နိုင္ငံေတာ္ သမၼတ႐ုံးဝန္ထမ္းမ်ား ကိုဗစ္ကူးစက္ခံရမွု ေနာက္ဆုံးရ အေျခအေန
နိုင္ငံေတာ္သမၼတ႐ုံးရွိ ဝန္ထမ္း၇၀ေက်ာ္ကို ကိုဗစ္ေရာဂါ ကူးစက္ခံထားရျခင္း ရွိမရွိ စစ္ေဆးခဲ့ရာ ပိုးေတြ႕သူ ၇ ဦးရွိေၾကာင္း သိရပါတယ္။
သမၼတ႐ုံးအႀကီးတန္းအရာရွိတစ္ဦးထံ ဆက္သြယ္ေမးျမန္းရာ လႊတ္ေတာ္႐ုံးဝန္ထမ္းမ်ားတြင္ ကိုဗစ္ပိုးကူးစက္ခံထားရသူ သုံးဦးေတြ႕ရွိသျဖင့္ ထိုသူမ်ားႏွင့္ အေဆာင္အတူေနေသာ ဝန္ထမ္းမ်ားကို ႐ုံးမတက္ေစပဲ ကြာရန္တင္းထားရွိေၾကာင္း၊
အဆိုပါကြာရန္တင္းထားသူမ်ားကို စစ္ေဆးခဲ့ရာ သမၼတတ႐ုံးဝန္ထမ္းတစ္ဦးတြင္ ကိုဗစ္ေရာဂါပိုး ေတြ႕ရွိခဲ့ေၾကာင္း၊ ထို႔ေၾကာင့္ သမၼတ႐ုံးရွိ ဝန္ထမ္း ၇၀ ေက်ာ္အား ထပ္မံစစ္ေဆးခဲ့ရာ ကိုဗစ္ေရာဂါပိုးကူးစက္ခံထားရသူ ေနာက္ထပ္ေျခာက္ဦးေတြ႕ရွိခဲ့ေၾကာင္းသတင္းရရွိပါတယ္။
——–
နိုင်ငံတော် သမ္မတရုံးဝန်ထမ်းများ ကိုဗစ်ကူးစက်ခံရမှု နောက်ဆုံးရ အခြေအနေ
နိုင်ငံတော်သမ္မတရုံးရှိ ဝန်ထမ်း၇၀ကျော်ကို ကိုဗစ်ရောဂါ ကူးစက်ခံထားရခြင်း ရှိမရှိ စစ်ဆေးခဲ့ရာ ပိုးတွေ့သူ ၇ ဦးရှိကြောင်း သိရပါတယ်။
သမ္မတရုံးအကြီးတန်းအရာရှိတစ်ဦးထံ ဆက်သွယ်မေးမြန်းရာ လွှတ်တော်ရုံးဝန်ထမ်းများတွင် ကိုဗစ်ပိုးကူးစက်ခံထားရသူ သုံးဦးတွေ့ရှိသဖြင့် ထိုသူများနှင့် အဆောင်အတူနေသော ဝန်ထမ်းများကို ရုံးမတက်စေပဲ ကွာရန်တင်းထားရှိကြောင်း၊
အဆိုပါကွာရန်တင်းထားသူများကို စစ်ဆေးခဲ့ရာ သမ္မတတရုံးဝန်ထမ်းတစ်ဦးတွင် ကိုဗစ်ရောဂါပိုး တွေ့ရှိခဲ့ကြောင်း၊ ထို့ကြောင့် သမ္မတရုံးရှိ ဝန်ထမ်း ၇၀ ကျော်အား ထပ်မံစစ်ဆေးခဲ့ရာ ကိုဗစ်ရောဂါပိုးကူးစက်ခံထားရသူ နောက်ထပ်ခြောက်ဦးတွေ့ရှိခဲ့ကြောင်းသတင်းရရှိပါတယ်။
Be the first to comment on "နိုင်ငံတော် သမ္မတရုံးဝန်ထမ်းများ ကိုဗစ်ကူးစက်ခံရမှု နောက်ဆုံးရ အခြေအနေ"