အစည်းအဝေးပွဲများ တက်ရောက်ရေးထက် ပြည်သူပြည်သားများ၏ ရင်ဘက်ထဲကအသံကို သိရှိနားလည်နေဖို့ကသာ ပိုမိုအရေးကြီးကြောင်း မင်းအောင်လှိုင်ပြောကြား
ကမ္ဘာ့နိုင်ငံများတွင် ကျင်းပပြုလုပ်နေသည့် အစည်းအဝေးပွဲများကို ပါဝင်တက်ရောက်ရေးထက် ပြည်သူပြည်သားများ၏ ရင်ဘက်ထဲကအသံကို
သိရှိနားလည်နေဖို့ကသာ အရေးကြီးကြောင်း ကာကွယ်ရေးဦးစီးချုပ် ဗိုလ်မင်းအောင်လှိုင်မှ တုံ့ပြန်ပြောကြားထားပါသည်။
အာရှ-ဥရောပ အစည်းအဝေး (ASEM) တွင် မြန်မာနိုင်ငံအနေဖြင့် နိုင်ငံရေးနှင့် မသက်ဆိုင်သူကိုသာ တက်ရောက်စေရန် မြန်မာနိုင်ငံကို အကြောင်းကြားခဲ့ကြောင်း သိရသည်။ ASEAN က မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှု့ကြောင့်ဖြစ်သည့်
ဖရိုဖရဲအခြေအနေများကြောင့် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ကို အစည်းအဝေးများတွင် ဖယ်ထုတ်ထားရန် ဆုံးဖြတ်ခဲ့ပြီးနောက် ယခုအစည်းအဝေးတွင် ထိုအတိုင်း ဆက်လက်ဆုံးဖြတ်ခြင်းဖြစ်သည်။
ကြာသပတေးနေ့တွင် ဗီဒီယိုဖြင့် ကျင်းပသည့် နှစ်ရက်ကြာ အာရှနှင့် ဥရောပမှ ခေါင်းဆောင်များထိပ်သီးဆွေးနွေးပွဲသို့ တက်ရောက်္မည် မဟုတ်ကြောင်း
မြန်မာစစ်ကောင်စီက အိမ်ရှင် ကမ္ဘောဒီးယား နိုင်ငံသို့ အကြောင်းကြားသည်ဟု အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) သတင်းရင်းမြစ်များပြောထားပါေသးသည်။
ASEAN တွင် ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်္ကာပူ၊ ထိုင်းနှင့် ဗီယက်နမ်တို့ပါဝင်သည်။
————
အစည္းအေဝးပြဲမ်ား တက္ေရာက္ေရးထက္ ျပည္သူျပည္သားမ်ား၏ ရင္ဘက္ထဲကအသံကို သိရွိနားလည္ေနဖို႔ကသာ ပိုမိုအေရးႀကီးေၾကာင္း မင္းေအာင္လႈိင္ေျပာၾကား
ကမာၻ႔ႏိုင္ငံမ်ားတြင္ က်င္းပျပဳလုပ္ေနသည့္ အစည္းအေဝးပြဲမ်ားကို ပါဝင္တက္ေရာက္ေရးထက္ ျပည္သူျပည္သားမ်ား၏ ရင္ဘက္ထဲကအသံကို
သိရွိနားလည္ေနဖို႔ကသာ အေရးႀကီးေၾကာင္း ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္မင္းေအာင္လႈိင္မွ တုံ႔ျပန္ေျပာၾကားထားပါသည္။
အာရွ-ဥေရာပ အစည္းအေဝး (ASEM) တြင္ ျမန္မာႏိုင္ငံအေနျဖင့္ ႏိုင္ငံေရးႏွင့္ မသက္ဆိုင္သူကိုသာ တက္ေရာက္ေစရန္ ျမန္မာႏိုင္ငံကို အေၾကာင္းၾကားခဲ့ေၾကာင္း သိရသည္။ ASEAN က ျမန္မာႏိုင္ငံတြင္ စစ္အာဏာသိမ္းမႈ႕ေၾကာင့္ျဖစ္သည့္
ဖ႐ိုဖရဲအေျခအေနမ်ားေၾကာင့္ စစ္ေကာင္စီေခါင္းေဆာင္ မင္းေအာင္လႈိင္ကို အစည္းအေဝးမ်ားတြင္ ဖယ္ထုတ္ထားရန္ ဆုံးျဖတ္ခဲ့ၿပီးေနာက္ ယခုအစည္းအေဝးတြင္ ထိုအတိုင္း ဆက္လက္ဆုံးျဖတ္ျခင္းျဖစ္သည္။
ၾကာသပေတးေန႔တြင္ ဗီဒီယိုျဖင့္ က်င္းပသည့္ ႏွစ္ရက္ၾကာ အာရွႏွင့္ ဥေရာပမွ ေခါင္းေဆာင္မ်ားထိပ္သီးေဆြးေႏြးပြဲသို႔ တက္ေရာက္ၼည္ မဟုတ္ေၾကာင္း
ျမန္မာစစ္ေကာင္စီက အိမ္ရွင္ ကေမာၻဒီးယား ႏိုင္ငံသို႔ အေၾကာင္းၾကားသည္ဟု အေရွ႕ေတာင္အာရွႏိုင္ငံမ်ားအသင္း (ASEAN) သတင္းရင္းျမစ္မ်ားေျပာထားပါေသးသည္။
ASEAN တြင္ ဘ႐ူႏိုင္း၊ ကေမာၻဒီးယား၊ အင္ဒိုနီးရွား၊ လာအို၊ မေလးရွား၊ ျမန္မာ၊ ဖိလစ္ပိုင္၊ စကၤာပူ၊ ထိုင္းႏွင့္ ဗီယက္နမ္တို႔ပါဝင္သည္။
Be the first to comment on "အစည်းအဝေးပွဲများ တက်ရောက်ရေးထက် ပြည်သူများ၏ ရင်ဘက်ထဲကအသံကို သိရှိနားလည်နေဖို့ကသာ ပိုမိုအရေးကြီးကြောင်း မင်းအောင်လှိုင်ပြောကြား"