ရန်ကုန်မြို့၊ မြန်မာပလာဇာတွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲတစ်ခု ယနေ့ ညနေပိုင်းတွင် ပြုလုပ်ခဲ့ပြီး ဆန္ဒပြကြသည့် လူငယ် ၂ ဦးကို ပလာဇာ လုံခြုံရေးဝန်ထမ်းများ ဝိုင်းဝန်းထိုးကြိတ်ဖမ်းဆီးခဲ့သော်လည်း လူငယ် ၂ ဦး ထွက်ပြေး ပြန်လည် လွတ်မြောက်လာကြောင်း သိရှိရသည်။
ယနေ့ ညနေပိုင်းတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတစ်ခု မြန်မာပလာဇာအတွင်းတွင် လုပ်ဆောင်ခဲ့ကြကြောင်း၊ ဆန္ဒပြပွဲအပြီးတွင် လူငယ် ၂ ဦးကို ပလာဇာ လုံခြုံရေးဝန်ထမ်းများက ထိုးကြိတ် ဖမ်းဆီးခဲ့ကြကြောင်း၊ သို့ရာတွင် လူငယ် ၂ ဦးက ရုန်းကန် ထွက်ပြေးလွတ်မြောက်လာကြကြောင်း သိရှိရသည်။
“လူငယ် ၂ ဦးကို ဖမ်းသွားပေမယ့် အတင်းရုန်းကန်ပြီး ပြန်လွတ်လာပါတယ်။ လူငယ် ၁ ဦးက အခု ဆေးခန်း ပြနေရတယ်။ ပလာဇာ လုံခြုံရေးဝန်ထမ်းက ဖြတ်ကန်ပြီး ဖမ်းတာကြောင့်လို့ပြောတယ်” ဟု ဖြစ်စဉ်ကို သိရှိထားသူတစ်ဦးက ပြောသည်။
ယခုဖြစ်စဉ်ကြောင့် မြန်မာပလာဇာအတွင်းရှိ စီးပွားရေး လုပ်ငန်းရှင်များကလည်း ယင်းတို့၏ ဆိုင်များကို စတင်ပိတ်သိမ်းကုန်ကြပြီဖြစ်ပါတယ်။
ရန်ကုန်မြို့အတွင်း အငှားယာဉ်ပြေးဆွဲနေသည့် တက္ကစီသမားများမှ မြန်မာပလာဇာကို သပိတ်မှောက်သည့်အနေဖြင့် မြန်မာပလာဇာသို့ ပို့ဆောင်ပေးရန် ငှားရမ်းလာပါက လိုက်ပါပို့ဆောင်တော့မည်မဟုတ်ကြောင်း ရန်ကုန်မြို့ တွင်း တက္ကစီအသိုင်းအဝိုင်းထံကသိရသည်။
ယနေ့ ညနေပိုင်းက မြန်မာပလာဇာအတွင်း ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်နှင့်ပတ်သက်၍ အငှားယာဉ်မောင်းများမှ စ တင်သပိတ်မှောက်သည့်အနေဖြင့် လုပ်ဆောင်ခြင်းဖြစ် ကြောင်း သိရသည်။
” ကျနော်တို့ တက္ကစီ သမားတွေ စုထားတဲ့ ဂရုက ရန်ကုန်မှာ ၆ ခုလောက်ရှိတယ်။ ဒီညနေ မြန်မာပလာဇာလုပ်တာတော့ တော်တော့ကို ဆိုးလွန်းတယ်။ ဆန္ဒပြလို့မရဘူးလို့ လူငယ်တွေကို တားမယ်ဆိုလည်း ယဉ်ယဉ်ကျေးကျေး လုပ်သင့်ပါတယ်။ ဒီအပေါ်ကျနော်တ်ု့လုံးဝမကျေနပ်ဘူး။
အခုကျနော်တို့ တက္ကစီ မောင်းတဲ့သူ အများစု စုပြီးဆုံးဖြတ်လိုက်တယ်။ ဘယ်ခရီးသည်မှ မြန်မာပလာဇာဆို လိုက်မပို့တော့ဘူး။ အဲ့နားလည်း ခရီး သည်ငှားရင်မတင်ဘူး။ ဂိတ်မထိုးတော့ဘူး။
သူတို့ မြန်မာပလာဇာနဲ့ လုံးဝ မပက်သက်တော့ဘဲ သပိတ်မှောက်မယ်။” ရန်ကုန်မြို့တွင်း အငှားယာဉ် ၄ စီးတည်ထောင်ထားသူ လုပ်ငန်းရှင်တဦးက ပြောဆိုကြောင်း ဧရာဝတီတိုင်းမ်သတင်းမှာ ဖော်ပြထားပါတယ်။
ထို့ပြင် ” မြန်မာပလာဇာကို မည်သည့်ခရီးသည်မှလိုက်မပို့တော့ပါ ” ဟု ဆိုသည့် စာသားများ ရန်ကုန်မြို့တွင်း အငှားယာဉ်မောင်းအချို့မှ ၎င်းတို့၏ ဖေ့ဘွတ်လူမှုကွန် ယက်စာမျက် နှာများတွင်လည်း ရေးသားထားကြသည်။
ယနေ့ ညနေပိုင်းက စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြ သည့် လူငယ်များမှ မြန်မာပလာဇာအတွင်း ငြိမ်းချမ်းစွာဆန္ဒပြမှုအား ပလာဇာလုံခြုံရေးဝန် ထမ်း များက အုပ်စုလိုက်အင်အားအများအပြားဖြင့် ထိုးကြိတ်ဖြိုခွင်းခဲ့ပြီး စစ်ကောင်စီထံဆက်သွယ် တိုင်ကြားခဲ့ကြောင်း သိရသည်။
သပိတ်ပြုလုပ်နေစဉ် ဆန္ဒပြ လူငယ် ၂ ဦးကို ပလာဇာ လုံခြုံရေးဝန်ထမ်းများက ဝိုင်းဝန်းထိုးကြိတ်ဖမ်းဆီးရာ လူငယ် ၂ ဦး ထွက်ပြေးလွတ်မြောက်လာကြောင်းသိရပါတယ်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ရန်ကုန်မြို့ခံများ အပြင် နိုင်ငံတဝန်းပြည်သူလူထုမှ မြန်မာပလာဇာနှင့်ပလာဇာဝန်ထမ်းများအပေါ် ဝေဖန်မှုများ မြင့်တက်နေပြီး မြန်မာပလာဇာအား ကဏ္ဍအသီးသီးမှ သပိတ်မှောက်မှုများပြု လုပ်ကြရန် ကမ်ပိန်းများဖိတ်ခေါ်နေချိန်တွင် ရန်ကုန်မြို့တွင်း တက္ကစီသမားများမှ စတင်ပြုလုပ်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
ယင်းနောက်ပိုင်းတွင် လူမှုကွန်ယက် ဖေ့ဘွတ်စ်ပေါ်တွင် မြန်မာပလာဇာကို Social Punishment ပြုလုပ်သည့် မှတ်ချက်များ တွေ့လာရပြီးနောက် မြန်မာပလာဇာအုပ်ချုပ်ရေးရုံးအဖွဲ့က ယခုဖြစ်ရပ်ကိုသေချာစွာသုံးသပ်ပြီး
ထိုသို့ မလျော်မကန်သောအပြုအမူများ ထပ်မံမဖြစ်ပွားစေရန် တာဝန်ရှိသူများကို ပိုမိုတင်းကျပ်သော စည်းမျဉ်းစည်းကမ်းများနှင့် တာဝန်ခံမှုများကို တိုးမြှင့်သွားမည်ဖြစ်ကြောင်း၊ မြန်မာပလာဇာမှ အနူးအညွတ်တောင်းပန်ကြောင်း ထုတ်ပြန်ထားသည်။
Be the first to comment on "မြန်မာပလာဇာကို စီးပွားရေး လုပ်ငန်များအပြင် တက္ကစီသမားများကပါ သပိတ်မှောက်ပြီ"