လျှပ်စစ်ခရီးသည်တင်ကားတွေ ပြည်တွင်းဈေးကွက်မှာ ထုတ်လုပ်ဖြန့်ချိနိုင်ဖို့ SAC စီစဉ်နေ
ရန်ကုန်၊ နိုဝင်ဘာ ၂၃
လျှပ်စစ်ခရီးသည်တင်ကား (E-Bus) တွေ ပြည်တွင်းဈေးကွက်မှာ ထုတ်လုပ်ဖြန့်ချိနိုင်ဖို့အတွက် SAC လက်အောက်ခံ ရင်းနှီးမြှုပ်နှံမှုနှင့်
နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက SC Auto (Myanmar) Co., Ltdနဲ့ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
ဝန်ကြီး ဦးအောင်နိုင်ဦးက နိုဝင်ဘာ ၂၂ ရက်နေ့ နေ့လယ်က SC Auto ရဲ့ ဒါရိုက်တာအဖွဲ့နဲ့ ဗီဒီယိုကွန်ဖရင့်နဲ့ တွေ့ဆုံပြီး လျှပ်စစ်ခရီးသည်တင်ကားတွေ ပြည်တွင်းဈေးကွက်မှာ
ထုတ်လုပ်ဖြန့်ချိနိုင်ရေးနဲ့ လိုအပ်တဲ့ ယာဉ်ပစ္စည်းတွေ တင်သွင်းရာမှာ အခက်အခဲမရှိအောင် ဆောင်ရွက်ပေးမယ့် အစီအစဉ်တွေ ဆွေးနွေးခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် SC Auto ရဲ့ မော်တော်ယာဉ်ထုတ်လုပ်မှုအခြေအနေ၊ ပြည်တွင်းဈေးကွက်မှာ ဖြန့်ဖြူးရောင်းချတဲ့ အခြေအနေနဲ့ ထုတ်လုပ်ပြီးတဲ့ လူစီးဘတ်စ်ယာဉ်တွေကို ပြည်ပကို တင်ပို့မယ့် အစီအစဉ်တွေနဲ့ ပတ်သက်လည်း ဆွေးနွေးခဲ့ပါတယ်။
SC Auto ဟာ ရာနှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနဲ့ SC NEUSTAR အမှတ်တံဆိပ် ဥရောပ စံချိန်မီ ခရီးသည်တင်ဘတ်စ်ကားတွေ တပ်ဆင်ထုတ်လုပ်ရောင်းချဖို့ ဆောင်ရွက်နေပြီး
တစ်နှစ်ကို ဘတ်စ်ကားစီးရေ ၆၀၀ အထိ ထုတ်လုပ်နိုင်ကာ ထုတ်လုပ်မှုရဲ့ ၅၀ ရာခိုင်နှုန်းကို အာဆီယံနိုင်ငံတွေကို တင်ပို့နိုင်ဖို့ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
ဒါ့အပြင် စင်္ကာပူနိုင်ငံမှာ လျှပ်စစ်ဘတ်စ်ကားထုတ်လုပ်နိုင်ရေးအတွက် သုတေသနလုပ်ငန်းတွေ ဆောင်ရွက်နေပြီး နောက်နှစ်အနည်းငယ်အတွင်းမှာ မြန်မာနိုင်ငံမှာလည်း လျှပ်စစ်ဘတ်စ်ကားတွေ တပ်ဆင်ထုတ်လုပ်နိုင်ဖို့ ပြင်ဆင်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
ပုံစာ-ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက TYTC Service ကုမ္ပဏီရဲ့ ထုတ်လုပ်ခြင်းလုပ်ငန်းဆောင်ရွက်နေပုံတွေကို လိုက်ကြည့်ရှုစဥ်။
Mercury_Media
———-
လွ်ပ္စစ္ခရီးသည္တင္ကားေတြ ျပည္တြင္းေဈးကြက္မွာ ထုတ္လုပ္ျဖန႔္ခ်ိႏိုင္ဖို႔ SAC စီစဥ္ေန
ရန္ကုန္၊ ႏိုဝင္ဘာ ၂၃
လွ်ပ္စစ္ခရီးသည္တင္ကား (E-Bus) ေတြ ျပည္တြင္းေဈးကြက္မွာ ထုတ္လုပ္ျဖန႔္ခ်ိႏိုင္ဖို႔အတြက္ SAC လက္ေအာက္ခံ ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္
ႏိုင္ငံျခားစီးပြားဆက္သြယ္ေရး ဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ဦးေအာင္ႏိုင္ဦးက SC Auto (Myanmar) Co., Ltdနဲ႔ ေဆြးေႏြးခဲ့တယ္လို႔ သိရပါတယ္။
ဝန္ႀကီး ဦးေအာင္ႏိုင္ဦးက ႏိုဝင္ဘာ ၂၂ ရက္ေန႔ ေန႔လယ္က SC Auto ရဲ႕ ဒါ႐ိုက္တာအဖြဲ႕နဲ႔ ဗီဒီယိုကြန္ဖရင့္နဲ႔ ေတြ႕ဆုံၿပီး လွ်ပ္စစ္ခရီးသည္တင္ကားေတြ ျပည္တြင္းေဈးကြက္မွာ
ထုတ္လုပ္ျဖန႔္ခ်ိႏိုင္ေရးနဲ႔ လိုအပ္တဲ့ ယာဥ္ပစၥည္းေတြ တင္သြင္းရာမွာ အခက္အခဲမရွိေအာင္ ေဆာင္႐ြက္ေပးမယ့္ အစီအစဥ္ေတြ ေဆြးေႏြးခဲ့တာျဖစ္ပါတယ္။
ဒါ့အျပင္ SC Auto ရဲ႕ ေမာ္ေတာ္ယာဥ္ထုတ္လုပ္မႈအေျခအေန၊ ျပည္တြင္းေဈးကြက္မွာ ျဖန႔္ျဖဴးေရာင္းခ်တဲ့ အေျခအေနနဲ႔ ထုတ္လုပ္ၿပီးတဲ့ လူစီးဘတ္စ္ယာဥ္ေတြကို ျပည္ပကို တင္ပို႔မယ့္ အစီအစဥ္ေတြနဲ႔ ပတ္သက္လည္း ေဆြးေႏြးခဲ့ပါတယ္။
SC Auto ဟာ ရာႏႈန္းျပည့္ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈနဲ႔ SC NEUSTAR အမွတ္တံဆိပ္ ဥေရာပ စံခ်ိန္မီ ခရီးသည္တင္ဘတ္စ္ကားေတြ တပ္ဆင္ထုတ္လုပ္ေရာင္းခ်ဖို႔ ေဆာင္႐ြက္ေနၿပီး
တစ္ႏွစ္ကို ဘတ္စ္ကားစီးေရ ၆၀၀ အထိ ထုတ္လုပ္ႏိုင္ကာ ထုတ္လုပ္မႈရဲ႕ ၅၀ ရာခိုင္ႏႈန္းကို အာဆီယံႏိုင္ငံေတြကို တင္ပို႔ႏိုင္ဖို႔ ေဆာင္႐ြက္ေနတယ္လို႔ သိရပါတယ္။
ဒါ့အျပင္ စကၤာပူႏိုင္ငံမွာ လွ်ပ္စစ္ဘတ္စ္ကားထုတ္လုပ္ႏိုင္ေရးအတြက္ သုေတသနလုပ္ငန္းေတြ ေဆာင္႐ြက္ေနၿပီး ေနာက္ႏွစ္အနည္းငယ္အတြင္းမွာ ျမန္မာႏိုင္ငံမွာလည္း လွ်ပ္စစ္ဘတ္စ္ကားေတြ တပ္ဆင္ထုတ္လုပ္ႏိုင္ဖို႔ ျပင္ဆင္ေဆာင္႐ြက္ေနတယ္လို႔ သိရပါတယ္။
ပုံစာ-ျပည္ေထာင္စုဝန္ႀကီး ဦးေအာင္ႏိုင္ဦးက TYTC Service ကုမၸဏီရဲ႕ ထုတ္လုပ္ျခင္းလုပ္ငန္းေဆာင္႐ြက္ေနပုံေတြကို လိုက္ၾကည့္ရႈစဥ္။
Mercury_Media
Be the first to comment on "လျှပ်စစ်ခရီးသည်တင်ကားတွေ ပြည်တွင်းဈေးကွက်မှာ ထုတ်လုပ်ဖြန့်ချိနိုင်ဖို့ SAC စီစဉ်နေဟု ဆို"