မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်သွားဖို့ အာရှ-ဥရောပနိုင်ငံပေါင်း ၅၀ ကျော်က ခေါင်းဆောင်တွေ တိုက်တွန်း
နိုဝင်ဘာ ၂၈
မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်သွားဖို့ အာရှနဲ့ ဥရောပ နိုင်ငံပေါင်း ၅၀ ကျော်က ခေါင်းဆောင်တွေက တိုက်တွန်းလိုက်ပါတယ်။
အာရှ-ဥရောပအစည်းအဝေး(ASEM)ကို ကမ္ဘောဒီးယားကအိမ်ရှင်အဖြစ်အွန်လိုင်းကနေ ကျင်းပပြုလုပ်ခဲ့ပြီး အဲဒီအစည်းအဝေးမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို တက်ရောက်ခွင့်မပေးဘဲ အစည်းအဝေးအပြီးထုတ်ပြန်ချက်မှာ အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့ တောင်းဆိုခဲ့ပါတယ်။
အာရှနဲ့ဥရောပက နိုင်ငံပေါင်း ၅၃ နိုင်ငံပါဝင်တဲ့ ၁၃ ကြိမ်မြောက် ASEM အစည်းအဝေးအပြီး ထုတ်ပြန်ချက်မှာ SAC အာဏာရယူမှုက ရပ်တန့်လိုက်တဲ့ ဒီမိုကရေစီ အသွင်
ကူးပြောင်းရေးဆီပြန်သွားရေး၊ မတရားဖမ်းဆီးထိန်းသိမ်းခံအကျဉ်းသားတွေ ပြန်လွှတ်ပေးရေးနဲ့ အာဆီယံအထူးကိုယ်စားလှယ်ကို လက်ခံရေးစတဲ့အချက်တွေကို တောင်းဆိုဖော်ပြထားပါတယ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ အာဆီယံပါဝင်တဲ့ အစည်းအဝေးတွေ ကနေ ၃ ကြိမ်မြောက် ဖယ်ရှားခံခဲ့ရတာဖြစ်ပြီး အာဆီယံထိပ်သီးအစည်းအဝေး၊ တရုတ်-အာဆီယံအထူးအစည်းအဝေးနဲ့ အခု အာရှ-ဥရောပအစည်းအဝေးတို့ဖြစ်ပါတယ်။
————–
ျမန္မာႏိုင္ငံ ဒီမိုကေရစီလမ္းေၾကာင္းေပၚ ျပန္သြားဖို႔ အာရွ-ဥေရာပႏိုင္ငံေပါင္း ၅၀ ေက်ာ္က ေခါင္းေဆာင္ေတြ တိုက္တြန္း
ႏိုဝင္ဘာ ၂၈
ျမန္မာႏိုင္ငံ ဒီမိုကေရစီလမ္းေၾကာင္းေပၚျပန္သြားဖို႔ အာရွနဲ႔ ဥေရာပ ႏိုင္ငံေပါင္း ၅၀ ေက်ာ္က ေခါင္းေဆာင္ေတြက တိုက္တြန္းလိုက္ပါတယ္။
အာရွ-ဥေရာပအစည္းအေဝး(ASEM)ကို ကေမာၻဒီးယားကအိမ္ရွင္အျဖစ္အြန္လိုင္းကေန က်င္းပျပဳလုပ္ခဲ့ၿပီး အဲဒီအစည္းအေဝးမွာ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ကို တက္ေရာက္ခြင့္မေပးဘဲ အစည္းအေဝးအၿပီးထုတ္ျပန္ခ်က္မွာ အၾကမ္းဖက္မႈေတြ ရပ္တန႔္ဖို႔ ေတာင္းဆိုခဲ့ပါတယ္။
အာရွနဲ႔ဥေရာပက ႏိုင္ငံေပါင္း ၅၃ ႏိုင္ငံပါဝင္တဲ့ ၁၃ ႀကိမ္ေျမာက္ ASEM အစည္းအေဝးအၿပီး ထုတ္ျပန္ခ်က္မွာ SAC အာဏာရယူမႈက ရပ္တန႔္လိုက္တဲ့ ဒီမိုကေရစီ အသြင္
ကူးေျပာင္းေရးဆီျပန္သြားေရး၊ မတရားဖမ္းဆီးထိန္းသိမ္းခံအက်ဥ္းသားေတြ ျပန္လႊတ္ေပးေရးနဲ႔ အာဆီယံအထူးကိုယ္စားလွယ္ကို လက္ခံေရးစတဲ့အခ်က္ေတြကို ေတာင္းဆိုေဖာ္ျပထားပါတယ္။
ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ဟာ အာဆီယံပါဝင္တဲ့ အစည္းအေဝးေတြ ကေန ၃ ႀကိမ္ေျမာက္ ဖယ္ရွားခံခဲ့ရတာျဖစ္ၿပီး အာဆီယံထိပ္သီးအစည္းအေဝး၊ တ႐ုတ္-အာဆီယံအထူးအစည္းအေဝးနဲ႔ အခု အာရွ-ဥေရာပအစည္းအေဝးတို႔ျဖစ္ပါတယ္။
Mercury_Media
Be the first to comment on "မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်သွားဖို့ နိုင်ငံပေါင်း ၅၀ ကျော်က တိုက်တွန်းလိုက်ပြန်ပြီ"