်ထဲ ပြန်လာဖို့ တိုက်တွန်းထားပြီး မြို့တော် အဒစ်ဘာဘာက ပြည်သူတွေ အနေနဲ့လည်း ရရာလက်နက် ဆွဲကိုင်ပြီး ကိုယ့်ရပ်ကိုယ့်ရွာကို ကာကွယ်ကြဖို့ နှိုးဆော်ထားပါတယ်။
လတ်တလောမှာတော့ ကုန်းပိတ်နိုင်ငံဖြစ်တဲ့ အီသီယိုးပီးယားကို ဂျဘူတီနိုင်ငံက ဆိပ်ကမ်းနဲ့ ဆက်သွယ်ပေးထားတဲ့ ပင်မလမ်းကြောင်းကို ထိန်းချုပ်နိုင်ဖို့ နှစ်ဖက် စစ်တပ်တွေ အပြင်းအထန် တိုက်ခိုက်နေကြပါတယ်။
တိုက်ပွဲရဲ့ လက်ရှိ အခြေအနေတွေနဲ့ ပတ်သက်လို့ မှတ်ချက်ပေးဖို့ကိုတော့ အီသီယိုးပီးယား စစ်တပ်က ငြင်းဆိုထားပါတယ်။
ဝန်ကြီးချုပ် အဘီဟာ အာဏာရလာပြီး မကြာခင်မှာပဲ ရန်ဘက် အိမ်နီးချင်း အီရီထရီးယား နိုင်ငံနဲ့ ငြိမ်းချမ်းရေး ပြန်လည် တည်ဆောက်နိုင်ခဲ့တာကြောင့် နိုဘယ်လ် ငြိမ်းချမ်းရေးဆု ချီးမြှင့်ခြင်း ခံခဲ့ရပါတယ်။
ဒါပေမဲ့ သမိုင်းကြောင်း ရှုပ်ထွေးလှတဲ့ အီသီယိုးပီးယား ပြည်တွင်းရေး ပြဿနာတွေကြောင့် ဗဟို အစိုးရနဲ့ တီဂရေး ပြည်နယ် အစိုးရတို့ကြား စစ်ခင်းကြတဲ့ အခြေအနေ ဆိုက်ရောက်လာပြီး အဘီကလည်း ငြိမ်းချမ်းရေး သမားကြီး အဖြစ်ကနေ ပြည်တွင်းစစ်မီးကို ကိုယ်တိုင် စမွှေးသူ တစ်ဦးအဖြစ် သမိုင်းဝင်သွားခဲ့ပါတယ်။
———–
ႏိုဘယ္လ္ ၿငိမ္းခ်မ္းေရးဆုရွင္တစ္ဦး ျဖစ္ေပမယ့္ အခုအခါမွာေတာ့ အီသီယိုးပီးယား ဝန္ႀကီးခ်ဳပ္ဟာ စစ္ပြဲမွာ ကိုယ္တိုင္ ႀကီးၾကပ္ တိုက္ခိုက္ဖို႔ ေရွ႕တန္း ထြက္ေတာ့မယ္လို႔ သိရပါတယ္။
ဝန္ႀကီးခ်ဳပ္ အဘီ အာမက္က သူဟာ တီဂေရး ျပည္နယ္ အစိုးရနဲ႔ ျဖစ္ပြားေနတဲ့ ျပည္တြင္းစစ္မွာ ဗဟို အစိုးရ လက္ေအာက္ခံ တပ္ေတြကို ေရွ႕တန္းထြက္ၿပီး ကိုယ္တိုင္ သြားေရာက္ ႀကီးၾကပ္မယ္လို႔ ေျပာဆိုထားဖူးပါတယ္။
အခုေတာ့ ႏိုင္ငံရဲ႕ အုပ္ခ်ဳပ္ေရး တာဝန္ေတြကို ဒုတိယ ဝန္ႀကီးခ်ဳပ္ ဒီမီကီ မီကြန္နန္ ဟာဆန္ဆီ အဘီက လႊဲအပ္ေပးလိုက္ၿပီလို႔ အစိုးရပိုင္ မီဒီယာေတြက ေဖာ္ျပခဲ့ပါတယ္။
အဘီက ၿမိဳ႕ေတာ္ အဒစ္ဘာဘာမွာ ရွိမေနတဲ့ ကာလတေလွ်ာက္ ဒုတိယ ဝန္ႀကီးခ်ဳပ္က အစိုးရကို ဦးေဆာင္ေနမွာ ျဖစ္ပါတယ္။ ဒီသတင္း မွန္ကန္ေၾကာင္း အစိုးရရဲ႕ ျပန္ၾကားေရး တာဝန္ခံကလည္း အတည္ျပဳထားပါတယ္။
တစ္ႏွစ္ေက်ာ္ ၾကာျမင့္လာတဲ့ အီသီယိုးပီးယား ျပည္တြင္းစစ္မွာ တီဂေရး ျပည္နယ္ အစိုးရကို သစၥာခံတဲ့ သူပုန္တပ္ေတြနဲ႔ မဟာမိတ္ လက္နက္ကိုင္ အင္အားစုေတြက စစ္ေရးသာလာၿပီး ၿမိဳ႕တခ်ိဳ႕ကိုပါ သိမ္းပိုက္ထားႏိုင္ခဲ့ပါတယ္။
အီသီယိုးပီးယား စစ္တပ္ဟာ စစ္မႈထမ္းေဟာင္းေတြကိုပါ တပ္ထဲ ျပန္လာဖို႔ တိုက္တြန္းထားၿပီး ၿမိဳ႕ေတာ္ အဒစ္ဘာဘာက ျပည္သူေတြ အေနနဲ႔လည္း ရရာလက္နက္ ဆြဲကိုင္ၿပီး ကိုယ့္ရပ္ကိုယ့္႐ြာကို ကာကြယ္ၾကဖို႔ ႏႈိးေဆာ္ထားပါတယ္။
လတ္တေလာမွာေတာ့ ကုန္းပိတ္ႏိုင္ငံျဖစ္တဲ့ အီသီယိုးပီးယားကို ဂ်ဘူတီႏိုင္ငံက ဆိပ္ကမ္းနဲ႔ ဆက္သြယ္ေပးထားတဲ့ ပင္မလမ္းေၾကာင္းကို ထိန္းခ်ဳပ္ႏိုင္ဖို႔ ႏွစ္ဖက္ စစ္တပ္ေတြ အျပင္းအထန္ တိုက္ခိုက္ေနၾကပါတယ္။
တိုက္ပြဲရဲ႕ လက္ရွိ အေျခအေနေတြနဲ႔ ပတ္သက္လို႔ မွတ္ခ်က္ေပးဖို႔ကိုေတာ့ အီသီယိုးပီးယား စစ္တပ္က ျငင္းဆိုထားပါတယ္။
ဝန္ႀကီးခ်ဳပ္ အဘီဟာ အာဏာရလာၿပီး မၾကာခင္မွာပဲ ရန္ဘက္ အိမ္နီးခ်င္း အီရီထရီးယား ႏိုင္ငံနဲ႔ ၿငိမ္းခ်မ္းေရး ျပန္လည္ တည္ေဆာက္ႏိုင္ခဲ့တာေၾကာင့္ ႏိုဘယ္လ္ ၿငိမ္းခ်မ္းေရးဆု ခ်ီးျမႇင့္ျခင္း ခံခဲ့ရပါတယ္။
ဒါေပမဲ့ သမိုင္းေၾကာင္း ရႈပ္ေထြးလွတဲ့ အီသီယိုးပီးယား ျပည္တြင္းေရး ျပႆနာေတြေၾကာင့္ ဗဟို အစိုးရနဲ႔ တီဂေရး ျပည္နယ္ အစိုးရတို႔ၾကား စစ္ခင္းၾကတဲ့ အေျခအေန ဆိုက္ေရာက္လာၿပီး အဘီကလည္း ၿငိမ္းခ်မ္းေရး သမားႀကီး အျဖစ္ကေန ျပည္တြင္းစစ္မီးကို ကိုယ္တိုင္ စေမႊးသူ တစ္ဦးအျဖစ္ သမိုင္းဝင္သြားခဲ့ပါတယ္။
Be the first to comment on "စစ်ပွဲမှာ ကိုယ်တိုင် ရှေ့တန်းထွက်ပြီး ကွပ်ကဲမယ့် အီသီယိုးပီးယား ဝန်ကြီးချုပ်"