ဒုဗိုလ်ချုပ်ကြီးစိန်ဝင်းနဲ့ ဒုဗိုလ်ချုပ်ကြီးရဲအောင် ကို စစ်တပ်မှ အငြိမ်းစားပေး

NLD အစိုးရလက်ထက်က ကာကွယ်ရေးဝန်ကြီးတာဝန်ယူခဲ့တဲ့ ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်းနဲ့ နယ်စပ်ရေးရာဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် ကို စစ်တပ်က အငြိမ်းစားပေးလိုက်ပါတယ်။

သူတို့နှစ်ဦးဟာ အာဏာသိမ်းစစ်ကောင်စီမှာ မပါလာဘဲ ဖေဖော်ဝါရီ ၁ ရက်ကတည်းက ငြိမ်းချမ်းရေးဆွေးနွေးမှုကော်မတီကို ပြောင်းရွှေ့ခံထားရတာ ဖြစ်ပါတယ်။

အငြိမ်းစားယူပြီးတဲ့နောက် ဒုဗိုလ်ချုပ်ကြီးစိန်ဝင်းဟာ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ရဲ့ ဥက္ကဋ္ဌ ဖြစ်လာမှာဖြစ်တယ်လို့ နေပြည်တော်ကသတင်းအရင်းအမြစ်တွေက ဘီဘီစီကိုပြောပါတယ်။

၂၀၂၀ ရွေးကောက်ပွဲအလွန်မှာ တပ်က တင်သွင်းမယ့် ဒုတိယသမ္မတအဖြစ် နာမည်ထွက်ခဲ့ပေမယ့် အာဏာသိမ်းမှုဖြစ်ပွားခဲ့တာကြောင့် ကာကွယ်ရေးဝန်ကြီးနေရာကိုပါ ဗိုလ်ချုပ်ကြီး မြထွန်းဦးကို လွှဲပေးခဲ့ရပါတယ်။

ပြည်ထဲရေးဝန်ကြီးဟောင်း ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေလည်း အငြိမ်းစားပေးခံရပြီးဖြစ်လို့ NLD အစိုးရလက်ထက် တပ်ဝန်ကြီး ၃ ဦးလုံး အငြိမ်းစားယူသွားကြပြီလည်းဖြစ်ပါတယ်။

ဒါပေမဲ့ အသက် ၆၅ နှစ် ကျော်နေပြီဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ ကာကွယ်ရေးဌာနကောင်စီ ညွှန်ကြားလွှာ ၁/၂၀၂၁ ကို ထုတ်ပြန်ပြီး တပ်ချုပ်ရာထူးနေရာကို ဆက်ယူထားပါတယ်။

ဘီဘီစီ

————- 

NLD အစိုးရလက္ထက္က ကာကြယ္ေရးဝန္ႀကီးတာဝန္ယူခဲ့တဲ့ ဒုတိယဗိုလ္ခ်ဳပ္ႀကီးစိန္ဝင္းနဲ႔ နယ္စပ္ေရးရာဝန္ႀကီး ဒုတိယဗိုလ္ခ်ဳပ္ႀကီးရဲေအာင္ ကို စစ္တပ္က အၿငိမ္းစားေပးလိုက္ပါတယ္။

သူတို႔ႏွစ္ဦးဟာ အာဏာသိမ္းစစ္ေကာင္စီမွာ မပါလာဘဲ ေဖေဖာ္ဝါရီ ၁ ရက္ကတည္းက ၿငိမ္းခ်မ္းေရးေဆြးေႏြးမႈေကာ္မတီကို ေျပာင္းေ႐ႊ႕ခံထားရတာ ျဖစ္ပါတယ္။

အၿငိမ္းစားယူၿပီးတဲ့ေနာက္ ဒုဗိုလ္ခ်ဳပ္ႀကီးစိန္ဝင္းဟာ ျမန္မာႏိုင္ငံစစ္မႈထမ္းေဟာင္းအဖြဲ႕ ရဲ႕ ဥကၠ႒ ျဖစ္လာမွာျဖစ္တယ္လို႔ ေနျပည္ေတာ္ကသတင္းအရင္းအျမစ္ေတြက ဘီဘီစီကိုေျပာပါတယ္။

၂၀၂၀ ေ႐ြးေကာက္ပြဲအလြန္မွာ တပ္က တင္သြင္းမယ့္ ဒုတိယသမၼတအျဖစ္ နာမည္ထြက္ခဲ့ေပမယ့္ အာဏာသိမ္းမႈျဖစ္ပြားခဲ့တာေၾကာင့္ ကာကြယ္ေရးဝန္ႀကီးေနရာကိုပါ ဗိုလ္ခ်ဳပ္ႀကီး ျမထြန္းဦးကို လႊဲေပးခဲ့ရပါတယ္။

ျပည္ထဲေရးဝန္ႀကီးေဟာင္း ဒုတိယဗိုလ္ခ်ဳပ္ႀကီးေက်ာ္ေဆြလည္း အၿငိမ္းစားေပးခံရၿပီးျဖစ္လို႔ NLD အစိုးရလက္ထက္ တပ္ဝန္ႀကီး ၃ ဦးလုံး အၿငိမ္းစားယူသြားၾကၿပီလည္းျဖစ္ပါတယ္။

ဒါေပမဲ့ အသက္ ၆၅ ႏွစ္ ေက်ာ္ေနၿပီျဖစ္တဲ့ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ကေတာ့ ကာကြယ္ေရးဌာနေကာင္စီ ၫႊန္ၾကားလႊာ ၁/၂၀၂၁ ကို ထုတ္ျပန္ၿပီး တပ္ခ်ဳပ္ရာထူးေနရာကို ဆက္ယူထားပါတယ္။

ဘီဘီစီ

Be the first to comment on "ဒုဗိုလ်ချုပ်ကြီးစိန်ဝင်းနဲ့ ဒုဗိုလ်ချုပ်ကြီးရဲအောင် ကို စစ်တပ်မှ အငြိမ်းစားပေး"

Leave a comment

Your email address will not be published.


*