မှတ်ပုံမတင်ထားတဲ့ ပရဟိတအသင်းတွေ မှတ်ပုံတင်ဖို့နှင့် လိုင်စင်မဲ့ကားတွေ မသုံးကြဖို့ ရန်ကုန်တိုင်းအစိုးရ ညွှန်ကြားဟု သိရ

မှတ်ပုံမတင်ထားတဲ့ ပရဟိတအသင်းတွေ မှတ်ပုံတင်ဖို့နှင့် လိုင်စင်မဲ့ကားတွေ မသုံးကြဖို့ ရန်ကုန်တိုင်းအစိုးရ ညွှန်ကြားဟုဆို

လိုင်စင်မဲ့ကားတွေကို ပရဟိတအသင်းတွေအနေနဲ့ မသုံးကြဖို့နဲ့ မှတ်ပုံမတင်ထားတဲ့ ပရဟိတအသင်းတွေမှတ်ပုံတင်ဖို့ ရန်ကုန်တိုင်းအစိုးရက ညွှန်ကြားစာတစ်စောင်ထုတ်ပြန်ထားပါတယ်။

မှတ်ပုံမတင်တဲ့ ပရဟိတအသင်းတွေကို ဖျက်သိမ်းဖို့လည်းညွှန်ကြားစာထဲဖော်ပြထားပါတယ်။

ထုတ်ပြန်လိုက်တဲ့ ညွှန်ကြားစာနှင့်ပတ်သက်ပြီး ရန်ကုန်တိုင်းအစိုးရအဖွဲ့ဝင်တစ်ဦးကအတည်ပြုပြောကြားပြီး လိုင်စင်မဲ့ကားတွေအသုံးပြုတာက တရားမဝင်ဘူးလို့ လည်းဆိုပါတယ်။

ရှင်သန်ရေးလူမှုကူညီရေးအသင်း ဥက္ကဌက “ညွှန်ကြားစာထွက်ထားတာကဟုတ်တယ်။ ဖြစ်လည်းဖြစ်သင့်ပါတယ် နာမည်ရှိနေတဲ့ပရဟိတအ သင်းတွေကများနေပြီး တကယ်အလုပ်လုပ်တဲ့ အသင်းတွေကအနည်းအကျဉ်းပဲရှိတယ်။အဲဒါတွေကိုစီစစ်လိုက်တာပါ ပိုကောင်းသွားတယ်။

တစ်ချို့ပရဟိတအသင်းတွေကြတော့ နာမည်ပဲရှိနေပြီး ဦးဆောင်မဲ့သူမရှိတာရယ် အသက်တွေကြီးသွားကြတာရယ်ကြောင့် မလုပ်ကြတော့ဘူး။လိုင်စင်မရှိတဲ့ပရဟိတကားတွေကိုလည်း မြို့နယ်လိုင်စင်ထုတ်ပေးမယ်။တိုင်းလိုင်စင်ကိုတော့ပြန်လျှောက်ပေါ့လိုင်စင်မဲ့ ပရဟိတကားတွေက YRO လိုင်စင်နဲ့ပဲ လတ်တလောကူညီတာတွေလုပ်ပေးနေကြရတယ်။

အချို့တွေရဲ့ ပရဟိတဗန်းပြပြီး လူကုန်ကူးမှုအပါအဝင်ဒုစရိုက်မှုတွေကို ကျူးလွန်နေတဲ့ မှတ်တမ်းတွေရထားတာကြောင့်အခုလိုမျိုးစီစစ်လုပ်ဆောင်ရတာဖြစ်တယ်”လို့ ပေါ်ပြူလာသတင်းဌာနကို ပြောဆိုထားတာတွေ့ရပါတယ်။

ပရဟိတအသင်းတွေအနေနဲ့ ကိုဗစ်ကာလမှာ လိုအပ်ချက်အရအများအပြားပေါ်ပေါက်လာခဲ့ပြီး လူမှုကူညီကယ်ဆယ်ရေးလုပ်ငန်းများကို လုပ်ကိုင်ခဲ့ကြတာဖြစ်ပြီး ယခုလိုထုတ်ပြန်ချက်ကြောင့် လှိုင်သာယာရှိ ပရဟိတအသင်းများအားလုံး ရပ်နားသွားခဲ့တယ်လို့လည်း သိရပါတယ်။

———– 

မွတ္ပုံမတင္ထားတဲ့ ပရဟိတအသင္းေတြ မွတ္ပုံတင္ဖို႔ႏွင့္ လိုင္စင္မဲ့ကားေတြ မသုံးၾကဖို႔ ရန္ကုန္တိုင္းအစိုးရ ၫႊန္ၾကားဟုဆို

လိုင္စင္မဲ့ကားေတြကို ပရဟိတအသင္းေတြအေနနဲ႔ မသုံးၾကဖို႔နဲ႔ မွတ္ပုံမတင္ထားတဲ့ ပရဟိတအသင္းေတြမွတ္ပုံတင္ဖို႔ ရန္ကုန္တိုင္းအစိုးရက ၫႊန္ၾကားစာတစ္ေစာင္ထုတ္ျပန္ထားပါတယ္။

မွတ္ပုံမတင္တဲ့ ပရဟိတအသင္းေတြကို ဖ်က္သိမ္းဖို႔လည္းၫႊန္ၾကားစာထဲေဖာ္ျပထားပါတယ္။

ထုတ္ျပန္လိုက္တဲ့ ၫႊန္ၾကားစာႏွင့္ပတ္သက္ၿပီး ရန္ကုန္တိုင္းအစိုးရအဖြဲ႕ဝင္တစ္ဦးကအတည္ျပဳေျပာၾကားၿပီး လိုင္စင္မဲ့ကားေတြအသုံးျပဳတာက တရားမဝင္ဘူးလို႔ လည္းဆိုပါတယ္။

ရွင္သန္ေရးလူမႈကူညီေရးအသင္း ဥကၠဌက “ၫႊန္ၾကားစာထြက္ထားတာကဟုတ္တယ္။ ျဖစ္လည္းျဖစ္သင့္ပါတယ္ နာမည္ရွိေနတဲ့ပရဟိတအ သင္းေတြကမ်ားေနၿပီး တကယ္အလုပ္လုပ္တဲ့ အသင္းေတြကအနည္းအက်ဥ္းပဲရွိတယ္။အဲဒါေတြကိုစီစစ္လိုက္တာပါ ပိုေကာင္းသြားတယ္။

တစ္ခ်ိဳ႕ပရဟိတအသင္းေတြၾကေတာ့ နာမည္ပဲရွိေနၿပီး ဦးေဆာင္မဲ့သူမရွိတာရယ္ အသက္ေတြႀကီးသြားၾကတာရယ္ေၾကာင့္ မလုပ္ၾကေတာ့ဘူး။လိုင္စင္မရွိတဲ့ပရဟိတကားေတြကိုလည္း ၿမိဳ႕နယ္လိုင္စင္ထုတ္ေပးမယ္။တိုင္းလိုင္စင္ကိုေတာ့ျပန္ေလွ်ာက္ေပါ့လိုင္စင္မဲ့ ပရဟိတကားေတြက YRO လိုင္စင္နဲ႔ပဲ လတ္တေလာကူညီတာေတြလုပ္ေပးေနၾကရတယ္။

အခ်ိဳ႕ေတြရဲ႕ ပရဟိတဗန္းျပၿပီး လူကုန္ကူးမႈအပါအဝင္ဒုစ႐ိုက္မႈေတြကို က်ဴးလြန္ေနတဲ့ မွတ္တမ္းေတြရထားတာေၾကာင့္အခုလိုမ်ိဳးစီစစ္လုပ္ေဆာင္ရတာျဖစ္တယ္”လို႔ ေပၚျပဴလာသတင္းဌာနကို ေျပာဆိုထားတာေတြ႕ရပါတယ္။

ပရဟိတအသင္းေတြအေနနဲ႔ ကိုဗစ္ကာလမွာ လိုအပ္ခ်က္အရအမ်ားအျပားေပၚေပါက္လာခဲ့ၿပီး လူမႈကူညီကယ္ဆယ္ေရးလုပ္ငန္းမ်ားကို လုပ္ကိုင္ခဲ့ၾကတာျဖစ္ၿပီး ယခုလိုထုတ္ျပန္ခ်က္ေၾကာင့္ လႈိင္သာယာရွိ ပရဟိတအသင္းမ်ားအားလုံး ရပ္နားသြားခဲ့တယ္လို႔လည္း သိရပါတယ္။

Be the first to comment on "မှတ်ပုံမတင်ထားတဲ့ ပရဟိတအသင်းတွေ မှတ်ပုံတင်ဖို့နှင့် လိုင်စင်မဲ့ကားတွေ မသုံးကြဖို့ ရန်ကုန်တိုင်းအစိုးရ ညွှန်ကြားဟု သိရ"

Leave a comment

Your email address will not be published.


*