မြန်မာပြည်သူတွေကို သတင်းစကားပါးလိုက်တဲ့ နာမည်ကျော်တိုက်ခိုက်ရေးသမား အောင်လအန်ဆန်
မြန်မာ့စပါးအုံးမြွေလို့တင်စားခံရတဲ့ အောင်လအန်ဆန်ကမြန်မာပြည်သူတွေအနေနဲ့ လက်ရှိအချိန်မှာသန်မာကြံ့ခိုင်အောင်နေထိုင်ကြရမယ်လို့ လူမူကွန်ရက်ကတဆင့်တိုက်တွန်းပြောဆိုလိုက်ပါတယ်။
အောင်လအန်ဆန်ဟာ ဒီသီတင်းပတ်အတွင်းမှာလူမူကွန်ရက်ဖြစ်တဲ့ Instagram ကနေမြန်မာပြည်သူတွေကိုတိုက်တွန်းပြောဆိုခဲ့တာဖြစ်ပြီး သန်မာကြံ့ခိုင်အောင်နေထိုင်ဖို့
တိုက်တွန်းတဲ့စာနဲ့အတူကျေးရွာတွေကို စွန့်ခွာထွက်ပြေးရတဲ့ ဒုက္ခသည်တွေရဲ့ပုံတွေကိုအတူတွဲတင်ခဲ့တာဖြစ်ကြောင်းသိရပါတယ်။အသက် ၃၆ နှစ်အရွယ်ရှိ
One Championship ချန်ပီယံဟောင်းအောင်လအန်ဆန်ကလက်ရှိအချိန်မှာ မြန်မာနိုင်ငံရဲ့အခြေနေတွေအရင်တိုင်းပဲရှိနေဆဲဖြစ်ပေမယ့် အခြေနေတွေကောင်းမွန်တိုးတက်လာမယ်လို့ ယုံကြည်ကြောင်း ဆိုပါတယ်။
အောင်လအန်ဆန်က ” ပိုင်ဆိုင်တဲ့အရာရာတိုင်းကိုယူဆောင်ခွင့်မရဘဲအသက်ရှင်ဖို့ ထွက်ပြေးခွင့်ရတာကိုပဲကျေးဇူးတင်ရမယ်။ဒါဟာ ဟောလီဝုဒ်ရုပ်ရှင်ဇာတ်ကားတစ်ကားမဟုတ်ဘူး။
ဒုက္ခသည်တွေရဲ့ပုံတွေဟာမြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့အရာတွေပါ။ မြန်မာနိုင်ငံမြောက်ပိုင်းကကျေးရွာတွေကို စွန့်ခွာထွက်ပြေးရတဲ့ဒုက္ခသည်စခန်းကလူတွေရဲ့ပုံတွေဖြစ်တယ်။
မြန်မာနိုင်ငံရဲ့အခြေအနေဟာအရင်အတိုင်းပဲဘာမှမပြောင်းလဲသေးပေမယ့်ပြည်သူတွေသန်မာကြံ့ခိုင်အောင်နေထိုင်ဖို့လိုအပ်တယ်။လက်ရှိအချိန်ဟာအာရုံဦးမလာခင်အမှောင်မိုက်ဆုံးအချိန်ဖြစ်တယ်။
ဒီအမှောင်တွေ မကြာခင်အဆုံးသတ်သွားမှာပါ။ မြန်မာပြည်သူတွေတွေ့ကြုံခံစားနေရတာတွေကိုထပ်တူဝမ်းနည်းမိပါတယ်။ဒါပေမယ့်ကျွန်တော့်အနေနဲ့မြန်မာပြည်သူတွေကိုမေ့မထားဘူးဆိုတာသိစေလိုတယ်။” လို့ပြောပါတယ်။
အောင်လအန်ဆန်ဟာ One Championship ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်နေတဲ့ ကချင်တိုင်းရင်းသားတစ်ဦးဖြစ်ပြီး မစ်ဒယ်ဝိတ်တန်းနဲ့ လိုက်ဟဲဗီးဝိတ်တန်းတို့မှာချန်ပီယံဆုတွေရယူနိုင်ခဲ့ပေမယ့်
အဆိုပါကမ္ဘာ့ချန်ပီယံဆုတွေကိုပြီးခဲ့တဲ့နှစ်အောက်တိုဘာလနဲ့ ဒီနှစ်ဧပြီလတို့မှာ နယ်သာလန်နိုင်ငံသား ရိုင်နီယာဒီရစ်ဒါ ကိုရှုံးနိမ့်ကာ စွန့်လွှတ်လိုက်ရပါတယ်
။အောင်လအန်ဆန်ဟာလက်ရှိအချိန်မှာစွန့်လွှတ်လိုက်ရတဲ့ ချန်ပီယံဆုတွေပြန်ရယူနိုင်ဖို့ပစ်မှတ်ထားနေပြီးဂျပန်တိုက်ခိုက်ရေးသမား အိုကာမီနဲ့လည်းယှဉ်ပြိုင်ဖို့ ဆန္ဒရှိနေတယ်လို့သတင်းများထွက်ပေါ်နေပါတယ်။
————-
ျမန္မာျပည္သူေတြကို သတင္းစကားပါးလိုက္တဲ့ နာမည္ေက်ာ္တိုက္ခိုက္ေရးသမား ေအာင္လအန္ဆန္
ျမန္မာ့စပါးအုံးေႁမြလို႔တင္စားခံရတဲ့ ေအာင္လအန္ဆန္ကျမန္မာျပည္သူေတြအေနနဲ႔ လက္ရွိအခ်ိန္မွာသန္မာႀကံ့ခိုင္ေအာင္ေနထိုင္ၾကရမယ္လို႔ လူမူကြန္ရက္ကတဆင့္တိုက္တြန္းေျပာဆိုလိုက္ပါတယ္။
ေအာင္လအန္ဆန္ဟာ ဒီသီတင္းပတ္အတြင္းမွာလူမူကြန္ရက္ျဖစ္တဲ့ Instagram ကေနျမန္မာျပည္သူေတြကိုတိုက္တြန္းေျပာဆိုခဲ့တာျဖစ္ၿပီး သန္မာႀကံ့ခိုင္ေအာင္ေနထိုင္ဖို႔
တိုက္တြန္းတဲ့စာနဲ႔အတူေက်း႐ြာေတြကို စြန္႔ခြာထြက္ေျပးရတဲ့ ဒုကၡသည္ေတြရဲ႕ပုံေတြကိုအတူတြဲတင္ခဲ့တာျဖစ္ေၾကာင္းသိရပါတယ္။အသက္ ၃၆ ႏွစ္အ႐ြယ္ရွိ
One Championship ခ်န္ပီယံေဟာင္းေအာင္လအန္ဆန္ကလက္ရွိအခ်ိန္မွာ ျမန္မာႏိုင္ငံရဲ႕အေျခေနေတြအရင္တိုင္းပဲရွိေနဆဲျဖစ္ေပမယ့္ အေျခေနေတြေကာင္းမြန္တိုးတက္လာမယ္လို႔ ယုံၾကည္ေၾကာင္း ဆိုပါတယ္။
ေအာင္လအန္ဆန္က ” ပိုင္ဆိုင္တဲ့အရာရာတိုင္းကိုယူေဆာင္ခြင့္မရဘဲအသက္ရွင္ဖို႔ ထြက္ေျပးခြင့္ရတာကိုပဲေက်းဇူးတင္ရမယ္။ဒါဟာ ေဟာလီဝုဒ္႐ုပ္ရွင္ဇာတ္ကားတစ္ကားမဟုတ္ဘူး။
ဒုကၡသည္ေတြရဲ႕ပုံေတြဟာျမန္မာႏိုင္ငံမွာ ျဖစ္ပ်က္ေနတဲ့အရာေတြပါ။ ျမန္မာႏိုင္ငံေျမာက္ပိုင္းကေက်း႐ြာေတြကို စြန္႔ခြာထြက္ေျပးရတဲ့ဒုကၡသည္စခန္းကလူေတြရဲ႕ပုံေတြျဖစ္တယ္။
ျမန္မာႏိုင္ငံရဲ႕အေျခအေနဟာအရင္အတိုင္းပဲဘာမွမေျပာင္းလဲေသးေပမယ့္ျပည္သူေတြသန္မာႀကံ့ခိုင္ေအာင္ေနထိုင္ဖို႔လိုအပ္တယ္။လက္ရွိအခ်ိန္ဟာအာ႐ုံဦးမလာခင္အေမွာင္မိုက္ဆုံးအခ်ိန္ျဖစ္တယ္။
ဒီအေမွာင္ေတြ မၾကာခင္အဆုံးသတ္သြားမွာပါ။ ျမန္မာျပည္သူေတြေတြ႕ႀကဳံခံစားေနရတာေတြကိုထပ္တူဝမ္းနည္းမိပါတယ္။ဒါေပမယ့္ကြၽန္ေတာ့္အေနနဲ႔ျမန္မာျပည္သူေတြကိုေမ့မထားဘူးဆိုတာသိေစလိုတယ္။” လို႔ေျပာပါတယ္။
ေအာင္လအန္ဆန္ဟာ One Championship ၿပိဳင္ပြဲဝင္ေရာက္ယွဥ္ၿပိဳင္ေနတဲ့ ကခ်င္တိုင္းရင္းသားတစ္ဦးျဖစ္ၿပီး မစ္ဒယ္ဝိတ္တန္းနဲ႔ လိုက္ဟဲဗီးဝိတ္တန္းတို႔မွာခ်န္ပီယံဆုေတြရယူႏိုင္ခဲ့ေပမယ့္
အဆိုပါကမာၻ႔ခ်န္ပီယံဆုေတြကိုၿပီးခဲ့တဲ့ႏွစ္ေအာက္တိုဘာလနဲ႔ ဒီႏွစ္ဧၿပီလတို႔မွာ နယ္သာလန္ႏိုင္ငံသား ႐ိုင္နီယာဒီရစ္ဒါ ကိုရႈံးနိမ့္ကာ စြန္႔လႊတ္လိုက္ရပါတယ္
။ေအာင္လအန္ဆန္ဟာလက္ရွိအခ်ိန္မွာစြန္႔လႊတ္လိုက္ရတဲ့ ခ်န္ပီယံဆုေတြျပန္ရယူႏိုင္ဖို႔ပစ္မွတ္ထားေနၿပီးဂ်ပန္တိုက္ခိုက္ေရးသမား အိုကာမီနဲ႔လည္းယွဥ္ၿပိဳင္ဖို႔ ဆႏၵရွိေနတယ္လို႔သတင္းမ်ားထြက္ေပၚေနပါတယ္။
Crd..fightermyanmar
Be the first to comment on "မြန်မာပြည်သူတွေကို သတင်းစကားပါးလိုက်တဲ့ နာမည်ကျော် တိုက်ခိုက်ရေးသမား အောင်လအန်ဆန်"