အချိန်အခါမဟုတ် မိုးရွာသွန်းခြင်း မိုးသီးကြွေခြင်းနှင့် BOB cyclone မုန်တိုင်း သတိပေးချက်
၂၀၂၁ ခုနှစ်၊နိုဝင်ဘာလ(၂၂)ရက်နေ့မြန်မာစံတော်ချိန်(၀၈:၀၀)နာရီအချိန် မိုးဇလထုတ်ပြန်ချက်မှာ အချိန်အခါမဟုတ် မိုးရွာသွန်းခြင်းအတွက်သတိပေးထုတ်ပြန်ထားပါတယ်။
မိုးဇလထုတ်ပြန်ချက်အရ “ယနေ့မြန်မာစံတော်ချိန် (၀၆:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ကပ္ပလီပင်လယ်ပြင်နှင့်ဘင်္ဂလားပင်လယ်အော်တို့မှတိုက်ခတ်လာသောလေနွေးများနှင့်
တရုတ်ပြည်မကြီးပေါ်ရှိ လေဖိအားများရပ်ဝန်းမှသွယ်တန်းထိုးဆင်းလာသော လေအေးများတွေ့ဆုံမှုကြောင့်(၂၃.၁၁.၂၀၂၁)ရက်နေ့မှ (၂၇.၁၁.၂၀၂၁)ရက်နေ့အတွင်းနေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး
ပဲခူးတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊တနင်္သာရီတိုင်းဒေသကြီး၊ကချင်ပြည်နယ်၊ရှမ်းပြည်နယ်နှင့်ကယားပြည်နယ်တို့တွင်နေရာကွက်ကျားမှနေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်တယ်”လို့ ထုတ်ပြန်ပေးထားပါတယ်။
အကြံပြုချက်မှာပြည်သူများအနေဖြင့်အချိန်အခါမဟုတ်မိုးရွာခြင်းနှင့်အတူမိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊လျှပ်စီးလက်ခြင်းနှင့်မိုးသီးကြွေခြင်းစသည့်မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနိုင်ပါရန် အကြံပြုထားပါတယ်။
မိုးလေဝသ စုစုစံ ထုတ်ပြန်ချက်အရ ”၂၀၂၁ နိုဝင်ဘာလ ၂၃ရက်နေ့မှ ၂၅ရက်နေ့အတွင်း andaman islandကျွန်းစုအနီးမှာလေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်ပေါ်လာနိုင်ပြီး ၂၇ရက်နေ့မှ ၂၉ရက်နေ့အတွင်းဘင်္ဂလားပင်လယ်အော်တောင်ပိုင်းကိုရောက်ရှိသွားကာ
depression (or) deep depression အဆင်မုန်တိုင်းငယ်တစ်ခုဖြစ်လာနိုင်ပါတယ်၂၃ရက်နေ့မှ ၂၅ရက်နေ့အတွင်း လေဝဲရဲ့အထက်လေစီးကြောင်း 850hpa & 700hpa ရေငွေ့ပါတဲ့လေစီးတွေက
မကွေးတိုင်း မန္တလေးတိုင်းနှင့်ရှမ်းပြည်နယ်တောင်ပိုင်း အရှေ့မြောက်ပိုင်းနှင့်ရှမ်းပြည်နယ်မြောက်ပိုင်းတွေကိုသက်ရောက်လာကာ မိုးအသင့်အတင့်မှဒေသအလိုက်အနည်းအများကွာခြားနိုင်ပေမယ့်မိုးရွာနိုင်ပါတယ်။ ရှမ်းပြည်နယ်အရှေ့မြောက်ပိုင်းနှင့်မြောက်ပိုင်းမိုးကြီးနိုင်ပါတယ်” ဆိုပြီး ခန့်မှန်းပေးထားပါတယ်။
Source – မိုးဇလ & Su Su San
————
အခ်ိန္အခါမဟုတ္ မိုး႐ြာသြန္းျခင္း မိုးသီးေႂကြျခင္းႏွင့္ BOB cyclone မုန္တိုင္းသတိေပးခ်က္
၂၀၂၁ ခုႏွစ္၊ႏိုဝင္ဘာလ(၂၂)ရက္ေန႔ျမန္မာစံေတာ္ခ်ိန္(၀၈:၀၀)နာရီအခ်ိန္ မိုးဇလထုတ္ျပန္ခ်က္မွာ အခ်ိန္အခါမဟုတ္ မိုး႐ြာသြန္းျခင္းအတြက္သတိေပးထုတ္ျပန္ထားပါတယ္။
မိုးဇလထုတ္ျပန္ခ်က္အရ “ယေန႔ျမန္မာစံေတာ္ခ်ိန္ (၀၆:၃၀)နာရီအခ်ိန္ တိုင္းထြာခ်က္မ်ားအရ ကပၸလီပင္လယ္ျပင္ႏွင့္ဘဂၤလားပင္လယ္ေအာ္တို႔မွတိုက္ခတ္လာေသာေလေႏြးမ်ားႏွင့္
တ႐ုတ္ျပည္မႀကီးေပၚရွိ ေလဖိအားမ်ားရပ္ဝန္းမွသြယ္တန္းထိုးဆင္းလာေသာ ေလေအးမ်ားေတြ႕ဆုံမႈေၾကာင့္(၂၃.၁၁.၂၀၂၁)ရက္ေန႔မွ (၂၇.၁၁.၂၀၂၁)ရက္ေန႔အတြင္းေနျပည္ေတာ္၊ စစ္ကိုင္းတိုင္းေဒသႀကီး၊ မႏၲေလးတိုင္းေဒသႀကီး၊မေကြးတိုင္းေဒသႀကီး
ပဲခူးတိုင္းေဒသႀကီး၊ရန္ကုန္တိုင္းေဒသႀကီး၊ ဧရာဝတီတိုင္းေဒသႀကီး၊တနသၤာရီတိုင္းေဒသႀကီး၊ကခ်င္ျပည္နယ္၊ရွမ္းျပည္နယ္ႏွင့္ကယားျပည္နယ္တို႔တြင္ေနရာကြက္က်ားမွေနရာက်ဲက်ဲ မိုးထစ္ခ်ဳန္း႐ြာႏိုင္တယ္”လို႔ ထုတ္ျပန္ေပးထားပါတယ္။
အႀကံျပဳခ်က္မွာျပည္သူမ်ားအေနျဖင့္အခ်ိန္အခါမဟုတ္မိုး႐ြာျခင္းႏွင့္အတူမိုးထစ္ခ်ဳန္းျခင္း၊ မိုးႀကိဳးပစ္ျခင္း၊လွ်ပ္စီးလက္ျခင္းႏွင့္မိုးသီးေႂကြျခင္းစသည့္မိုးေလဝသျဖစ္စဥ္မ်ားျဖစ္ေပၚႏိုင္ပါသျဖင့္ ႀကိဳတင္သတိျပဳႏိုင္ပါရန္ အႀကံျပဳထားပါတယ္။
မိုးေလဝသ စုစုစံ ထုတ္ျပန္ခ်က္အရ ”၂၀၂၁ ႏိုဝင္ဘာလ ၂၃ရက္ေန႔မွ ၂၅ရက္ေန႔အတြင္း andaman islandကြၽန္းစုအနီးမွာေလဖိအားနည္းရပ္ဝန္းတစ္ခုျဖစ္ေပၚလာႏိုင္ၿပီး ၂၇ရက္ေန႔မွ ၂၉ရက္ေန႔အတြင္းဘဂၤလားပင္လယ္ေအာ္ေတာင္ပိုင္းကိုေရာက္ရွိသြားကာ
depression (or) deep depression အဆင္မုန္တိုင္းငယ္တစ္ခုျဖစ္လာႏိုင္ပါတယ္၂၃ရက္ေန႔မွ ၂၅ရက္ေန႔အတြင္း ေလဝဲရဲ႕အထက္ေလစီးေၾကာင္း 850hpa & 700hpa ေရေငြ႕ပါတဲ့ေလစီးေတြက
မေကြးတိုင္း မႏၲေလးတိုင္းႏွင့္ရွမ္းျပည္နယ္ေတာင္ပိုင္း အေရွ႕ေျမာက္ပိုင္းႏွင့္ရွမ္းျပည္နယ္ေျမာက္ပိုင္းေတြကိုသက္ေရာက္လာကာ မိုးအသင့္အတင့္မွေဒသအလိုက္အနည္းအမ်ားကြာျခားႏိုင္ေပမယ့္မိုး႐ြာႏိုင္ပါတယ္။ ရွမ္းျပည္နယ္အေရွ႕ေျမာက္ပိုင္းႏွင့္ေျမာက္ပိုင္းမိုးႀကီးႏိုင္ပါတယ္” ဆိုၿပီး ခန႔္မွန္းေပးထားပါတယ္။
Source – မိုးဇလ & Su Su San
Be the first to comment on "အချိန်အခါမဟုတ် မိုးရွာသွန်းခြင်း မိုးသီးကြွေခြင်းနှင့် BOB cyclone မုန်တိုင်း သတိပေးချက်"