အမေရိကန်ဦးဆောင်တဲ့ မဟာမိတ် ၇ နိုင်ငံက မြန်မာစစ်တပ်ကို အကူအညီပေးမှု့တွေ ဆိုင်းငံ့ထားဖို့ နိုင်ငံတကာကို ယမန်နေ့က တောင်းဆိုလိုက်ပါတယ် ။
မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု့တွေကိုလည်း နိုင်ငံတကာကို အသိပေးထားပါတယ် ။ မြန်မာစစ်တပ်ကို စစ်အအာဏာသိမ်းမှု့ အဆုံးသတ်ဖို့ ကြိုးစားနေတဲ့ တော်လှန်ရေးပြည်သူတွေကို ပိုပြီး အကြမ်းဖက်ဖို့ ပြင်ဆင်နေတယ်လို့လည်း အသိပေးထားပါတယ် ။
မြန်မာစစ်တပ်ဟာ လက်နက်တွေ သိုလှောင်နေတယ် ။ လေကြောင်းတိုက်ခိုက်မှု့တွေ လုပ်နေတယ် ။ လက်နက်ကြီးတွေ အသုံးပြုနေတယ် ။ လုံခြုံရေးတပ်ဖွဲ့တွေကို အဆမတန် အဆင်သင့်ပြင်ဆင်ထားတယ် ။
ခုခံစစ်ဆင်နွှဲနေတဲ့ တော်လှန်ရေးပြည်သူတွေအတွက် ကူညီကြရပါလိမ့်မယ် ။ လိင်အကြမ်းဖက်မှု့နဲ့ ညှဉ်းပန်းနှိပ်စက်မှု့တွေကိုလည်း ခိုင်မာတဲ့အစီရင်ခံစာတွေ ရရှိထားပါတယ် ။
လေကြောင်းနဲ့ တိုက်ခိုက်ခံနေရတဲ့ ချင်းပြည်နယ်မှာ အရပ်သားတွေ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတဲ့အကြောင်းတွေကို အမေရိကန် ၊ ဗြိတိန် ၊ သြစတေးလျ ၊ ကနေဒါ ၊ နယူးဇီလန် ၊ နော်ဝေးနဲ့ တောင်ကိုရီးယားနိုင်ငံတွေပါတဲ့ အဖွဲ့က ကြေငြာချက် ထုတ်ပြန်ပြီး နိုင်ငံတကာကို အသိပေးလိုက်တာပါ ။
တရုတ်နဲ့ရုရှားဟာ မြန်မာစစ်တပ်ကို အဓိက လက်နက်ရောင်းပေးနေသူတွေပါ ။ ကုလသမဂ္ဂဟာ အာဏာသိမ်းဗိုလ်ချုပ်တွေကို သီးသန့်ခွဲထုတ်နိုင်ဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အဖွဲ့ဝင်တွေကို သတိပေးထားပါတယ် ။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီလအစောပိုင်းမှာ လုံခြုံရေးကောင်စီက ထုတ်ပြန်ထားတဲ့ အာဏာသိမ်းစစ်ဗိုလ်ချုပ်တွေကို လက်နက်နဲ့ နည်းပညာ လွှဲပြောင်းပေးမှု့တွေ ရပ်ဆိုင်းခိုင်းလိုက်တဲ့ ထုတ်ပြန်ချက်ကို ချီးကျုးထားပါတယ် ။
အမေရိကန်ဦးဆောင်တဲ့ မဟာမိတ် ၇ နိုင်ငံဟာ မြန်မာစစ်ဗိုလ်ချုပ်တွေရဲ့ အာဏာသိမ်းပြီး ပြည်သူတွေအပေါ် အကြမ်းဖက်နေမှု့တွေကို ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းမယ်လို့ အသိပေးလိုက်တာပါ ။
သုံးသပ်ရရင် ……၊ စတိတ်မန့်တွေနဲ့ အရေးယူနေတဲ့ နိုင်ငံတကာ အသိုင်းအဝန်းကို ပြည်သူတွေဘက်ကတော့ အားရမှာမဟုတ်ပါဘူး ။
သို့ပေမယ့် တစ်ရစ်ချင်း တင်းသထက်တင်းလာတဲ့ အမေရိကန်ဦးဆောင်တဲ့ မဟာမိတ်တွေဟာ မြန်မာစစ်တပ်ကို ၈၈ လိုမျိုး ဟိုလိုလို ဒီလိုလိုနဲ့ ရောချခွင့်မပေးတော့ဘူးဆိုတာ တစ်ရစ်ချင်းတက်လာတဲ့ ကြေငြာချက်တွေက သိသာထင်ရှားလာပါတယ် ။
ဒါဟာ ပြည်တွင်းက တော်လှန်လိုစိတ် ပြင်းထန်နေတဲ့ ပြည်သူတွေရဲ့ ကြိုးစားမှု့ကို အသိအမှတ်ပြုတဲ့ သဘောပါ ။
စစ်ကောင်စီဘက်ကတော့ အမေရိကန်သတင်းသမားကို လွှတ်ပေးလိုက်ရင် ၊ ရွှေလမ်း ငွေလမ်း ဖောက်နိုင်တယ်လို့ ထင်မြင်ခဲ့ပေမယ့် ၊ အမေရိကန်ကတော့ သတင်းသမားကို လွှတ်ပေးလိုက်လို့ ညှိနှိုင်းမှု့တွေ လက်ခံမှာမဟုတ်ဘူးလို့ တရားဝင်အသိပေးထားပါတယ် ။
ထူးခြားတာက အင်အားကြီး မဟာမိတ် ၇ နိုင်ငံပေါင်းပြီးတော့ ရုရှားနဲ့ တရုတ်ကိုဦးတည်ပြီး နိုင်ငံတကာအသိုင်းအဝန်းကို ခပ်တင်းတင်း သတိပေးလိုက်တာပါ ။
ဒီကြေငြာချက်ဟာ ပြည်တွင်းက NUG အစိုးရရဲ့ ငွေတိုက်စာချုပ် ရောင်းချမှု့တွေ တကမ္ဘာလုံးက အံ့သြနေချိန်မှာ ထူးဆန်းစွာ တိုက်ဆိုင်နေပါတယ် ။
မြန်မာပြည်သူတွေရဲ့ ပန်းတိုင်အထိ သွားတော့မယ့်စိတ်ဓာတ်ကို နိုင်ငံတကာအသိုင်းအဝန်းက သေသေချာချာ သိသွားကြပါပြီ ။
ဒီတော့ …၊ စာရေးသူရဲ့ ပုဂ္ဂလိက သုံးသပ်မှုမှာ NUG နဲ့ အမေရိကန်ဦးဆောင်တဲ့ မဟာမိတ်တွေဟာ ဒီတော်လှန်ရေးအတွက် ဗျုဟာဆွဲထားနိုင်တယ်လို့ သုံးသပ်ချင်ပါတယ် ။
ဘကြီးအောင် LA
Be the first to comment on "စစ်ကောင်စီနဲ့ မပတ်သက်ဖို့ နိုင်ငံတကာကို အသိပေးလိုက်တဲ့ အမေရိကန်"