ပြည်သူ့ဆန္ဒဖြစ်တဲ့ ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ် လျှောက်လှမ်းနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြော
ရန်ကုန်၊ နိုဝင်ဘာ ၂၄
ပြည်သူ့ဆန္ဒဖြစ်တဲ့ ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ် လျှောက်လှမ်းနိုင်ဖို့ ဥပဒေနဲ့အညီ ဆောင်ရွက်ပေးနေတယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုဝင်ဘာ ၂၃ ရက်နေ့က ပြုလုပ်တဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေးမှာ ပြောကြားပါတယ်။
၂၀၂၀ ရွေးကောက်ပွဲအတွင်းက မဲမသမာမှုတွေနဲ့ အရင်အစိုးရလက်ထက်က တာဝန်ရှိသူတွေရဲ့ အဂတိလိုက်စားမှုတွေကို ဖော်ထုတ်အရေးယူဆောင်ရွက်နေပြီး
SAC က ချမှတ်ထားတဲ့ ဦးတည်ချက် ၅ ချက်ကိုလည်း ဥပဒေနဲ့အညီ ဆောင်ရွက်နေတယ်လို့လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်နိုင်က အဲ့ဒီအစည်းအဝေးမှာ ပြောကြားပါတယ်။
ဆက်လက်ပြီးလည်း နိုင်ငံအတွက်လိုအပ်တဲ့ ဥပဒေတွေ ပြဌာန်းပြီး ပြင်ဆင်၊ ဖြည့်စွက်ဖို့ လုပ်ဆောင်တဲ့ နေရာမှာ ပြည်သူတွေ လိုက်နာနိုင်ဖို့ ဘက်ပေါင်းစုံက စဉ်စားပြီး လုပ်ဆောင်ဖို့လိုကြောင်းလည်း ညွှန်ကြားပါတယ်။
ဒါ့အပြင် NUG၊ CRPH၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေကြောင့် SAC လက်အောက်ခံ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ၊ ဝန်ထမ်းတွေနဲ့ တပ်သတင်းပေးတွေ သတ်ဖြတ်ခံရတာတွေ၊ ဖောက်ခွဲမှုတွေနဲ့ လက်နက်ခဲယမ်းတွေကို ဖမ်းဆီးဖို့ဆောင်ရွက်နေပြီး
အဲ့လိုဖမ်းဆီးတဲ့နေရာမှာ ဆောင်ရွက်ပေးနေတဲ့ လုံခြုံရေးအဖွဲ့တွေနဲ့ တာဝန်ရှိသူတွေကို အသိအမှတ်ပြုကြောင်းလည်း ပြောကြားပါတယ်။
Mercury_Media
———-
ျပည္သူ႔ဆႏၵျဖစ္တဲ့ ပါတီစုံဒီမိုကေရစီလမ္းေၾကာင္းေပၚ ေလွ်ာက္လွမ္းႏိုင္ဖို႔ ေဆာင္႐ြက္ေနတယ္လို႔ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ ေျပာ
ရန္ကုန္၊ ႏိုဝင္ဘာ ၂၄
ျပည္သူ႔ဆႏၵျဖစ္တဲ့ ပါတီစုံဒီမိုကေရစီလမ္းေၾကာင္းေပၚ ေလွ်ာက္လွမ္းႏိုင္ဖို႔ ဥပေဒနဲ႔အညီ ေဆာင္႐ြက္ေပးေနတယ္လို႔ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ႏိုဝင္ဘာ ၂၃ ရက္ေန႔က ျပဳလုပ္တဲ့ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ အစည္းအေဝးမွာ ေျပာၾကားပါတယ္။
၂၀၂၀ ေ႐ြးေကာက္ပြဲအတြင္းက မဲမသမာမႈေတြနဲ႔ အရင္အစိုးရလက္ထက္က တာဝန္ရွိသူေတြရဲ႕ အဂတိလိုက္စားမႈေတြကို ေဖာ္ထုတ္အေရးယူေဆာင္႐ြက္ေနၿပီး
SAC က ခ်မွတ္ထားတဲ့ ဦးတည္ခ်က္ ၅ ခ်က္ကိုလည္း ဥပေဒနဲ႔အညီ ေဆာင္႐ြက္ေနတယ္လို႔လည္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္ႏိုင္က အဲ့ဒီအစည္းအေဝးမွာ ေျပာၾကားပါတယ္။
ဆက္လက္ၿပီးလည္း ႏိုင္ငံအတြက္လိုအပ္တဲ့ ဥပေဒေတြ ျပဌာန္းၿပီး ျပင္ဆင္၊ ျဖည့္စြက္ဖို႔ လုပ္ေဆာင္တဲ့ ေနရာမွာ ျပည္သူေတြ လိုက္နာႏိုင္ဖို႔ ဘက္ေပါင္းစုံက စဥ္စားၿပီး လုပ္ေဆာင္ဖို႔လိုေၾကာင္းလည္း ၫႊန္ၾကားပါတယ္။
ဒါ့အျပင္ NUG၊ CRPH၊ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ (PDF) ေတြေၾကာင့္ SAC လက္ေအာက္ခံ လုံၿခဳံေရးတပ္ဖြဲ႕ဝင္ေတြ၊ ဝန္ထမ္းေတြနဲ႔ တပ္သတင္းေပးေတြ သတ္ျဖတ္ခံရတာေတြ၊ ေဖာက္ခြဲမႈေတြနဲ႔ လက္နက္ခဲယမ္းေတြကို ဖမ္းဆီးဖို႔ေဆာင္႐ြက္ေနၿပီး
အဲ့လိုဖမ္းဆီးတဲ့ေနရာမွာ ေဆာင္႐ြက္ေပးေနတဲ့ လုံၿခဳံေရးအဖြဲ႕ေတြနဲ႔ တာဝန္ရွိသူေတြကို အသိအမွတ္ျပဳေၾကာင္းလည္း ေျပာၾကားပါတယ္။
Mercury_Media
Be the first to comment on "ပြည်သူ့ဆန္ဒဖြစ်တဲ့ ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ် လျှောက်လှမ်းနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ စကစခေါင်းဆောင်ပြော"