လိုအပ်ပါက နိုင်ငံသားတိုင်းစစ်မှုထမ်းရမယ်ဆိုတဲ့ ဥပဒေကို လက်တွေ့ကျင့်သုံးမယ်လို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ပြော
ရန်ကုန်၊ နို၀င်ဘာ ၂၇
နိုင်ငံရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၃၈၆ အရ နိုင်ငံသားတိုင်းစစ်မှုထမ်းဆောင်ရမယ်ဆိုတဲ့ ဥပဒေကို လိုအပ်လာရင် လက်တွေ့ကျင့်သုံးမယ်လို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နို၀င်ဘာ ၂၆ ရက်နေ့က ပြုလုပ်တဲ့ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ညီလာခံမှာ ပြောကြားပါတယ်။
နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ နိုင်ငံသားတိုင်းစစ်မှုထမ်းရမယ်ဆိုတဲ့ဥပဒေပါ၀င်ပြီး အဲ့ဒါနဲ့ ဆက်စပ်ပြီး ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့ အရန်တပ်ဖွဲ့ဥပဒေတို့ကိုလည်း ရေးဆွဲအတည်ပြုထားတယ်လို့ ဆိုပါတယ်။
ပြည်သူ့စစ်မှုထမ်းဥပဒေမှာ အသက်ပြည့်ပြီးတဲ့ နိုင်ငံသားတိုင်း ကာလအပိုင်းအခြားအလိုက် စစ်မှုထမ်းဆောင်ရမှာဖြစ်ပြီး ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့တွေ ဖွဲ့စည်းပြီး ဆင့်ခေါ်ခြင်းအပါအ၀င် တခြား လုပ်ထုံးလုပ်နည်းတွေကိုလည်း ပြဌာန်းထားတယ်လို့ သိရပါတယ်။
အရန်တပ်ဖွဲ့ဥပဒေကို စစ်မှုထမ်းရာက နှုတ်ထွက်သူတွေနဲ့ အငြိမ်းစားယူခွင့်ရရှိထားသူတွေ အရန်တပ်ဖွဲ့မှာ ပါ၀င်နိုင်ဖို့ ပြဌာန်းထားတာဖြစ်ပြီး လိုအပ်လာပါ အဲ့ဒီဥပဒေတွေကို လက်တွေ့ကျင့်သုံးသွားမယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကပြောထားတာဖြစ်ပါတယ်။
Mercury_Media
———
လိုအပ်ပါက နိုင်ငံသားတိုင်းစစ်မှုထမ်းရမယ်ဆိုတဲ့ ဥပေဒကို လက်တွေ့ကျင့်သုံးမယ်လို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ပြော
ရန်ကုန်၊ နိုဝင်ဘာ ၂၇
နိုင်ငံရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၃၈၆ အရ နိုင်ငံသားတိုင်းစစ်မှုထမ်းဆောင်ရမယ်ဆိုတဲ့ ဥပေဒကို လိုအပ်လာရင် လက်တွေ့ကျင့်သုံးမယ်လို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နိုဝင်ဘာ ၂၆ ရက်နေ့က ပြုလုပ်တဲ့ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ညီလာခံမွာ ပြောကြားပါတယ်။
ပြည်သူ့စစ်မှုထမ်းဥပဒေမှာ အသက်ပြည့်ပြီးတဲ့ နိုင်ငံသားတိုင်း ကာလအပိုင်းအခြားအလိုက် စစ်မှုထမ်းဆောင်ရမှာဖြစ်ပြီး ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့တွေ ဖွဲ့စည်းပြီး ဆင့်ခေါ်ခြင်းအပါအ၀င် တျခား လုပ်ထုံးလုပ်နည်းတွေကိုလည်း ပြဌာန်းထားတယ်လို့ သိရပါတယ်။
အရန်တပ်ဖွဲ့ဥပဒေကို စစ်မှုထမ်းရာက နှုတ်ထွက်သူတွေနဲ့ အငြိမ်းစားယူခွင့်ရရှိထားသူတွေ အရန်တပ်ဖွဲ့မှာ ပါဝင်နိုင်ဖို့ ပြဌာန်းထားတာဖြစ်ပြီး လိုအပ္လာပါ အဲ့ဒီဥပေဒေတြကို လက်တွေ့ကျင့်သုံးသွားမယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကပြောထားတာဖြစ်ပါတယ်။
Mercury_Media
Be the first to comment on "လိုအပ်ပါက နိုင်ငံသားတိုင်းစစ်မှုထမ်းရမယ်ဆိုတဲ့ ဥပဒေကို လက်တွေ့ကျင့်သုံးမယ်လို့ စစ်ခေါင်းဆောင်ပြော"