အမေရိကန် ဒေါ်လာခွဲတမ်းဖြင့် ပြန်လည်ရောင်းချပေးနေပေမယ့် စက်သုံးဆီတွေ ဈေးမကျဘဲ စျေးနှုန်းအမြင့်ပိုင်းတွင်ဆက်ရှိနေ
စက်သုံးဆီအရောင်းကိုယ်စားလှယ်တွေကို အမေရိကန်ဒေါ်လာ ခွဲတမ်းဖြင့်ပြန်လည် ရောင်းချပေးနေပေမယ့် ပြည်တွင်းစက်သုံးဆီစျေးနှုန်းများမှာ အမြင့်ပိုင်းတွင်ဆက်လက်ရှိနေဆဲဖြစ်ပြီးစျေးကွက်အတွင်းတစ်လီတာကို ကျပ် ၁၃၀၀ ၀န်းကျင်တွင်ရှိနေကြောင်းစက်သုံးဆီအရောင်းဆိုင်များမှသိရပါတယ်။
ပြည်တွင်းစက်သုံးဆီစျေးနှုန်းများသည် ဒေါ်လာစျေးနှုန်းမြင့်တက်မှုနှင့်အတူပြီးခဲ့သည့် စက်တင်ဘာ ၃၀ ရက်က တစ်လီတာကို ကျပ် ၁၇၀၀ အထိစျေးနှုန်းမြင့်တက်မှုများရှိခဲ့ခြင်းဖြစ်ပါတယ်။
လက်ရှိတွင်စျေးနှုန်းအနည်းငယ်ပြန်ကျဆင်းခဲ့သော်လည်းယခင်စျေးနှုန်းများအထိ ပြန်လည်ကျဆင်းခြင်းမရှိဘဲ အမြင့်စျေးတွင်သာ ဆက်လက်ရှိနေဆဲဖြစ်ပါတယ်။
ယနေ့နိုဝင်ဘာ ၂၅ရက်တွင်ပြည်တွင်းစက်သုံးဆီစျေးနှုန်းများအနေဖြင့် ဓာတ်ဆီ Octane92 တစ်လီတာကို ၁၃၂၅ ကျပ်နှင့် Octane 95 တစ်လီတာကို ၁၃၇၅ ကျပ်တွင် ရှိနေပြီးဒီဇယ်တစ်လီတာကို ၁၂၉၀ ကျပ် နှင့် ပရီမီယမ် ဒီဇယ်တစ်လီတာကို ၁၃၀၀ ကျပ် စျေးနှုန်းရှိကြောင်း သိရပါတယ်။
ယခင်က စက်သုံးဆီတစ်လီတာကိုပျမ်းမျှအားဖြင့်ကျပ် ၇၀၀မှ ၈၀၀ ၀န်းကျင်ခန့်ရှိရာမှ ယခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအထိ ရှစ်လတာအတွင်းတစ်လီတာကို ကျပ်တစ်ထောင်နီးပါး မြင့်တက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းဖြန့်ဖြူးရောင်းချသူများအသင်းတို့ပူးပေါင်းပြီးစျေးကွက်အတွင်း စက်သုံးဆီဆိုင်အချို့တွင်စျေးလျှော့ချရောင်းချပေးနေသော်လည်း စက်သုံးဆီလုံလောက်မှုမရှိကြောင်းသုံးစွဲသူများထံမှ သိရပါတယ်။
Ref:Myanmar Platform
————-
နိုဝင်ဘာ ၂၆ ရက်နေ့ ရွှေစျေး၊ စက်သုံးဆီစျေး၊ ငွေလဲနှုန်း၊ ကမ္ဘာ့ရွှေစျေး
၂၀၂၁ ခုနှစ် နိုင်ဝင်ဘာလ (၂၆) ရက်နေ့ ယနေ့အတွက် ပြည်တွင်း ရွှေစျေး၊ကမ္ဘာ့ရွှေစျေး၊ စက်သုံးဆီစျေးနှုန်းတို့ကိုဖော်ပြပေးလိုက်ပါတယ်။
ရန်ကုန်စျေးကွက်အတွင်း ၁၆ ပဲရည်အခေါက်ရွှေ တကျပ်သား အတွက် 1777000 ကျပ် အဖွင့်စျေးရှိပြီး ၁၅ ပဲရည်ပြည့်စပ်ရွှေ တကျပ်သား ကို 1672500 ကျပ်ရှိပါတယ်။
မန္တလေးရွှေစျေးကွက်မှာ ၁၆ ပဲရည်အခေါက်ရွှေ တကျပ်သား အတွက် 1776000 ကျပ်အဖွင့်စျေးရှိပြီး ၁၅ ပဲရည်ပြည့်စပ်ရွှေ တကျပ်သား ကို 1671500 ကျပ်ရှိနေပါတယ်။
နိုဝင်ဘာလ 26 ရက် ယနေ့ ကမ္ဘာ့ရွှေစျေးမှာ $1792 ရှိနေပါတယ်။
နိုဝင်ဘာ ၂၆ ရက်နေ့အတွက် ပြင်ပငွေလဲနှုန်းမှာ
အမေရိကန် ဒေါ်လာ ဝယ်စျေး 1797၊ ရောင်းစျေး 1799
စင်္ကာပူ ဒေါ်လာ ဝယ်စျေး 1300၊ ရောင်းစျေး 1320
ဂျပန် ယမ်း ဝယ်စျေး 15၊ ရောင်းစျေး 16.5
ယူရို ဝယ်စျေး 1990၊ ရောင်းစျေး 2030
ထိုင်းဘတ် ဝယ်စျေး 55.3၊ ရောင်းစျေး 56.3
တရုတ် ယွမ် ဝယ်စျေး 285၊ ရောင်းစျေး 295
မလေးရှား ရင်းဂစ် ဝယ်စျေး 410၊ ရောင်းစျေး 420
ဗဟိုဘဏ်ရည်ညွှန်းငွေလဲနှုန်းမှာ နိုဝင်ဘာ ၂၅ ရက်နေ့စျေးနှုန်းအရ အမေရိကန်တစ်ဒေါ်လာ 1790.8 ကျပ်၊ စင်ကာပူတစ်ဒေါ်လာ 1310.2 ကျပ်ဖြင့်စျေးနှုန်းဖွင့်လှစ်ထားပါတယ်။
နိုဝင်ဘာလ (26) ရက်နေ့အတွက် တိုင်းဒေသကြီးအလိုက်စက်သုံးဆီစျေးနှုန်းမှာ
ရန်ကုန် – ဓာတ်ဆီ (92) တစ်လီတာ ၁၃၂၅ ကျပ်၊ (95) တစ်လီတာ ၁၃၇၅ ကျပ်၊ ဒီဇယ်ဆီ တစ်လီတာ ၁၂၉၀ ကျပ်နှင့် ပရီမီယမ်ဒီဇယ်ဆီ တစ်လီတာ ၁၃၀၀ ကျပ်
မန္တလေး – ဓာတ်ဆီ (92) တစ်လီတာ ၁၃၇၅ ကျပ်၊ (95) တစ်လီတာ ၁၄၈၀ ကျပ်၊ ဒီဇယ်ဆီ တစ်လီတာ ၁၃၁၅ ကျပ်နှင့် ပရီမီယမ်ဒီဇယ်ဆီ တစ်လီတာ ၁၃၃၅ ကျပ်
နေပြည်တော် – ဓာတ်ဆီ (92) တစ်လီတာ ၁၃၇၅ ကျပ်၊ (95) တစ်လီတာ ၁၄၇၀ ကျပ်၊ ဒီဇယ်ဆီ တစ်လီတာ ၁၃၅၀ ကျပ်နှင့် ပရီမီယမ်ဒီဇယ်ဆီ တစ်လီတာ ၁၃၇၀ ကျပ်
စစ်ကိုင်း – ဓာတ်ဆီ (92) တစ်လီတာ ၁၃၈၅ ကျပ်၊ (95) တစ်လီတာ ၁၄၉၀ ကျပ်၊ ဒီဇယ်ဆီ တစ်လီတာ ၁၃၂၅ ကျပ်နှင့် ပရီမီယမ်ဒီဇယ်ဆီ တစ်လီတာ ၁၃၄၅ ကျပ်
မကွေးမြို့ – ဓာတ်ဆီ (92) တစ်လီတာ ၁၃၈၅ ကျပ်၊ (95) တစ်လီတာ ၁၄၉၀ ကျပ်၊ ဒီဇယ်ဆီ တစ်လီတာ ၁၃၅၀ ကျပ်နှင့် ပရီမီယမ်ဒီဇယ်ဆီ တစ်လီတာ ၁၃၈၀ ကျပ်
တောင်ကြီးမြို့ – ဓာတ်ဆီ (92) တစ်လီတာ ၁၄၁၀ ကျပ်၊ (95) တစ်လီတာ ၁၅၃၀ ကျပ်၊ ဒီဇယ်ဆီ တစ်လီတာ ၁၃၆၀ ကျပ်နှင့် ပရီမီယမ်ဒီဇယ်ဆီ တစ်လီတာ ၁၃၉၀ ကျပ်
မွန်ပြည်နယ် မော်လမြိုင်မြို့ – ဓာတ်ဆီ (92) တစ်လီတာ ၁၃၇၅ ကျပ်၊ (95) တစ်လီတာ ၁၄၇၅ ကျပ်၊ ဒီဇယ်ဆီ တစ်လီတာ ၁၃၄၅ ကျပ်နှင့် ပရီမီယမ်ဒီဇယ်ဆီ တစ်လီတာ ၁၃၆၀ ကျပ်
ဧရာဝတီတိုင်း ပုသိမ်မြို့ – ဓာတ်ဆီ (92) တစ်လီတာ ၁၃၆၅ ကျပ်၊ (95) တစ်လီတာ ၁၄၆၅ ကျပ်၊ ဒီဇယ်ဆီ တစ်လီတာ ၁၃၃၅ ကျပ်နှင့် ပရီမီယမ်ဒီဇယ်ဆီ တစ်လီတာ ၁၃၅၀ ကျပ်
ကချင်ပြည်နယ် ဗန်းမော်မြို့– ဓာတ်ဆီ (92) တစ်လီတာ ၁၄၆၅ ကျပ်၊ (95) တစ်လီတာ ၁၅၇၀ ကျပ်၊ ဒီဇယ်ဆီ တစ်လီတာ ၁၄၁၀ ကျပ်နှင့် ပရီမီယမ်ဒီဇယ်ဆီ တစ်လီတာ ၁၄၃၅ ကျပ်
နိုဝင်ဘာလ ၂၆ ရက်နေ့ နံနက်ခင်းပေါက်ဈေးများဖြစ်ပြီး အချိန်နှင့်အမျှအပြောင်းအလဲရှိနိုင်ပါသည်။
Be the first to comment on "အမေရိကန် ဒေါ်လာခွဲတမ်းဖြင့် ပြန်လည်ရောင်းချပေးနေပေမယ့် ဈေးမကျဘဲ ဈေးနှုန်းအမြင့်ပိုင်းတွင် ဆက်ရှိနေတဲ့ စက်သုံးဆီဈေး"