အိမ်နီးချင်း နိုင်ငံငယ်တွေကို နိုင့်ထက်စီးနင်း လုပ်မှာမဟုတ်ဘူးလို့ စိနသမ္မတ ပြော

အိမ်နီးချင်းနိုင်ငံငယ်တွေကို နိုင့်ထက်စီးနင်းလုပ်မှာမဟုတ်ဘူးလို့ သမ္မတရှီကျင့်ဖျင်ပြော

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖျင်ဟာ အိမ်နီးချင်းနိုင်ငံငယ်တွေကို နိုင့်ထက်စီးနင်းလုပ်မှာ မဟုတ်ကြောင်း ဒီကနေ့ နို၀င်ဘာ ၂၂ ရက်နေ့မှာ ပြုလုပ်တဲ့ အာဆီယံ-တရုတ်ထိပ်သီးအစည်းအဝေးမှာ ပြောကြားတယ်လို့ သိရပါတယ်။

အဲ့ဒီအစည်းအဝေးကို ဒီကနေ့ နို၀င်ဘာ ၂၂ ရက်နေ့မှာ အွန်လိုင်းကနေကျင်းပပြီး သမ္မတရှီက အာဆီယံ-တရုတ် ဆက်ဆံရေး နှစ် ၃၀ ပြည့် အထိမ်းအမှတ်အဖြစ် မိန့်ခွန်းပြောကြားရင်း ပြောခဲ့တာဖြစ်ပါတယ်။

သမ္မတရှီဟာ တရုတ်အစိုးရအနေနဲ့ အင်အားကြီးမားတာကို အခွင့်ကောင်းယူပြီး အိမ်နီးချင်းနိုင်ငံငယ်တွေကို အနိုင်ကျင့်ပြီး ခြယ်လှယ်တာမျိုး မလုပ်ကြောင်းနဲ့ ကြား၀င်မစွက်ဖက်ရေးကိုသာ လက်ကိုင်ထားမှာ ဖြစ်တယ်လို့ ဆိုထားတာဖြစ်ပါတယ်။

ဆက်လက်ပြီး သမ္မတရှီက အာဆီယံ-တရုတ် ထိပ်သီးအစည်းအဝေးဟာ အဖွဲ့၀င်နိုင်ငံတွေရဲ့ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးတွေမှာ အကူအညီပေးသွားမယ်လို့ပြောကြားပါတယ်။

အဲ့ဒီအစည်းအဝေးမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တက်ခွင့်မပေးဘူးလို့သိရပြီး မြန်မာနိုင်ငံက ကိုယ်စားလှယ်မပါဘဲ ကျင်းပခဲ့တာဖြစ်ပါတယ်။

———- 

အိမ္နီးခ်င္းႏိုင္ငံငယ္ေတြကို ႏိုင့္ထက္စီးနင္းလုပ္မွာမဟုတ္ဘူးလို႔ သမၼတရွီက်င့္ဖ်င္ေျပာ

တ႐ုတ္ႏိုင္ငံ သမၼတ ရွီက်င့္ဖ်င္ဟာ အိမ္နီးခ်င္းႏိုင္ငံငယ္ေတြကို ႏိုင့္ထက္စီးနင္းလုပ္မွာ မဟုတ္ေၾကာင္း ဒီကေန႔ ႏို၀င္ဘာ ၂၂ ရက္ေန႔မွာ ျပဳလုပ္တဲ့ အာဆီယံ-တ႐ုတ္ထိပ္သီးအစည္းအေဝးမွာ ေျပာၾကားတယ္လို႔ သိရပါတယ္။

အဲ့ဒီအစည္းအေဝးကို ဒီကေန႔ ႏို၀င္ဘာ ၂၂ ရက္ေန႔မွာ အြန္လိုင္းကေနက်င္းပၿပီး သမၼတရွီက အာဆီယံ-တ႐ုတ္ ဆက္ဆံေရး ႏွစ္ ၃၀ ျပည့္ အထိမ္းအမွတ္အျဖစ္ မိန္႔ခြန္းေျပာၾကားရင္း ေျပာခဲ့တာျဖစ္ပါတယ္။

သမၼတရွီဟာ တ႐ုတ္အစိုးရအေနနဲ႔ အင္အားႀကီးမားတာကို အခြင့္ေကာင္းယူၿပီး အိမ္နီးခ်င္းႏိုင္ငံငယ္ေတြကို အႏိုင္က်င့္ၿပီး ျခယ္လွယ္တာမ်ိဳး မလုပ္ေၾကာင္းနဲ႔ ၾကား၀င္မစြက္ဖက္ေရးကိုသာ လက္ကိုင္ထားမွာ ျဖစ္တယ္လို႔ ဆိုထားတာျဖစ္ပါတယ္။

ဆက္လက္ၿပီး သမၼတရွီက အာဆီယံ-တ႐ုတ္ ထိပ္သီးအစည္းအေဝးဟာ အဖြဲ႕၀င္ႏိုင္ငံေတြရဲ႕ ၿငိမ္းခ်မ္းေရးနဲ႔ ဖြံ႕ၿဖိဳးတိုးတက္ေရးေတြမွာ အကူအညီေပးသြားမယ္လို႔ေျပာၾကားပါတယ္။

အဲ့ဒီအစည္းအေဝးမွာ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ကို တက္ခြင့္မေပးဘူးလို႔သိရၿပီး ျမန္မာႏိုင္ငံက ကိုယ္စားလွယ္မပါဘဲ က်င္းပခဲ့တာျဖစ္ပါတယ္။

Be the first to comment on "အိမ်နီးချင်း နိုင်ငံငယ်တွေကို နိုင့်ထက်စီးနင်း လုပ်မှာမဟုတ်ဘူးလို့ စိနသမ္မတ ပြော"

Leave a comment

Your email address will not be published.


*