မန္တလေး ကျွဲဆည်ကန်ကားဝင်း နိုဝင်ဘာလ ၃၀ ရက် ည ၁၂ နာရီ နောက်ဆုံးထားပြောင်းရွှေ့ရမည်ဟုထုတ်ပြန်
မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ်ရှိ ချမ်းမြရွှေပြည် ယာဉ်ရပ်နားစခန်း (ကျွဲဆည်ကန်ကားဝင်း) ကို အဆင့်မြင့်တင်တည်ဆောက်သွားမှာဖြစ်၍ ယခုလ ၃၀ ရက်နေ့ ည ၁၂ နာရီအချိန် နောက်ဆုံးထားပြောင်းရွှေ့ရန် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ အသိပေးချက်ထုတ်ပြန်ထားပါတယ်။
ထုတ်ပြန်ချက်မှာ ” မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၏ ပြည်ကြီးတံခွန်မြို့နယ် ၁၁၄ လမ်းနှင့် ၁၁၅ လမ်းကြား၊ ၇၄ လမ်းနှင့် ကိုလံဘိုမြောင်းကြားရှိ ချမ်းမြရွှေပြည် ယာဉ်ရပ်နားစခန်းအား အဆင့်မြင့်တင်တည်ဆောက်မည်ဖြစ်သဖြင့်ယာဉ်ရပ်နားစခန်းအား (၃၀-၁၁-၂၀၂၁) ရက်၊ ည (၁၂) နာရီတွင် ပိတ်သိမ်း၍
ခရီးသည်သယ်ယူပို့ဆောင်ရေး လုပ်ငန်းများကို ပြည်ကြီးတံခွန်မြို့နယ် တံခွန်တိုင်အဝိုင်း၏ အရှေ့မြောက်ဘက် ၇၃ လမ်း၏ အရှေ့ဘက် Denko ဆီဆိုင်အနီးရှိ
ချမ်းမြရွှေပြည် ယာယီယာဉ်ရပ်နားစခန်းသို့ (၁-၁၂-၂၀၂၁) ရက် နံနက်ပိုင်းမှစတင် ပြောင်းရွှေ့ဆောင်ရွက်မည်ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ ခရီးသွားပြည်သူများအနေဖြင့် အဆိုပါ ယာယီယာဉ်ရပ်နားစခန်းမှ လိုက်ပါစီးနင်းနိုင်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။ အခွန်ဌာန၊ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ” ဆိုပြီး ထုတ်ပြန်ကြေညာထားတာဖြစ်ပါတယ်။
ထုတ်ပြန်ချက်အရ ဒီဇင်ဘာလ ၁ ရက်နေ့မှ စတင်ကာ ခရီးသွားသူများအနေဖြင့် ပြည်ကြီးတံခွန်မြို့နယ် တံခွန်တိုင်အဝိုင်း၏ အရှေ့မြောက်ဘက် ၇၃ လမ်း၏ အရှေ့ဘက် Denko ဆီဆိုင်အနီးရှိ ချမ်းမြရွှေပြည် ယာယီယာဉ်ရပ်နားစခန်းသို့ သွားရောက်စီးနင်းရမည်ဖြစ်တယ်လို့ သိရှိရပါတယ်။
———-
မႏၲေလး ကြၽဲဆည္ကန္ကားဝင္း ႏိုဝင္ဘာလ ၃၀ ရက္ ည ၁၂ နာရီ ေနာက္ဆုံးထားေျပာင္းေ႐ႊ႕ရမည္ဟုထုတ္ျပန္
မႏၲေလးတိုင္းေဒသႀကီး ျပည္ႀကီးတံခြန္ၿမိဳ႕နယ္ရွိ ခ်မ္းျမေ႐ႊျပည္ ယာဥ္ရပ္နားစခန္း (ကြၽဲဆည္ကန္ကားဝင္း) ကို အဆင့္ျမင့္တင္တည္ေဆာက္သြားမွာျဖစ္၍ ယခုလ ၃၀ ရက္ေန႔ ည ၁၂ နာရီအခ်ိန္ ေနာက္ဆုံးထားေျပာင္းေ႐ႊ႕ရန္ မႏၲေလးၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီမွ အသိေပးခ်က္ထုတ္ျပန္ထားပါတယ္။
ထုတ္ျပန္ခ်က္မွာ ” မႏၲေလးၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီ၏ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္ ၁၁၄ လမ္းႏွင့္ ၁၁၅ လမ္းၾကား၊ ၇၄ လမ္းႏွင့္ ကိုလံဘိုေျမာင္းၾကားရွိ ခ်မ္းျမေ႐ႊျပည္ ယာဥ္ရပ္နားစခန္းအား အဆင့္ျမင့္တင္တည္ေဆာက္မည္ျဖစ္သျဖင့္ယာဥ္ရပ္နားစခန္းအား (၃၀-၁၁-၂၀၂၁) ရက္၊ ည (၁၂) နာရီတြင္ ပိတ္သိမ္း၍
ခရီးသည္သယ္ယူပို႔ေဆာင္ေရး လုပ္ငန္းမ်ားကို ျပည္ႀကီးတံခြန္ၿမိဳ႕နယ္ တံခြန္တိုင္အဝိုင္း၏ အေရွ႕ေျမာက္ဘက္ ၇၃ လမ္း၏ အေရွ႕ဘက္ Denko ဆီဆိုင္အနီးရွိ
ခ်မ္းျမေ႐ႊျပည္ ယာယီယာဥ္ရပ္နားစခန္းသို႔ (၁-၁၂-၂၀၂၁) ရက္ နံနက္ပိုင္းမွစတင္ ေျပာင္းေ႐ႊ႕ေဆာင္႐ြက္မည္ျဖစ္ပါသည္။
သို႔ျဖစ္ပါ၍ ခရီးသြားျပည္သူမ်ားအေနျဖင့္ အဆိုပါ ယာယီယာဥ္ရပ္နားစခန္းမွ လိုက္ပါစီးနင္းႏိုင္ပါေၾကာင္း အသိေပးေၾကညာအပ္ပါသည္။ အခြန္ဌာန၊ မႏၲေလးၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီ” ဆိုၿပီး ထုတ္ျပန္ေၾကညာထားတာျဖစ္ပါတယ္။
ထုတ္ျပန္ခ်က္အရ ဒီဇင္ဘာလ ၁ ရက္ေန႔မွ စတင္ကာ ခရီးသြားသူမ်ားအေနျဖင့္ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္ တံခြန္တိုင္အဝိုင္း၏ အေရွ႕ေျမာက္ဘက္ ၇၃ လမ္း၏ အေရွ႕ဘက္ Denko ဆီဆိုင္အနီးရွိ ခ်မ္းျမေ႐ႊျပည္ ယာယီယာဥ္ရပ္နားစခန္းသို႔ သြားေရာက္စီးနင္းရမည္ျဖစ္တယ္လို႔ သိရွိရပါတယ္။
Be the first to comment on "မန္တလေး ကျွဲဆည်ကန်ကားဝင်း နိုဝင်ဘာလ ၃၀ ရက် ည ၁၂ နာရီ နောက်ဆုံးထားပြောင်းရွှေ့ရမည်ဟုထုတ်ပြန်"