ဘဏ်အသီးသီးတွင် အပ်နှံထားသော ငွေကြေးများ မဆုံးရှုံးစေဖို့ ရဲရဲကြီး အာမခံတယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းပြော

ဘဏ်အသီးသီးတွင် အပ်နှံထားသော ငွေကြေးများ မဆုံးရှုံးစေဖို့ ရဲရဲကြီး အာမခံတယ်ဟုဆို

ပြည်သူများ ဘဏ်အသီးသီးတွင်အပ်နှံထားသောငွေကြေးများကို ပြန်လည်ထုတ်ယူရန် အခက်အခဲများရှိနေသော်လည်း အပ်ငွေများမဆုံးရှုံးစေရန် နစကအနေဖြင့်အာမခံကြောင်းနစကသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်ဗိုလ်ချုပ်ဇော်မင်းထွန်းကပြေဆိုထားပါတယ်။

သတင်းထောက်တစ်ဦးက ဘဏ်များတွင်အပ်နှံထားသောငွေကြေးများဆုံးရှုံးမည်ကို ပြည်သူများကစိုးရိမ်နေကြသည့်အပေါ် မဆုံးရှုံးစေရဘူးလို့အာမခံနိုင်ပါသလားဟုမေးမြန်းရာမှာ ၎င်းကခုလိုပြန်လည်ဖြေကြားခဲ့ပါတယ်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက“ဒါကတော့ မူဝါဒဆိုင်ရာမေးခွန်းဖြစ်ပါတယ်၊ကျနော်ပြောချင်တဲ့ မဟာဗျူဟာမေးခွန်းဆိုတာ အဲ့တာပဲဖြစ်ပါတယ်။ မဟာဗျူဟာမေးခွန်းဆိုရင် ကျနော်အာမခံလို့ရတယ်။

နည်းဗျူဟာမေးခွန်းဆိုရင် နည်းဗျူဟာအရအာမခံလို့မရဘူး။ဘာဖြစ်လို့လဲဆိုတော့ မဟာဗျူဟာနဲ့နည်းဗျူဟာမတူပါဘူး။ မဟာဗျူဟာဆိုတာရည်မှန်းချက်တိကျခိုင်မာရမယ်။

နည်းဗျူဟာဆိုတာပြောင်းလွယ်ပြင်လွယ်ရှိတယ်။ နိုင်ငံတိုင်းပဲကျနော်တို့ နိုင်ငံမှဖြစ်နေတာ မဟုတ်ဘူး။မဟာဗျူဟာဆိုတာရည်မှန်းချက်တိကျခိုင်မြဲရမယ်။

ခုနကမေးတဲ့မေးခွန်းက မဟာဗျူဟာမေးခွန်းဖြစ်တဲ့အတွက် ကျနော်တို့ အနေနဲ့နိုင်ငံတော်အစိုးရအနေနဲ့ပေါ့ ပြည်သူများသည် ဘဏ်ထဲမှာထည့်ထားတဲ့ ငွေနဲ့ပတ်သက်ပြီးမဆုံးရှုံးရစေဘူးလို့ ရဲရဲကြီးကျနော်အာမခံရဲတယ်” လို့

နိုဝင်ဘာ ၂၆ ရက် နေပြည်တော်တွင်ကျင်းပသည့် (၁၀/၂၀၂၁) သတင်းစာရှင်းလင်းပွဲတွင် ဗိုလ်ချုပ်ဇော်မင်းထွန်းက အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်ပါတယ်။

လက်ရှိ မြန်မာနိုင်ငံတွင်ဘဏ်များ၌ အပ်နှံထားသောငွေများ ပြန်လည် ထုတ်ယူရာမှာ ရာခိုင်နှုန်းပေး၍ ထုတ်ယူနေရသလို လွယ်လင့်တကူငွေသား ထုတ်ယူခွင့်မရဘဲဖြစ်နေသည်။

ထို့ပြင် သိန်း ၂၀၀ အထက် ငွေပေးချေမှုများကိုလည်း ဘဏ်ဝန်ဆောင်မှုများဖြင့်သာ ဆောင်ရွက်ရမည်ဟုသတ်မှတ်ထားခြင်းကြောင့်လုပ်ငန်းလည်ပတ်မှုများ အခက်အခဲများ ကြုံတွေ့နေရသည်ဟုစီးပွားရေး လုပ်ငန်းရှင်များကဆိုပါတယ်။

————

ဘဏ္အသီးသီးတြင္ အပ္ႏွံထားေသာ ေငြေၾကးမ်ား မဆုံးရႈံးေစဖို႔ ရဲရဲႀကီး အာမခံတယ္ဟုဆို

ျပည္သူမ်ား ဘဏ္အသီးသီးတြင္အပ္ႏွံထားေသာေငြေၾကးမ်ားကို ျပန္လည္ထုတ္ယူရန္ အခက္အခဲမ်ားရွိေနေသာ္လည္း အပ္ေငြမ်ားမဆုံးရႈံးေစရန္ နစကအေနျဖင့္အာမခံေၾကာင္းနစကသတင္းထုတ္ျပန္ေရးအဖြဲ႕ေခါင္းေဆာင္ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းကေျပဆိုထားပါတယ္။

သတင္းေထာက္တစ္ဦးက ဘဏ္မ်ားတြင္အပ္ႏွံထားေသာေငြေၾကးမ်ားဆုံးရႈံးမည္ကို ျပည္သူမ်ားကစိုးရိမ္ေနၾကသည့္အေပၚ မဆုံးရႈံးေစရဘူးလို႔အာမခံႏိုင္ပါသလားဟုေမးျမန္းရာမွာ ၎ကခုလိုျပန္လည္ေျဖၾကားခဲ့ပါတယ္။

ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက“ဒါကေတာ့ မူဝါဒဆိုင္ရာေမးခြန္းျဖစ္ပါတယ္၊က်ေနာ္ေျပာခ်င္တဲ့ မဟာဗ်ဴဟာေမးခြန္းဆိုတာ အဲ့တာပဲျဖစ္ပါတယ္။ မဟာဗ်ဴဟာေမးခြန္းဆိုရင္ က်ေနာ္အာမခံလို႔ရတယ္။

နည္းဗ်ဴဟာေမးခြန္းဆိုရင္ နည္းဗ်ဴဟာအရအာမခံလို႔မရဘူး။ဘာျဖစ္လို႔လဲဆိုေတာ့ မဟာဗ်ဴဟာနဲ႔နည္းဗ်ဴဟာမတူပါဘူး။ မဟာဗ်ဴဟာဆိုတာရည္မွန္းခ်က္တိက်ခိုင္မာရမယ္။

နည္းဗ်ဴဟာဆိုတာေျပာင္းလြယ္ျပင္လြယ္ရွိတယ္။ ႏိုင္ငံတိုင္းပဲက်ေနာ္တို႔ ႏိုင္ငံမွျဖစ္ေနတာ မဟုတ္ဘူး။မဟာဗ်ဴဟာဆိုတာရည္မွန္းခ်က္တိက်ခိုင္ၿမဲရမယ္။

ခုနကေမးတဲ့ေမးခြန္းက မဟာဗ်ဴဟာေမးခြန္းျဖစ္တဲ့အတြက္ က်ေနာ္တို႔ အေနနဲ႔ႏိုင္ငံေတာ္အစိုးရအေနနဲ႔ေပါ့ ျပည္သူမ်ားသည္ ဘဏ္ထဲမွာထည့္ထားတဲ့ ေငြနဲ႔ပတ္သက္ၿပီးမဆုံးရႈံးရေစဘူးလို႔ ရဲရဲႀကီးက်ေနာ္အာမခံရဲတယ္” လို႔

ႏိုဝင္ဘာ ၂၆ ရက္ ေနျပည္ေတာ္တြင္က်င္းပသည့္ (၁၀/၂၀၂၁) သတင္းစာရွင္းလင္းပြဲတြင္ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက အထက္ပါအတိုင္းေျပာၾကားခဲ့ျခင္းျဖစ္ပါတယ္။

လက္ရွိ ျမန္မာႏိုင္ငံတြင္ဘဏ္မ်ား၌ အပ္ႏွံထားေသာေငြမ်ား ျပန္လည္ ထုတ္ယူရာမွာ ရာခိုင္ႏႈန္းေပး၍ ထုတ္ယူေနရသလို လြယ္လင့္တကူေငြသား ထုတ္ယူခြင့္မရဘဲျဖစ္ေနသည္။

ထို႔ျပင္ သိန္း ၂၀၀ အထက္ ေငြေပးေခ်မႈမ်ားကိုလည္း ဘဏ္ဝန္ေဆာင္မႈမ်ားျဖင့္သာ ေဆာင္႐ြက္ရမည္ဟုသတ္မွတ္ထားျခင္းေၾကာင့္လုပ္ငန္းလည္ပတ္မႈမ်ား အခက္အခဲမ်ား ႀကဳံေတြ႕ေနရသည္ဟုစီးပြားေရး လုပ္ငန္းရွင္မ်ားကဆိုပါတယ္။

Be the first to comment on "ဘဏ်အသီးသီးတွင် အပ်နှံထားသော ငွေကြေးများ မဆုံးရှုံးစေဖို့ ရဲရဲကြီး အာမခံတယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းပြော"

Leave a comment

Your email address will not be published.


*