“NUG က ဟိုပြဒီပြ အမြင်လှအောင် တပ်ရတဲ့ခေါင်းစဉ်တွေကို ဖီးလ်မတက်နဲ့.. မခံစားနဲ့.. တကယ်သုံးမှာက ဗြုန်းဖို့”
NUG Bond ဟာ နာရီပိုင်းအတွင်း ၆သန်းကျော် ရောင်းရပြီလို့ သိရတယ်။ မြန်မာငွေမဟုတ်။ အမေရိကန်ဒေါ်လာ ၆သန်းကျော်။
စလုံးဆို ငွေလွှဲကြတာ ဒင်းကြမ်းဝုန်းဒိုင်းကျဲမို့ Mobile Banking System ကြီးတောင် ဒေါင်းသွားတဲ့ အထိပဲ။
စောက်ပုတို့အနေနဲ့ သူတို့ကို ဘာမှတောင် သွားမလုပ်ရသေးဘူး၊ ဒီသတင်းတွေနဲ့တင် အသဲကို အပ်ဖျားနဲ့ဆွသလို နာမှာ။
ပြည်သူဟာ သူတို့ဖက် နည်းနည်းမှ မရှိတဲ့အပြင် သူတို့ကို ဖယ်ထုတ်ဖို့ ရှိသမျှ ရင်းနေတယ်ဆိုတာကို မျက်ဝါးထင်ထင် မြင်နေရတာ ဒင်းတို့အတွက် ဝဋ်ပဲ။
NUG အနေနဲ့ ပြည်သူရဲ့ စိတ်အားပြင်းပြမှုကို တာဝန်ယူတာဝန်ခံရမှုက ကြီးမားလာမယ်။ Result တစ်ခုကို ပြကိုပြနိုင်မှ ဖြစ်မယ်၊
အရေးတော်ပုံရဲ့ အပြောင်းအလဲကို တဆစ်ချိုးနိုင်မှ ဖြစ်မယ်ဆိုတာ လုံးဝAlert ဖြစ်နေတော့မှာ။ ပြင်းပြင်းထန်ထန် ကြိုးစားရတော့မှာ။
အားလုံးသိချင်ကြတဲ့ မေးခွန်းတစ်ခုက ဒီငွေတွေကို ဘယ်မှာ သုံးမလဲ ဆိုတဲ့မေးခွန်း။ အားလုံးဖြစ်စေချင်တဲ့ အဖြေကလည်း တစ်ခုတည်း။ တကယ်သုံးမှာကလည်း အားလုံးဖြစ်စေချင်တဲ့ နေရာပဲ။ အဲ့ဒါ တကယ်ကို သေချာတယ်။
ဆိုတော့ကာ NUG က ဟိုပြဒီပြ အမြင်လှအောင် တပ်ရတဲ့ခေါင်းစဉ်တွေကို ဖီးလ်မတက်နဲ့။ မခံစားနဲ့။ တကယ်သုံးမှာက ဗြုန်းဖို့။
ပြည်သူရဲ့ ပံ့ပိုးမှု ယုံကြည်မှုက အားတက်စရာ။ နာရီပိုင်းအတွင်း ၆ သန်းကျော်ဆိုတာ မယုံနိုင်လောက်အောင်ပဲ။ ဒါပေမယ့် ငါမပါလို့ ဘာမှမဖြစ်ဘူး မတွေးလိုက်နဲ့နော်။
လျာထားငွေက သန်း ၁၀၀၀။ အခုရနေတာ ၆သန်း။ ကိန်းဂဏန်းတွေကို ယှဉ်ကြည့်လိုက်ရင် ဘယ်လောက်တောင် ထပ်ပါဝင်ကြဖို့ လိုသေးလဲ သိနိုင်တယ်။
အများကြီး လိုသေးတယ်လို့လဲ အားမလျော့နဲ့။ ပြည်ပရောက် မြန်မာ ၇ သန်းဝန်းကျင်ရှိတယ်။ တစ်ယောက်ကို $500 နဲ့ တစ်ခါပဲ ဝယ်ရင်တောင် သန်း၃၅၀၀ ရှိတယ်။
အကုန်လုံး မဝယ်နိုင်လောက်ဘူးဆိုရင် ထက်ဝက်ကျော် လျှော့လိုက်ရင်တောင် ၁၇၅၀သန်း ရှိတယ်။ ဒါဆို
ပြည်တွင်းကလူတွေ ဝယ်စရာမလိုဘူးလားလို့ မေးစရာရှိတယ်။ လိုပါတယ်။ အရှင်းမပါဝင်မယ့်လူတွေ ရှိနေနိုင်သေးလို့ပါပဲ။ မိသားစုတစ်စုလုံး $1000 ပဲ တတ်နိုင်မယ်ဆိုတာတွေ ရှိနေမှာမို့ပါပဲ။
အခုလို တွက်ပြတာက မပြည့်နိုင်မယ့်ပမာဏ မဟုတ်ဘူး။ ဒါပေမယ့် ကြိုးစားမှ ရမယ်ဆိုတာ Highlight လုပ်ချင်တာ။
အခုချက်ချင်းဝယ်မရလို့ စိတ်မညစ်ပါနဲ့။ လောမကြီးပါနဲ့။ ဖြည်းဖြည်းဝယ်ပါ။ တတ်နိုင်ရင်တတ်နိုင်သလောက် ထပ်ခါထပ်ခါ ဝယ်ပါ။
အခုချက်ချင်း အပြုံလိုက် ကူဝယ်ပေးဖို့က နိုင်ငံခြားငွေလွှဲဖြစ်တာမို့ အခက်အခဲတွေ ရှိပါတယ်။ တဖြည်းဖြည်း ကူဝယ်ပေးကြပါလိမ့်မယ်။
စိတ်မပူပါနဲ့။ ဝယ်မယ်လို့သာ ဆုံးဖြတ်ထား။ လူစေ့ရရမယ်။ စိတ်မပြောင်းကြေး၊ သွေးမအေးကြေး။
ဘယ်ပြည်ပကမှ မကူဘဲ ပြည်သူ့အင်အားနဲ့ ဘယ်ကောင်သေရဲလဲဆိုတဲ့ကောင်တွေကို လက်နက်ကိုင်တော်လှန်ရေး ၆ လဝန်းကျင် ကာလအတွင်း
ပြည်သူရဲ့ဆန့်ကျင်ဘက်မှာ ဘယ်ကောင်ရပ်ရဲလဲ မေးပြီ။ သေရဲတဲ့ကောင် ထွက်ခဲ့ဆိုတဲ့ ကောင်တွေကို သဲအိတ်ကြားက မထွက်ရဲအောင် စွမ်းနိုင်ခဲ့ပြီ။
သန်းတစ်ထောင်စာ ဟွာတွေနဲ့ ပြည့်စုံလာတဲ့နေ့ MaALoe တွေကို အမြစ်က ချိုးမှာ။
မြေကြီးကို လက်နဲ့ပုတ်ရင်တောင် လွဲရင်လွဲမယ်။ ဒါက ပြည်သူကပဲ နိုင်မယ့်ပွဲပဲ။
ပန်ဆယ်လို
Be the first to comment on "“NUG က ဟိုပြဒီပြ အမြင်လှအောင် တပ်ရတဲ့ခေါင်းစဉ်တွေကို ဖီးလ်တက် ခံစားမနေပါနဲ့ .. တကယ်သုံးမှာက ဗြုန်းဖို့”လို့ဆိုလိုက်တဲ့ ပန်ဆယ်လို"