Squid Game ဇာတ်ကား မြောက်ကိုရီးယားသို့ ခိုးသွင်းသူ သေဒဏ်ချခံရ၊ ကြည့်သူ ကျောင်းသား ၇ ဦးအား အလုပ်နှင့်ထောင်ဒဏ်ချမှတ်

Squid Game ဇာတ်ကား မြောက်ကိုရီးယားသို့ ခိုးသွင်းသူ သေဒဏ်ချခံရ၊ ကြည့်သူ ကျောင်းသား ၇ ဦးအား အလုပ်နှင့်ထောင်ဒဏ်ချ

နာမည်ကျော် တောင်ကိုရီးယား ရုပ်သံဇာတ်လမ်းတွဲ Squid Game အား မြောက်ကိုရီးယားသို့ ခိုးသွင်းသူ အမျိုးသားတစ်ဦးအား မြောက်ကိုရီးယား အာဏာပိုင်တို့က သေဒဏ်ချမှတ်လိုက်ပြီး၊

ယင်းခိုးကူးဇာတ်လမ်းကိုကြည့်ရှုကြသူ ကျောင်းသား ၇ ဦးအား အလုပ်နှင့်ထောင်ဒဏ်များအသီးသီး ချမှတ်လိုက်ကြောင်း နိုင်ငံတကာ သတင်းဌာနများကရေးသားကြသည်။

“ရုပ်သံဇာတ်လမ်းတွဲဖိုင်များထည့်သွင်းထားသော memory stick ကို ဝယ်ယူသူ ကျောင်းသားအား ထောင်ဒဏ် တစ်သက်အပြစ်ပေးလိုက်ပြီး၊ ကြည့်ရှုသူ

အခြားကျောင်းသား ၆ ဦးကိုမူ အလုပ်နှင့်ထောင်ဒဏ် ၅ နှစ်စီ အပြစ်ပေးလိုက်ခြင်းဖြစ်ကြောင်း”ယင်းသတင်းများဝယ်ရေးသားထားကြသည်။

ယင်းသည် မြောက်ကိုရီးယားနိုင်ငံ၏ ဥပဒေအရ “ဖောက်ပြန်သောအတွေးနှင့် ဖောက်ပြန်သော ယဉ်ကျေးမှုကို ဖယ်ရှားခြင်း”ဖြစ်ကြောင်း သိရသည်။

Popular News Journal

ကိုးကား – North Korea Sentences Man to Death for Smuggling Copies of Squid Game(Yahoo News)

———– 







Popular News Journal


Be the first to comment on "Squid Game ဇာတ်ကား မြောက်ကိုရီးယားသို့ ခိုးသွင်းသူ သေဒဏ်ချခံရ၊ ကြည့်သူ ကျောင်းသား ၇ ဦးအား အလုပ်နှင့်ထောင်ဒဏ်ချမှတ်"

Leave a comment

Your email address will not be published.


*