ဧရာဝတီတိုင်းတွင် တရုတ်နိုင်ငံမှ ဒေါ်လာ ၇.၆၉၄ သန်း တန်ဖိုးရှိ အထည်ချုပ်လုပ်ငန်းနှစ်ခု ရင်းနှီးမြှုပ်နှံရန်အတည်ပြု

ဧရာဝတီတိုင်းမှာ တရုတ်နိုင်ငံမှ ဒေါ်လာ ၇.၆၉၄ သန်း တန်ဖိုးရှိ အထည်ချုပ်လုပ်ငန်းနှစ်ခု ရင်းနှီးမြှုပ်နှံရန်အတည်ပြု

ဧရာဝတီတိုင်း ဒေသကြီးအတွင်း တရုတ်နိုင်ငံ မှ CMP စနစ်ဖြင့် ရင်းနှီးမြှုပ်နှံမှု ပမာဏ ကန်ဒေါ်လာ ၇ ဒသမ ၆၉၄ သန်းခန့်ရှိသော အထည်ချုပ်လုပ်ငန်းနှစ်ခု လုပ်ကိုင်ရန် အတည်ပြုပေးခဲ့ကြောင်း ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီမှ သိရပါတယ်။

ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၄/၂၀၂၁) ကြိမ်မြောက် အစည်းအဝေးကို ပြီးခဲ့သည့် ရက်ပိုင်းက ကျင်းပခဲ့ပြီး အဆိုပါလုပ်ငန်းများကို အတည်ပြုပေးခဲ့ကာ အလုပ်အကိုင်အခွင့်အလမ်း ၂၅၀၀ ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း သိရပါတယ်။

စင်ကာပူနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာတစ်သန်းရှိ စပါးခွံလောင်စာတောင့် ထုတ်လုပ်သည့် လုပ်ငန်းကိုလည်း စက်တင်ဘာ ၂၈ ရက်ကအတည်ပြုပေးခဲ့ပြီး ကျပ်သန်း ၈၀၀ တန်ဖိုးရှိ အလုပ်အကိုင်အခွင့်အလမ်း ၆၀ ခန့်ဖန်တီးပေးနိုင်မည့်

ကုန်ထုတ်လုပ်မှုလုပ်ငန်းကိုလည်း ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီက အတည်ပြု ပေးခဲ့ကြောင်း သိရပါတယ်။ ဧရာဝတီတိုင်းတွင် လက်ရှိ CMP လုပ်ငန်းများနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ လာရောက်ရင်းနှီးမြှုပ်နှံမှုများ ရှိနေပြီး

ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်းများ ရရှိနိုင်မည့် လုပ်ငန်းများကို ဦးစားပေးခွင့်ပြုပေးလျက်ရှိကြောင်း သိရပါတယ်။

———- 

ဧရာဝတီတိုင္းမွာ တ႐ုတ္ႏိုင္ငံမွ ေဒၚလာ ၇.၆၉၄ သန္း တန္ဖိုးရွိ အထည္ခ်ဳပ္လုပ္ငန္းႏွစ္ခု ရင္းႏွီးျမႇဳပ္ႏွံရန္အတည္ျပဳ

ဧရာဝတီတိုင္း ေဒသႀကီးအတြင္း တ႐ုတ္ႏိုင္ငံ မွ CMP စနစ္ျဖင့္ ရင္းႏွီးျမႇဳပ္ႏွံမႈ ပမာဏ ကန္ေဒၚလာ ၇ ဒသမ ၆၉၄ သန္းခန႔္ရွိေသာ အထည္ခ်ဳပ္လုပ္ငန္းႏွစ္ခု လုပ္ကိုင္ရန္ အတည္ျပဳေပးခဲ့ေၾကာင္း ဧရာဝတီတိုင္းေဒသႀကီး ရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မတီမွ သိရပါတယ္။

ဧရာဝတီတိုင္းေဒသႀကီး ရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မတီ၏ (၄/၂၀၂၁) ႀကိမ္ေျမာက္ အစည္းအေဝးကို ၿပီးခဲ့သည့္ ရက္ပိုင္းက က်င္းပခဲ့ၿပီး အဆိုပါလုပ္ငန္းမ်ားကို အတည္ျပဳေပးခဲ့ကာ အလုပ္အကိုင္အခြင့္အလမ္း ၂၅၀၀ ဖန္တီးေပးႏိုင္မည္ျဖစ္ေၾကာင္း သိရပါတယ္။

စင္ကာပူႏိုင္ငံမွ ရင္းႏွီးျမႇဳပ္ႏွံမႈပမာဏ ေဒၚလာတစ္သန္းရွိ စပါးခြံေလာင္စာေတာင့္ ထုတ္လုပ္သည့္ လုပ္ငန္းကိုလည္း စက္တင္ဘာ ၂၈ ရက္ကအတည္ျပဳေပးခဲ့ၿပီး က်ပ္သန္း ၈၀၀ တန္ဖိုးရွိ အလုပ္အကိုင္အခြင့္အလမ္း ၆၀ ခန႔္ဖန္တီးေပးႏိုင္မည့္

ကုန္ထုတ္လုပ္မႈလုပ္ငန္းကိုလည္း ဧရာဝတီတိုင္းေဒသႀကီး ရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မတီက အတည္ျပဳ ေပးခဲ့ေၾကာင္း သိရပါတယ္။ ဧရာဝတီတိုင္းတြင္ လက္ရွိ CMP လုပ္ငန္းမ်ားႏွင့္ ကုန္ထုတ္လုပ္မႈလုပ္ငန္းမ်ား လာေရာက္ရင္းႏွီးျမႇဳပ္ႏွံမႈမ်ား ရွိေနၿပီး

ျပည္တြင္းအလုပ္အကိုင္အခြင့္အလမ္းမ်ား ရရွိႏိုင္မည့္ လုပ္ငန္းမ်ားကို ဦးစားေပးခြင့္ျပဳေပးလ်က္ရွိေၾကာင္း သိရပါတယ္။

Be the first to comment on "ဧရာဝတီတိုင်းတွင် တရုတ်နိုင်ငံမှ ဒေါ်လာ ၇.၆၉၄ သန်း တန်ဖိုးရှိ အထည်ချုပ်လုပ်ငန်းနှစ်ခု ရင်းနှီးမြှုပ်နှံရန်အတည်ပြု"

Leave a comment

Your email address will not be published.


*