ထန်တလန် ကက်သလစ်ဘုရားကျောင်း မီးထဲပါသွားပြန်ပြီ

ထန်တလန် ကက်သလစ်ဘုရားကျောင်း မီးထဲပါသွား

ရန်ကုန်၊ နိုဝင်ဘာ ၂၇

ချင်းပြည်နယ်၊ ထန်တလန်မြို့၊ စိုက်ပျိုးရေးရပ်ကွက်ရှိ စိန့်နီကောလပ်စ် ကက်သလစ်ဘုရားကျောင်း မီးထဲပါသွားကြောင်း The Chin Journal က သတင်းဖော်ပြသည်။

လက်ရှိတွင် နေအိမ်များ ဆက်လက်မီးလောင်လျှက်ရှိပြီး လက်တလောတွင် မီးလောင်သွားသည့်အိမ်အရေအတွက် အတည်ပြုလို့ မရသေးကြောင်း၊ ထန်တလန်မြို့တွင် ခရစ်ယာန်ဘုရားကျောင်း ၄ကျောင်း မီးရှို့ခံရပြီဖြစ်ကြောင်း သိရှိရသည်။

ချင်းပြည်နယ်၊ ထန်တလန်မြို့၊ လုံတီရယ် (Lungtial) ရပ်ကွက်တွင် ယနေ့ နိုဝင်ဘာလ ၂၇ ရက် ယနေ့ညပိုင်း၌ နေအိမ်များ မီးကူးစက်လောင်ကျွမ်းနေကြောင်း သတင်းရရှိသည်။

ယခု မီးလောင်ကျွမ်းမှုသည် ထန်တလန်မြို့တွင် စက်တင်ဘာလမှစ၍ ၉ ကြိမ်မြောက်လောင်ကျွမ်းခြင်းဖြစ်ပြီး မီးလောင်ကျွမ်းရသည့်အကြောင်းအရင်းနှင့် မီးလောင်ဆုံးရှုံးသည့် နေအိမ်အရေအတွက်ကို လတ်တလော မသိရှိရသေးပေ။

ထန်တလန်မြို့ပေါ်တွင် ပြီးခဲ့သည့် မီးလောင်ကျွမ်းမှု ၈ ကြိမ်တွင် ထန်တလန်မြို့တွင် ခရစ်ယာန်ဘုရားကျောင်း ၃ ခုနှင့် လူနေအိမ် ၂၆၅ လုံး ပျက်စီးဆုံးရှုံးခဲ့ပြီးဖြစ်သည်။

News & Photo – The Chin Journal

————

ထန္တလန္ ကက္သလစ္ဘုရားေက်ာင္း မီးထဲပါသြား

ရန္ကုန္၊ ႏိုဝင္ဘာ ၂၇

ခ်င္းျပည္နယ္၊ ထန္တလန္ၿမိဳ႕၊ စိုက္ပ်ိဳးေရးရပ္ကြက္ရွိ စိန႔္နီေကာလပ္စ္ ကက္သလစ္ဘုရားေက်ာင္း မီးထဲပါသြားေၾကာင္း The Chin Journal က သတင္းေဖာ္ျပသည္။

လက္ရွိတြင္ ေနအိမ္မ်ား ဆက္လက္မီးေလာင္လွ်က္ရွိၿပီး လက္တေလာတြင္ မီးေလာင္သြားသည့္အိမ္အေရအတြက္ အတည္ျပဳလို႔ မရေသးေၾကာင္း၊ ထန္တလန္ၿမိဳ႕တြင္ ခရစ္ယာန္ဘုရားေက်ာင္း ၄ေက်ာင္း မီးရႈိ႕ခံရၿပီျဖစ္ေၾကာင္း သိရွိရသည္။

ခ်င္းျပည္နယ္၊ ထန္တလန္ၿမိဳ႕၊ လုံတီရယ္ (Lungtial) ရပ္ကြက္တြင္ ယေန႔ ႏိုဝင္ဘာလ ၂၇ ရက္ ယေန႔ညပိုင္း၌ ေနအိမ္မ်ား မီးကူးစက္ေလာင္ကြၽမ္းေနေၾကာင္း သတင္းရရွိသည္။

ယခု မီးေလာင္ကြၽမ္းမႈသည္ ထန္တလန္ၿမိဳ႕တြင္ စက္တင္ဘာလမွစ၍ ၉ ႀကိမ္ေျမာက္ေလာင္ကြၽမ္းျခင္းျဖစ္ၿပီး မီးေလာင္ကြၽမ္းရသည့္အေၾကာင္းအရင္းႏွင့္ မီးေလာင္ဆုံးရႈံးသည့္ ေနအိမ္အေရအတြက္ကို လတ္တေလာ မသိရွိရေသးေပ။

ထန္တလန္ၿမိဳ႕ေပၚတြင္ ၿပီးခဲ့သည့္ မီးေလာင္ကြၽမ္းမႈ ၈ ႀကိမ္တြင္ ထန္တလန္ၿမိဳ႕တြင္ ခရစ္ယာန္ဘုရားေက်ာင္း ၃ ခုႏွင့္ လူေနအိမ္ ၂၆၅ လုံး ပ်က္စီးဆုံးရႈံးခဲ့ၿပီးျဖစ္သည္။

News & Photo – The Chin Journal

Be the first to comment on "ထန်တလန် ကက်သလစ်ဘုရားကျောင်း မီးထဲပါသွားပြန်ပြီ"

Leave a comment

Your email address will not be published.


*