တိကျမှန်ကန် မိုးလေဝသဆရာမလေး စုစုစံ ရဲ့ မုန်တိုင်း သတိပေးထုတ်ပြန်ချက်

တိကျမှန်ကန် မိုးလေဝသဆရာမလေး စုစုစံ ရဲ့ မုန်တိုင်း သတိပေးထုတ်ပြန်ချက်

ထိုင်းပင်လယ်ကွေ့အတွင်းမှTD 94w မုန်တိုင်းငယ်သည် ပိုမိုအားကောင်းတဲ့ မုန်တိုင်းတစ်လုံးဖြစ်လာနိုင်ကာ လှိုင်းကြီး လေထန် မိုးကြီးနိုင်သဖြင့် ကော့သောင်းခရိုင်နှင့် ကျွန်းစုများတွင် ငါးဖမ်းထွက်ခြင်း ခရီးသွားခြင်း မပြုလုပ်ရန် မိုးလေဝသ စုစုစံမှ အထူးသတိပေးချက်တရပ်ထုတ်ပြန်ထားပါတယ်။

ထုတ်ပြန်ချက်မှာ ”တောင်တရုတ်ပင်လယ်ပြင်မှာဖြစ်ပေါ်နေသော94w invest လေဖိအားနည်းလေဝဲသည် တစ်နာရီလေတိုက်ခတ်နှုန်း 20 kt ဖြင့် tropical Depression မုန်တိုင်းငယ်အဆင့်သို့ရောက်ရှိလာပြီး ထိုင်းပင်လယ်ကွေ့အတွင်းကိုဝင်ရောက်လာခဲ့ပြီဖြစ်ပါတယ်။

30/Nov/2021 to 3Dec/2021 နေ့အတွင်း ထိုင်းပင်လယ်ကွေ့အတွင်းသို့ လှေသင်္ဘောများမသွားသင့်ပါဘူး အဆိုပါရက်များအတွင်း ဗီလစ်ပိုင်နိုင်ငံတောင်ပိုင်း မလေးရှားနိုင်ငံမြောက်ပိုင်း ထိုင်းနိုင်ငံတောင်ပိုင်းတွေမှာ မိုးကြီးရေလျှံနိုင်ပါတယ်။

၂၀၂၁ ဒီဇင်ဘာလ ၁ရက်နေ့မှ ၃ရက်နေ့အတွင်း တနင်္သါရီတောင်ပိုင်း ကော့သောင်းခရိုင်တွင် မိုးများစွာရွာသွန်းနိုင်ပါတယ်။

Breaking News ၂၁၂၁ ဒီဇင်ဘာလ ၂ ရက်နေ့တွင် ထိုင်းပင်လယ်ကွေ့အတွင်းမှTD 94w မုန်တိုင်းငယ်သည် မလေးကျွန်းစွယ်ကိုဖြတ်ကျော်ပြီး ကပ္ပလီပင်လယ်ပြင်ကိုရောက်ရှိလာနိုင်ပါတယ်။

ဒီဇင်ဘာလ ၁ ရက်နေ့မှ ၃ရက်နေ့အတွင်းကော့သောင်းခရိုင်နှင့်ကျွန်းစုများတွင်ငါးဖမ်းထွက်ခြင်း ခရီးသွားခြင်း မပြုလုပ်သင့်ပါ လှိုင်းကြီးလေထန်မိုးကြီးနိုင်ပါတယ်။

TD 94wသည် ဒီဇင်ဘာလ ၃ရက်နေ့မှာဘင်္ဂလားပင်လယ်အော်ကိုရောက်ရှိလာမှာဖြစ်ပြီး ပိုမိုအားကောင်းတဲ့ မုန်တိုင်းတစ်လုံးဖြစ်လာနိုင်ပါတယ်”လို့ ကြိုတင်သတိပေးထုတ်ပြန်ပေးထားပါတယ်။

မုန်တိုင်းအရှိန်ကြောင့် လှိုင်းကြီး လေထန် မိုးကြီးနိုင်သဖြင့် ကော့သောင်းခရိုင်နှင့် ကျွန်းစုများတွင် ငါးဖမ်းထွက်ခြင်း ခရီးသွားခြင်း မပြုလုပ်ရန်အထူးသတိပေးနှိုးဆော်အပ်ပါသည်။

မိုးဇလရဲ့ ဒီဇင်ဘာလ ပထမပတ်အတွက် မိုးလေဝသခန့်မှန်းချက်အရ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် လေဖိအားနည်းရပ်ဝန်း (၂)ကြိမ် ဖြစ်ပေါ်နိုင်ပြီး၊ (၁)ကြိမ်တွင် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ရောက်ရှိနိုင်ကာ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့် ချင်းပြည်နယ်တို့တွင် ရွာသွန်းမြဲထက် ပိုနိုင်ပြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန် တိုင်းဒေသကြီး၊ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ရွာသွန်းမြဲအောက် လျော့နည်းနိုင်ကာ

နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ဧရာဝတီတိုင်းဒေသကြီး၊တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)၊ ရခိုင်ပြည်နယ်နှင့်ကယားပြည်နယ်တို့တွင် ရွာသွန်းမြဲခန့်မိုးထစ်ချုန်းရွာနိုင်တယ်လို့ ခန့်မှန်းပေးထားပါတယ်။

————-

တိက်မွန္ကန္ မိုးေလ၀သဆရာမေလး စုစုစံ ရဲ႕ မုန္တိုင္း သတိေပးထုတ္ျပန္ခ်က္

ထိုင္းပင္လယ္ေကြ႕အတြင္းမွTD 94w မုန္တိုင္းငယ္သည္ ပိုမိုအားေကာင္းတဲ့ မုန္တိုင္းတစ္လုံးျဖစ္လာႏိုင္ကာ လႈိင္းႀကီး ေလထန္ မိုးႀကီးႏိုင္သျဖင့္ ေကာ့ေသာင္းခ႐ိုင္ႏွင့္ ကြၽန္းစုမ်ားတြင္ ငါးဖမ္းထြက္ျခင္း ခရီးသြားျခင္း မျပဳလုပ္ရန္ မိုးေလဝသ စုစုစံမွ အထူးသတိေပးခ်က္တရပ္ထုတ္ျပန္ထားပါတယ္။

ထုတ္ျပန္ခ်က္မွာ ”ေတာင္တ႐ုတ္ပင္လယ္ျပင္မွာျဖစ္ေပၚေနေသာ94w invest ေလဖိအားနည္းေလဝဲသည္ တစ္နာရီေလတိုက္ခတ္ႏႈန္း 20 kt ျဖင့္ tropical Depression မုန္တိုင္းငယ္အဆင့္သို႔ေရာက္ရွိလာၿပီး ထိုင္းပင္လယ္ေကြ႕အတြင္းကိုဝင္ေရာက္လာခဲ့ၿပီျဖစ္ပါတယ္။

30/Nov/2021 to 3Dec/2021 ေန႔အတြင္း ထိုင္းပင္လယ္ေကြ႕အတြင္းသို႔ ေလွသေဘၤာမ်ားမသြားသင့္ပါဘူး အဆိုပါရက္မ်ားအတြင္း ဗီလစ္ပိုင္ႏိုင္ငံေတာင္ပိုင္း မေလးရွားႏိုင္ငံေျမာက္ပိုင္း ထိုင္းႏိုင္ငံေတာင္ပိုင္းေတြမွာ မိုးႀကီးေရလွ်ံႏိုင္ပါတယ္။

၂၀၂၁ ဒီဇင္ဘာလ ၁ရက္ေန႔မွ ၃ရက္ေန႔အတြင္း တနသၤါရီေတာင္ပိုင္း ေကာ့ေသာင္းခ႐ိုင္တြင္ မိုးမ်ားစြာ႐ြာသြန္းႏိုင္ပါတယ္။

Breaking News ၂၁၂၁ ဒီဇင္ဘာလ ၂ ရက္ေန႔တြင္ ထိုင္းပင္လယ္ေကြ႕အတြင္းမွTD 94w မုန္တိုင္းငယ္သည္ မေလးကြၽန္းစြယ္ကိုျဖတ္ေက်ာ္ၿပီး ကပၸလီပင္လယ္ျပင္ကိုေရာက္ရွိလာႏိုင္ပါတယ္။

ဒီဇင္ဘာလ ၁ ရက္ေန႔မွ ၃ရက္ေန႔အတြင္းေကာ့ေသာင္းခ႐ိုင္ႏွင့္ကြၽန္းစုမ်ားတြင္ငါးဖမ္းထြက္ျခင္း ခရီးသြားျခင္း မျပဳလုပ္သင့္ပါ လႈိင္းႀကီးေလထန္မိုးႀကီးႏိုင္ပါတယ္။

TD 94wသည္ ဒီဇင္ဘာလ ၃ရက္ေန႔မွာဘဂၤလားပင္လယ္ေအာ္ကိုေရာက္ရွိလာမွာျဖစ္ၿပီး ပိုမိုအားေကာင္းတဲ့ မုန္တိုင္းတစ္လုံးျဖစ္လာႏိုင္ပါတယ္”လို႔ ႀကိဳတင္သတိေပးထုတ္ျပန္ေပးထားပါတယ္။

မုန္တိုင္းအရွိန္ေၾကာင့္ လႈိင္းႀကီး ေလထန္ မိုးႀကီးႏိုင္သျဖင့္ ေကာ့ေသာင္းခ႐ိုင္ႏွင့္ ကြၽန္းစုမ်ားတြင္ ငါးဖမ္းထြက္ျခင္း ခရီးသြားျခင္း မျပဳလုပ္ရန္အထူးသတိေပးႏႈိးေဆာ္အပ္ပါသည္။

မိုးဇလရဲ႕ ဒီဇင္ဘာလ ပထမပတ္အတြက္ မိုးေလ၀သခန္႔မွန္းခ်က္အရ ကပၸလီပင္လယ္ျပင္ႏွင့္ ဘဂၤလားပင္လယ္ေအာ္တို႔တြင္ ေလဖိအားနည္းရပ္၀န္း (၂)ႀကိမ္ ျဖစ္ေပၚႏိုင္ၿပီး၊ (၁)ႀကိမ္တြင္ ပိုမိုအားေကာင္းလာကာ မုန္တိုင္းငယ္အျဖစ္သို႔ေရာက္ရွိႏိုင္ကာ

စစ္ကိုင္းတိုင္းေဒသႀကီး၊ ကခ်င္ျပည္နယ္၊ ရွမ္းျပည္နယ္(ေျမာက္ပိုင္း)ႏွင့္ ခ်င္းျပည္နယ္တို႔တြင္ ႐ြာသြန္းၿမဲထက္ ပိုႏိုင္ၿပီး၊ ပဲခူးတိုင္းေဒသႀကီး၊ ရန္ကုန္ တိုင္းေဒသႀကီး၊ကရင္ျပည္နယ္ႏွင့္ မြန္ျပည္နယ္တို႔တြင္ ႐ြာသြန္းၿမဲေအာက္ ေလ်ာ့နည္းႏိုင္ကာ

ေနျပည္ေတာ္၊ မႏၲေလးတိုင္းေဒသႀကီး၊ မေကြးတိုင္းေဒသႀကီး၊ဧရာဝတီတိုင္းေဒသႀကီး၊တနသၤာရီတိုင္းေဒသႀကီး၊ ရွမ္းျပည္နယ္(ေတာင္ပိုင္းႏွင့္ အေရွ႕ပိုင္း)၊ ရခိုင္ျပည္နယ္ႏွင့္ကယားျပည္နယ္တို႔တြင္ ႐ြာသြန္းၿမဲခန္႔မိုးထစ္ခ်ဳန္း႐ြာႏိုင္တယ္လို႔ ခန႔္မွန္းေပးထားပါတယ္။

Be the first to comment on "တိကျမှန်ကန် မိုးလေဝသဆရာမလေး စုစုစံ ရဲ့ မုန်တိုင်း သတိပေးထုတ်ပြန်ချက်"

Leave a comment

Your email address will not be published.


*