NUG က အထူးငွေတိုက်စာချုပ်တွေကို နိုဝင်ဘာ ၂၂ ရက် ဒီကနေ့ စတင်ရောင်းချရာမှာ ၂ နာရီအတွင်းမှာ အမေရိကန်ဒေါ်လာ ၂ သန်းဖိုး ရောင်းချပြီးသွားပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ စီမံကိန်း ဘဏ္ဍာရေးနှင့် ရင်းနှီးမြှပ်နှံမှုဝန်ကြီးဌာန ဒုဝန်ကြီး ဦးမင်းဇေယျာဦးက ပြောဆိုကြောင်း ဒီဗွီဘီသတင်းမှာ ဖော်ပြထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က နွေဦးတော်လှန်ရေး အထူးငွေတိုက်စာချုပ်တွေကို ဝယ်ယူနိုင်မယ့် ဝက်ဘ်ဆိုက်စာမျက်နှာကို ထုတ်ပြန်လိုက်ပြီး ဒီကနေ့ နိုဝင်ဘာ ၂၂ ရက်မှာ စတင်ထုတ်ဝေရောင်းချနေပါတယ်။
ငွေတိုက်စာချုပ်တွေကိုတော့ ဝက်ဘ်ဆိုက်စာမျက်နှာ https://www.unitedbonds-nug.org/ ပေါ်ကတဆင့် ဝယ်ယူနိုင်မှာဖြစ်ကာ ဝယ်ယူသူရဲ့ ကိုယ်ရေးအချက်အလက်တွေကိုလည်း အထူးလုံခြုံတဲ့ နည်းပညာနဲ့ အာမခံချက်ပေးထားတာကြောင့် စိုးရိမ်ကြောင့်ကြမဖြစ်ဘဲ ယုံယုံကြည်ကြည် ပူးပေါင်းဆောင်ရွက်ကြဖို့ တိုက်တွန်းထားပါတယ်။
ဒါ့အပြင် ဘဏ်ငွေလွှဲစနစ်ကိုလည်း အတတ်နိုင်ဆုံး၊ အစွမ်းကုန် ကြိုးစားပြင်ဆင်ပေးထားတဲ့အတွက် စိတ်ချလုံခြုံစွာ ငွေလွှဲပြောင်းပေးပို့နိုင်တဲ့အပြင် ဝယ်ယူသူ မူလပိုင်ရှင်အပြင် ဆက်ခံသူတစ်စုံတစ်ဦးကိုလည်း အမည်/တော်စပ်ပုံ ဖြည့်သွင်းဆောင်ရွက်ခြင်းနဲ့ စိတ်ချ လုံခြုံမှုကို အပြည့်အဝဆောင်ရွက်နိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။
ငွေတိုက်စာချုပ်တွေကို အမေရိကန်ဒေါ်လာ ၁၀၀၊ ၅၀၀၊ ၁၀၀၀၊ ၅၀၀၀ တန်အမျိုးအစား ၄ မျိုးနဲ့ အတိုးမဲ့ ထုတ်ဝေရောင်းချသွားမယ်လို့ ကြေညာထားပြီး တစ်ဦးချင်း၊ တစ်ယောက်ချင်း စိတ်ကြိုက် ဝယ်ယူနိုင်တဲ့အပြင် အစုအဖွဲ့လိုက် စုပေါင်းစပ်ပေါင်းလည်း ဝယ်ယူနိုင်မယ်လို့ ဆိုပါတယ်။
စာချုပ်သက်တမ်းကိုတော့ ၂ နှစ်သတ်မှတ်ထားကာ သက်တမ်းစေ့ရောက်တဲ့အချိန်မတိုင်ခင်မှာ တဆင့်ပြန်လည်လွှဲပြောင်း၊ ရောင်းချ၊ ဝယ်ယူခွင့်ပြုမှာမဟုတ်ဘဲ သက်တမ်းစေ့ပြီးနောက်မှသာ သတ်မှတ်စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ ဆောင်ရွက်ပိုင်ခွင့်ရှိမှာ ဖြစ်ပါတယ်။
အခုလို အထူးငွေတိုက်စာချုပ်တွေကို တော်လှန်ရေးအစိုးရတရပ်က အတိုးမဲ့ ထုတ်ဝေ ရောင်းချတာဟာ ကမ္ဘာ့သမိုင်းမှာတော့ ပထမဆုံးအကြိမ် ဖြစ်လာခဲ့ပြီး ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို လိုလားတဲ့ မြန်မာပြည်သူတွေက စစ်အာဏာရှင်ကို အဆုံးစွန် ဆန့်ကျင် အာခံတော်လှန်ခဲ့တဲ့ သမိုင်းမော်ကွန်းအဖြစ် ခမ်းနားစွာထင်ရှား ကျန်ရစ်ခဲ့မှာဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် $100 နှင့် $500 တန် bond အော်ဒါများအတွက် ငွေလွှဲရာတွင် အချို့နိုင်ငံများအတွက် ငွေလွှဲခ များ သက်သာစေရန် wise app ကိုလည်း အသုံးပြုနိုင်သည်ဟု ထုတ်ပြန်ထားပါတယ်။
နိုင်ငံတိုင်းက Oversea Transfer ကို ရွေးပေးပါ။ စင်ကာပူမှ ဝယ်တာဆိုလျှင်လည်း ဘွန်းအကောင့်ဟာ USD အကောင့်မို့ Oversea Transfer ကို ရွေးပေးပြီး တခါလွှဲ ၁၉၀၀၀ $ ထက် ပိုမလွှဲပါနှင့်ဟု ဆိုပါတယ်။
အသေးစိတ်သိလိုတာတွေရှိရင်လည်း အီးမေးလ်လိပ်စာ customer-support @ unitedbonds.org ဆီ ဆက်သွယ်မေးမြန်းနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။
———–
NUG က အထူးေငြတိုက္စာခ်ဳပ္ေတြကို ႏိုဝင္ဘာ ၂၂ ရက္ ဒီကေန႔ စတင္ေရာင္းခ်ရာမွာ ၂ နာရီအတြင္းမွာ အေမရိကန္ေဒၚလာ ၂ သန္းဖိုး ေရာင္းခ်ၿပီးသြားၿပီလို႔ အမ်ိဳးသားညီၫြတ္ေရးအစိုးရ စီမံကိန္း ဘ႑ာေရးႏွင့္ ရင္းႏွီးျမႇပ္ႏွံမႈဝန္ႀကီးဌာန ဒုဝန္ႀကီး ဦးမင္းေဇယ်ာဦးက ေျပာဆိုေၾကာင္း ဒီဗြီဘီသတင္းမွာ ေဖာ္ျပထားပါတယ္။
အမ်ိဳးသားညီၫြတ္ေရးအစိုးရ(NUG)က ေႏြဦးေတာ္လွန္ေရး အထူးေငြတိုက္စာခ်ဳပ္ေတြကို ဝယ္ယူႏိုင္မယ့္ ဝက္ဘ္ဆိုက္စာမ်က္ႏွာကို ထုတ္ျပန္လိုက္ၿပီး ဒီကေန႔ ႏိုဝင္ဘာ ၂၂ ရက္မွာ စတင္ထုတ္ေဝေရာင္းခ်ေနပါတယ္။
ေငြတိုက္စာခ်ဳပ္ေတြကိုေတာ့ ဝက္ဘ္ဆိုက္စာမ်က္ႏွာ https://www.unitedbonds-nug.org/ ေပၚကတဆင့္ ဝယ္ယူႏိုင္မွာျဖစ္ကာ ဝယ္ယူသူရဲ႕ ကိုယ္ေရးအခ်က္အလက္ေတြကိုလည္း အထူးလုံၿခဳံတဲ့ နည္းပညာနဲ႔ အာမခံခ်က္ေပးထားတာေၾကာင့္ စိုးရိမ္ေၾကာင့္ၾကမျဖစ္ဘဲ ယုံယုံၾကည္ၾကည္ ပူးေပါင္းေဆာင္႐ြက္ၾကဖို႔ တိုက္တြန္းထားပါတယ္။
ဒါ့အျပင္ ဘဏ္ေငြလႊဲစနစ္ကိုလည္း အတတ္ႏိုင္ဆုံး၊ အစြမ္းကုန္ ႀကိဳးစားျပင္ဆင္ေပးထားတဲ့အတြက္ စိတ္ခ်လုံၿခဳံစြာ ေငြလႊဲေျပာင္းေပးပို႔ႏိုင္တဲ့အျပင္ ဝယ္ယူသူ မူလပိုင္ရွင္အျပင္ ဆက္ခံသူတစ္စုံတစ္ဦးကိုလည္း အမည္/ေတာ္စပ္ပုံ ျဖည့္သြင္းေဆာင္႐ြက္ျခင္းနဲ႔ စိတ္ခ် လုံၿခဳံမႈကို အျပည့္အဝေဆာင္႐ြက္ႏိုင္မွာျဖစ္တယ္လို႔ ဆိုပါတယ္။
ေငြတိုက္စာခ်ဳပ္ေတြကို အေမရိကန္ေဒၚလာ ၁၀၀၊ ၅၀၀၊ ၁၀၀၀၊ ၅၀၀၀ တန္အမ်ိဳးအစား ၄ မ်ိဳးနဲ႔ အတိုးမဲ့ ထုတ္ေဝေရာင္းခ်သြားမယ္လို႔ ေၾကညာထားၿပီး တစ္ဦးခ်င္း၊ တစ္ေယာက္ခ်င္း စိတ္ႀကိဳက္ ဝယ္ယူႏိုင္တဲ့အျပင္ အစုအဖြဲ႕လိုက္ စုေပါင္းစပ္ေပါင္းလည္း ဝယ္ယူႏိုင္မယ္လို႔ ဆိုပါတယ္။
စာခ်ဳပ္သက္တမ္းကိုေတာ့ ၂ ႏွစ္သတ္မွတ္ထားကာ သက္တမ္းေစ့ေရာက္တဲ့အခ်ိန္မတိုင္ခင္မွာ တဆင့္ျပန္လည္လႊဲေျပာင္း၊ ေရာင္းခ်၊ ဝယ္ယူခြင့္ျပဳမွာမဟုတ္ဘဲ သက္တမ္းေစ့ၿပီးေနာက္မွသာ သတ္မွတ္စည္းမ်ဥ္းစည္းကမ္းေတြနဲ႔အညီ ေဆာင္႐ြက္ပိုင္ခြင့္ရွိမွာ ျဖစ္ပါတယ္။
အခုလို အထူးေငြတိုက္စာခ်ဳပ္ေတြကို ေတာ္လွန္ေရးအစိုးရတရပ္က အတိုးမဲ့ ထုတ္ေဝ ေရာင္းခ်တာဟာ ကမာၻ႔သမိုင္းမွာေတာ့ ပထမဆုံးအႀကိမ္ ျဖစ္လာခဲ့ၿပီး ဖက္ဒရယ္ဒီမိုကေရစီစနစ္ကို လိုလားတဲ့ ျမန္မာျပည္သူေတြက စစ္အာဏာရွင္ကို အဆုံးစြန္ ဆန႔္က်င္ အာခံေတာ္လွန္ခဲ့တဲ့ သမိုင္းေမာ္ကြန္းအျဖစ္ ခမ္းနားစြာထင္ရွား က်န္ရစ္ခဲ့မွာျဖစ္တယ္လို႔ ဆိုပါတယ္။
ဒါ့အျပင္ $100 ႏွင့္ $500 တန္ bond ေအာ္ဒါမ်ားအတြက္ ေငြလႊဲရာတြင္ အခ်ိဳ႕ႏိုင္ငံမ်ားအတြက္ ေငြလႊဲခ မ်ား သက္သာေစရန္ wise app ကိုလည္း အသုံးျပဳႏိုင္သည္ဟု ထုတ္ျပန္ထားပါတယ္။
ႏိုင္ငံတိုင္းက Oversea Transfer ကို ေ႐ြးေပးပါ။ စင္ကာပူမွ ဝယ္တာဆိုလွ်င္လည္း ဘြန္းအေကာင့္ဟာ USD အေကာင့္မို႔ Oversea Transfer ကို ေ႐ြးေပးၿပီး တခါလႊဲ ၁၉၀၀၀ $ ထက္ ပိုမလႊဲပါႏွင့္ဟု ဆိုပါတယ္။
အေသးစိတ္သိလိုတာေတြရွိရင္လည္း အီးေမးလ္လိပ္စာ customer-support @ unitedbonds.org ဆီ ဆက္သြယ္ေမးျမန္းႏိုင္တယ္လို႔ ထုတ္ျပန္ထားပါတယ္။
Be the first to comment on "၂ နာရီအတွင်း မထင်ထားလောက်အောင် ရောင်းချခဲ့ရတဲ့ ငွေတိုက်စာချုပ်"